လူတို့သည် ငါ့ကိုဝိုင်းအုံ၍ ပါးစပ်ဖြဲပြကြ၏။ ငါ့ကိုကဲ့ရဲ့၍ ပါးရိုက်ကြ၏။
မြည်တမ်းစကား 3:30 - မြန်မာ့စံမီသမ္မာကျမ်း ရိုက်လိုသောသူအား ပါးကိုလှည့်ပေး၍ ကဲ့ရဲ့ပြစ်တင်သမျှကိုခံပါစေ။ Common Language Bible ရိုက်နှက်စော်ကားမှုကိုခံရသော်လည်း နားလည်လက်ခံသင့်ကြ၏။ Garrad Bible ရိုက် နှက် သူ့ အား၊ ပါး ကို လှည့် ပေး ခြင်း ပြု လျက်၊ များ စွာ သော ကဲ့ ရဲ့ ခြင်း ကို ခံ စေ။ Judson Bible ရိုက်သောသူအား မိမိပါးကိုပေး၍၊ ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် ပြည့်ဝစေ။ |
လူတို့သည် ငါ့ကိုဝိုင်းအုံ၍ ပါးစပ်ဖြဲပြကြ၏။ ငါ့ကိုကဲ့ရဲ့၍ ပါးရိုက်ကြ၏။
သူတို့သည် ငါ့ကို စက်ဆုပ်ရွံရှာသဖြင့် ဝေးဝေးရှောင်နေကြ၏။ ငါ့မျက်နှာကို တံတွေးထွေးဖို့ပင် ဝန်မလေးကြ။
အကျွန်ုပ်တို့ကိုသနားတော်မူပါ။ အို ထာဝရဘုရား၊ အကျွန်ုပ်တို့ကိုသနားတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်တို့သည် မထီမဲ့မြင်ပြုခြင်းကိုခံရသည်မှာ လွန်စွာငြီးငွေ့လှပါပြီ။
ကဲ့ရဲ့ပြစ်တင်ခြင်းသည် အကျွန်ုပ်၏စိတ်နှလုံးကိုကျိုးပဲ့စေ၍ အကျွန်ုပ်သည် အလွန်စိတ်ပျက်အားငယ်လျက်ရှိပါ၏။ အကျွန်ုပ်သည် စာနာထောက်ထားမည့်သူကို စောင့်မျှော်သော်လည်း မရှိခဲ့ပါ။ နှစ်သိမ့်ပေးမည့်သူများကိုရှာသော်လည်း မတွေ့ခဲ့ပါ။
အကြောင်းမူကား ကိုယ်တော်၏အိမ်တော်အတွက် ထက်သန်သောစိတ်သည် အကျွန်ုပ်ကိုလွှမ်းမိုးလျက်ရှိပါ၏။ ကိုယ်တော်ကိုကဲ့ရဲ့ပြစ်တင်သောသူတို့၏ ကဲ့ရဲ့ပြစ်တင်သောစကားသည် အကျွန်ုပ်အပေါ်သို့ကျရောက်ပါ၏။
ရိုက်နှက်သူတို့အား ငါ့ကျောကိုပေး၏။ မုတ်ဆိတ်ဆွဲနုတ်သူတို့အား ငါ့ပါးကိုပေး၏။ အသရေဖျက်ခံရခြင်း၊ တံတွေးထွေးခံရခြင်းမှ ငါ့မျက်နှာကို ငါမလွှဲ။
အို စစ်သမီးပျိုတပ်ဖွဲ့တို့၊ စုဝေးကြလော့။ ငါတို့ ဝိုင်းထားခံရပြီ။ အစ္စရေးအုပ်ချုပ်သူတို့၏ပါးကို ကြိမ်လုံးနှင့်ရိုက်ကြပြီ။
ထို့နောက် သူတို့သည် ကိုယ်တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးလျက် ကိုယ်တော်ကိုထိုးနှက်ကြ၏။ အချို့တို့သည်လည်း ကိုယ်တော်ကိုရိုက်ပုတ်လျက်
သို့သော် သင်တို့အား ငါဆိုမည်။ မကောင်းသောသူကို အတိုက်အခံမပြုကြနှင့်။ သင်၏ယာဘက်ပါးကိုရိုက်သောသူအား နောက်တစ်ဖက်ကိုလည်း လှည့်ပေးဦးလော့။
သင်၏ပါးတစ်ဖက်ကိုရိုက်သောသူအား နောက်တစ်ဖက်ကိုလည်း လှည့်ပေးဦးလော့။ သင်၏ဝတ်ရုံကိုယူသောသူအား အင်္ကျီကိုလည်း ယူခွင့်ပေးဦးလော့။
တစ်စုံတစ်ယောက်သည် သင်တို့ကို ကျွန်ပြုသည်ဖြစ်စေ၊ အခွင့်ကောင်းယူသည်ဖြစ်စေ၊ လုယူသည်ဖြစ်စေ၊ အထင်အမြင်သေးသည်ဖြစ်စေ၊ ပါးရိုက်သည်ဖြစ်စေ သင်တို့သည် သည်းခံကြ၏။