သူသည် အော်ဟစ်မည်မဟုတ်။ ကြွေးကြော်မည်မဟုတ်။ လမ်းပေါ်မှာ သူ့အသံကို ကြားရမည်မဟုတ်။
မဿဲ 12:19 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ငြင်းခုံခြင်းနှင့်အော်ဟစ်ခြင်းကိုပြုမည်မဟုတ်။ သူ၏အသံကိုလည်း လမ်းမပေါ်၌ မည်သူမျှ ကြားရမည်မဟုတ်။ Common Language Bible သို့ရာတွင်သူသည်ငြင်းခုံခြင်း၊သို့မဟုတ် ဟစ်အော်ခြင်းကိုပြုလိမ့်မည်မဟုတ်၊ လမ်းတွင်သူ၏အသံကိုအဘယ်သူမျှ ကြားရလိမ့်မည်မဟုတ်။ Garrad Bible ငြင်း ခုံ မည်၊ ဟစ် ကြော် မည်၊ လမ်း၌ လွှင့် သံ ကြား စေ မည် မ ဟုတ်။ Judson Bible ငြင်းခုံခြင်း၊ ဟစ်ကြော်ခြင်းကို မပြုမူ၍၊ လမ်းခရီး၌ သူ၏အသံကို အဘယ်သူမျှ မကြားစေရ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် ငြင်းခုံခြင်းနှင့် ဟစ်အော်ခြင်းကို မပြု။ သူ၏ အသံကို လမ်းများတွင် မည်သူမျှ ကြားရလိမ့်မည်မဟုတ်။ မြန်မာ ငြင်းခုံခြင်း၊ ဟစ်ကြော်ခြင်းကို မပြုမူ၍၊ လမ်းခရီး၌ သူ၏အသံကို အဘယ်သူမျှ မကြားစေရ။- |
သူသည် အော်ဟစ်မည်မဟုတ်။ ကြွေးကြော်မည်မဟုတ်။ လမ်းပေါ်မှာ သူ့အသံကို ကြားရမည်မဟုတ်။
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
ငါသည် နူးညံ့သိမ်မွေ့လျက် နှိမ့်ချသောစိတ်နှလုံးရှိသောကြောင့် ငါ့ထမ်းပိုးကိုယူ၍ထမ်းကာ ငါ့ထံ၌နည်းခံကြလော့။ ထိုအခါ သင်တို့၏စိတ်ဝိညာဉ်သည် သက်သာရာရလိမ့်မည်။
တရားမျှတမှုကို အောင်မြင်ခြင်းသို့ပို့ဆောင်သည်အထိ သူသည် ကြေနေသောကျူပင်ကိုချိုးမည်မဟုတ်။ တငွေ့ငွေ့လောင်နေသောမီးစာကိုလည်း ငြှိမ်းသတ်မည်မဟုတ်။
တစ်ခါတွင် ဖာရိရှဲတို့က ဘုရားသခင်၏နိုင်ငံတော်သည် မည်သည့်အချိန်၌ပေါ်ထွန်းမည်နည်းဟု မေးလျှောက်ကြသဖြင့် ကိုယ်တော်က“ဘုရားသခင်၏နိုင်ငံတော်သည် မျက်မြင်တွေ့နိုင်သောအရာအဖြစ် ပေါ်ထွန်းမည်မဟုတ်။
သင်တို့နှင့် လူချင်းတွေ့သောအခါ နှိမ့်ချ၍ ကွဲကွာနေစဉ် သင်တို့အပေါ် ရဲဝံ့ပြတ်သားစွာပြုမူတတ်သော ငါပေါလုသည် ခရစ်တော်၏နူးညံ့သိမ်မွေ့ခြင်းနှင့်ညင်သာခြင်းတို့ဖြင့် သင်တို့အား မေတ္တာရပ်ခံပါ၏။