ဉာဏ်ပညာ၏လမ်းများသည် နှစ်လိုဖွယ်သောလမ်းများဖြစ်ကြပြီး ၎င်း၏လမ်းခရီးရှိသမျှတို့သည် ငြိမ်းချမ်းကြ၏။
မဿဲ 11:30 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါ့ထမ်းပိုးသည် ထမ်းရလွယ်၏။ ငါ့ဝန်လည်း ပေါ့၏”ဟု မိန့်တော်မူ၏။ Common Language Bible ငါထမ်းစေသောထမ်းပိုးသည်အထမ်းရလွယ်၍ ငါတင်သောဝန်သည်လည်းပေါ့၏'' ဟုမိန့်တော်မူ သည်။ Garrad Bible ငါ့ ထမ်း ပိုး သည် ထမ်း လွယ် လျက် ငါ့ ဝန် လည်း ပေါ့ သည် ဟူ၍ မိန့် တော် မူ၏။ Judson Bible အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏ဟု မိန့်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ငါ့ထမ်းပိုးသည် ထမ်းလွယ်ပြီး ငါ့ဝန်သည်လည်း ပေါ့သောကြောင့်ဖြစ်၏” ဟု မိန့်တော်မူ၏။ မြန်မာ အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏ဟု မိန့်တော်မူ၏။- |
ဉာဏ်ပညာ၏လမ်းများသည် နှစ်လိုဖွယ်သောလမ်းများဖြစ်ကြပြီး ၎င်း၏လမ်းခရီးရှိသမျှတို့သည် ငြိမ်းချမ်းကြ၏။
အို အချင်းလူ၊ မည်သည့်အရာကောင်းမြတ်သည်ကို သင့်အားပြောပြတော်မူပြီ။ စင်စစ် တရားမျှတစွာပြုကျင့်ခြင်း၊ မေတ္တာကရုဏာကို မြတ်နိုးခြင်း၊ ဘုရားသခင်ရှေ့တော်၌ စိတ်နှိမ့်ချစွာအသက်ရှင်လျှောက်လှမ်းခြင်း မှတစ်ပါး သင့်အား မည်သည့်အရာကို ထာဝရဘုရား တောင်းဆိုတော်မူသနည်း။
ထိုအချိန်အခါတွင် ယေရှုသည် ဥပုသ်နေ့၌ ဂျုံခင်းများကိုဖြတ်လျက်ကြွတော်မူရာ တပည့်တော်တို့သည် ဆာလောင်သောကြောင့် ဂျုံနှံများကို ဆွတ်ခူး၍ စားကြ၏။
သင်တို့သည် ငါ့အားဖြင့် ငြိမ်သက်ခြင်းရှိကြစေရန် ဤအရာများကို သင်တို့အား ငါဟောပြောပြီ။ သင်တို့သည် ဤလောက၌ ဆင်းရဲဒုက္ခနှင့်ကြုံတွေ့ရကြလိမ့်မည်။ သို့သော် မစိုးရိမ်ကြနှင့်။ ငါသည် ဤလောကကိုအောင်နိုင်ပြီ”ဟု ပြန်၍မိန့်တော်မူ၏။
သို့ဖြစ်လျှင် သင်တို့သည် ငါတို့ဘိုးဘေးများနှင့် ငါတို့ကိုယ်တိုင်လည်း မထမ်းနိုင်သောထမ်းပိုးကို ထိုတပည့်တော်တို့၏လည်ပင်းပေါ်၌ တင်ခြင်းအားဖြင့် ဘုရားသခင်ကို အဘယ်ကြောင့် စမ်းသပ်ကြသနည်း။
အကြောင်းမူကား သန့်ရှင်းသောဝိညာဉ်တော်နှင့်ငါတို့သည် လိုက်နာရန်လိုအပ်သည့်အောက်ပါအချက်များမှတစ်ပါး အခြားမည်သည့်ဝန်ထုပ်ဝန်ပိုးကိုမျှ သင်တို့အပေါ်မတင်ရန် ဆုံးဖြတ်ထားကြ၏။
အကြောင်းမူကား ငါတို့ခေတ္တခံရသော ပေါ့ပါးသည့်ဆင်းရဲဒုက္ခသည် အတိုင်းထက်အလွန် ထူးမြတ်၍လေးနက်သော ထာဝရဘုန်းအသရေကို ငါတို့အတွက်ဖြစ်စေ၏။
လွတ်လပ်မှုကိုရရှိစေရန် ခရစ်တော်သည် ငါတို့ကို လွတ်မြောက်စေတော်မူပြီ။ ထို့ကြောင့် ခိုင်မြဲစွာရပ်တည်လျက် ကျွန်ထမ်းပိုးတွင် နောက်တစ်ဖန် ချည်နှောင်ခြင်းမခံကြနှင့်။
သို့ရာတွင် ဝိညာဉ်တော်၏ရှေ့ဆောင်လမ်းပြမှုကိုခံရလျှင် သင်တို့သည် ပညတ်တရားအောက်၌ ရှိကြသည်မဟုတ်။
ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောအရှင်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။
ဘုရားသခင်ကိုချစ်ခြင်းဆိုသည်မှာ ဘုရားသခင်၏ပညတ်တော်တို့ကို စောင့်ထိန်းခြင်းပင်ဖြစ်၏။ ဘုရားသခင်၏ပညတ်တော်တို့သည်လည်း စောင့်ထိန်းရန်ခဲယဉ်းသည်မဟုတ်။