ဆိုးညစ်သောသူတို့မူကား လက်နှင့်ကိုင်၍မရသောဆူးပင်နှင့်တူ၏။ အားလုံးကော်ထုတ်ပစ်ခြင်းခံရမည်။
မဿဲ 13:41 - မြန်မာ့စံမီသမ္မာကျမ်း လူ့သားသည် မိမိ၏ကောင်းကင်တမန်များကိုစေလွှတ်သဖြင့် သူတို့သည် မှားယွင်းစေသောအရာများနှင့် တရားမဲ့သောအမှုကိုပြုသောသူများအားလုံးတို့ကို နိုင်ငံတော်မှ နုတ်ယူပြီးလျှင် Common Language Bible လူသားသည်မိမိ၏ကောင်းကင်တမန်များကိုစေ လွှတ်တော်မူ၍ လူတို့အားမှောက်မှားလမ်းလွဲစေ သူများနှင့်အပြစ်ကူးသူအပေါင်းကိုနိုင်ငံ တော်ထဲကရွေးထုတ်စေပြီးလျှင်၊- Garrad Bible လူ့ သား သည် စေ တ မန် တော် များ ကို လွှတ်၍ နိုင် ငံ တော် ထဲ မှ တိုက် လဲ စေ သော အ ရာ ခပ် သိမ်း နှင့် မ တ ရား ပြု ကျင့် သူ တို့ ကို နုတ် ပြီး လျှင်၊ Judson Bible လူသားသည် မိမိကောင်းကင်တမန်တို့ကို စေလွှတ်ပြီးလျှင်၊ မှားယွင်းစေသောသူတို့နှင့် မတရားသော အမှုကိုပြုသောသူ ရှိသမျှတို့ကို နိုင်ငံတော်ထဲက ရွေးနုတ်၍၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း လူသားသည် မိမိ၏ကောင်းကင်တမန်များကို စေလွှတ်လိမ့်မည်။ ထိုကောင်းကင်တမန်တို့သည် အပြစ်ကျူးလွန်စေသောသူများနှင့် မတရားမှုပြုသူများအားလုံးကို နိုင်ငံတော်မှ ဖယ်ရှားကာ မြန်မာ လူသားသည် မိမိကောင်းကင်တမန်တို့ကို စေလွှတ်ပြီးလျှင်၊ မှားယွင်းစေသောသူတို့နှင့် မတရားသော အမှုကိုပြုသောသူ ရှိသမျှတို့ကို နိုင်ငံတော်ထဲက ရွေးနုတ်၍၊- |
ဆိုးညစ်သောသူတို့မူကား လက်နှင့်ကိုင်၍မရသောဆူးပင်နှင့်တူ၏။ အားလုံးကော်ထုတ်ပစ်ခြင်းခံရမည်။
“လူအပါအဝင် တိရစ္ဆာန်တို့ကို ဖျက်ဆီးပစ်မည်။ မိုးကောင်းကင်ငှက်နှင့် ပင်လယ်ငါးတို့အပါအဝင် တိုက်မိ၍လဲစေမည့်အရာများကို ဆိုးယုတ်သောသူတို့နှင့်အတူ ဖျက်ဆီးပစ်မည်။ ကမ္ဘာမြေပေါ်ရှိလူတို့ကို အမျိုးပြုတ်စေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ကပ်ကမ္ဘာကုန်ဆုံးချိန်၌ ထိုနည်းတူဖြစ်လိမ့်မည်။ ကောင်းကင်တမန်များသည်လာ၍ ဆိုးညစ်သောသူတို့ကို ဖြောင့်မတ်သောသူတို့ထဲမှ သီးခြားခွဲထားကာ
ဤလောကသည် မှားယွင်းစေသောအရာများကြောင့် အမင်္ဂလာရှိ၏။ မှားယွင်းစေသောအရာများသက်ရောက်မည်ကို လွှဲရှောင်၍မရနိုင်။ သို့သော် မှားယွင်းစေသောအရာကို သက်ရောက်စေသောသူသည် အမင်္ဂလာရှိ၏။
ထို့နောက် လူ့သားသည် ကျယ်လောင်သောတံပိုးမှုတ်သံနှင့်အတူ မိမိ၏ကောင်းကင်တမန်တို့ကိုစေလွှတ်သဖြင့် သူတို့သည် ကိုယ်တော်ရွေးကောက်ထားသောသူတို့ကို ကောင်းကင်အစွန်းတစ်ဖက်မှ အခြားအစွန်းတစ်ဖက်တိုင်အောင် အရပ်လေးမျက်နှာမှ စုစည်းကြလိမ့်မည်။
လက်တော်၌လည်း ဆန်ကောကိုကိုင်ထားလျက် မိမိ၏ကောက်နယ်တလင်းကို အကုန်အစင်ရှင်းလင်းပြီး မိမိ၏ဂျုံဆန်ကို ကျီ၌စုသိမ်း၍ အဖျင်းကိုကား မငြိမ်းနိုင်သောမီးဖြင့်ရှို့တော်မူလိမ့်မည်”ဟု ဆိုလေ၏။
ယေရှုကလည်း“မြေခွေးတို့၌ တွင်းရှိကြ၏။ မိုးကောင်းကင်ငှက်တို့၌လည်း အသိုက်ရှိကြ၏။ လူ့သား၌မူကား ခေါင်းချစရာနေရာမရှိ”ဟု မိန့်တော်မူ၏။
ထို့နောက် လူ့သားသည် ကောင်းကင်တမန်တို့ကိုစေလွှတ်၍ မိမိရွေးကောက်ထားသောသူတို့ကို ကမ္ဘာမြေကြီးအစွန်းမှ မိုးကောင်းကင်အစွန်းတိုင်အောင် အရပ်လေးမျက်နှာမှ စုစည်းလိမ့်မည်။
ဤအမှုအရာများသည် ငါဟောပြောသည့်ကောင်းမြတ်သောသတင်းအရ လူတို့၏လျှို့ဝှက်သောအကျင့်အကြံတို့ကို ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်စစ်ဆေးစီရင်တော်မူသောနေ့၌ ဖြစ်လိမ့်မည်။
ကောင်းကင်တမန်အားလုံးတို့သည် ကယ်တင်ခြင်းကိုအမွေဆက်ခံမည့်သူများ၏အမှုကိုဆောင်ရွက်ရန် စေလွှတ်ခြင်းခံရသည့် အစေခံဝိညာဉ်များဖြစ်ကြသည်မဟုတ်လော။
မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှ ထိုမြို့ထဲသို့ဝင်ရလိမ့်မည်မဟုတ်။ ရွံရှာဖွယ်သောအမှုနှင့်လိမ်လည်မှုတို့ကိုပြုကျင့်သောသူသည်လည်း ဝင်ရလိမ့်မည်မဟုတ်။ သိုးသငယ်တော်၏အသက်စာစောင်တွင် စာရင်းဝင်သောသူတို့သာ ဝင်ရကြလိမ့်မည်။