နိမိတ်ရှိသမျှသည် သင်တို့အတွက် ချိပ်ပိတ်ထားသောစာလိပ်ကဲ့သို့ ဖြစ်ပြီ။ ထိုစာလိပ်ကို စာဖတ်တတ်သောသူအားပေး၍ “ဤစာကို ဖတ်ပါလော့”ဟုဆိုလျှင် ထိုသူက “ဤစာလိပ်ကို ချိပ်ပိတ်ထားသည်ဖြစ်၍ ငါမဖတ်နိုင်ပါ”ဟု ပြန်ပြောလိမ့်မည်။
ဗျာဒိတ် 10:4 - မြန်မာ့စံမီသမ္မာကျမ်း မိုးချုန်းသံခုနစ်ချက်တို့မြွက်ဆိုကြသောအခါ ငါသည်ရေးမှတ်မည်ပြုစဉ် ကောင်းကင်မှအသံက “မိုးချုန်းသံခုနစ်ချက်တို့မြွက်ဆိုသောအရာများကို တံဆိပ်ခတ်ထားလော့။ ၎င်းတို့ကိုရေးမှတ်မထားနှင့်”ဟု ဆိုသည်ကို ငါကြားရ၏။ Common Language Bible ထိုအချိန်၌မိုးကြိုးသံတို့ကမိန့်မြွက်သည့် စကားကို ငါသည်ရေးမှတ်မည်ပြုသော်``မရေး မမှတ်နှင့်။ မိုးကြိုးသံခုနစ်ချက်မိန့်မြွက်သည့် စကားကိုလျှို့ဝှက်ထားလော့'' ဟုကောင်းကင် မှထွက်သောအသံကိုငါကြားရ၏။ Garrad Bible ထို သို့ မိုး ကြိုး ခု နစ် ချက် ဗျာ ဒိတ် အ တိုင်း ငါ ရေး သား မည် ပြု သော် မိုး ကြိုး ခု နစ် ချက် ဗျာ ဒိတ် ကို မ ရေး နှင့်။ တံ ဆိပ် ခတ် ပိတ် လော့ ဟု ကောင်း ကင် ဘုံ မှ အ မိန့် သံ ကို ငါ ကြား ရ ၏။ Judson Bible မိုးကြိုးသံ ခုနစ်ချက်မြည်ပြီးမှ ငါသည်ရေးမှတ်မည်ဟု အားထုတ်သော်၊ ကောင်းကင်မှ ထွက်သောအသံကား၊ မိုးကြိုးသံခုနစ်ချက် မြည်သောအရာကို တံဆိပ်ခတ်လော့။ မရေးမမှတ်နှင့်ဟု ဆိုသည်ကို ငါကြား၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုမိုးခြိမ်းသံ ခုနစ်ချက်တို့ပြောဆိုသောအခါ ကျွန်ုပ်သည် ရေးမှတ်ရန်ပြင်စဉ် “မိုးခြိမ်းသံ ခုနစ်ချက်တို့ပြောဆိုသောစကားကို လျှို့ဝှက်ထားလော့။ မရေးမှတ်နှင့်” ဟူ၍ ကောင်းကင်ဘုံမှ ထွက်လာသောအသံကို ကျွန်ုပ်ကြားရ၏။ |
နိမိတ်ရှိသမျှသည် သင်တို့အတွက် ချိပ်ပိတ်ထားသောစာလိပ်ကဲ့သို့ ဖြစ်ပြီ။ ထိုစာလိပ်ကို စာဖတ်တတ်သောသူအားပေး၍ “ဤစာကို ဖတ်ပါလော့”ဟုဆိုလျှင် ထိုသူက “ဤစာလိပ်ကို ချိပ်ပိတ်ထားသည်ဖြစ်၍ ငါမဖတ်နိုင်ပါ”ဟု ပြန်ပြောလိမ့်မည်။
တစ်ဖန် ထာဝရဘုရားက ငါ့အား “သင်သည် ကျောက်ပြားကြီးတစ်ချပ်ကိုယူ၍ ကညစ်တံဖြင့် ‘မဟေရရှာလလဟာရှဗတ်’ဟူ၍ ရေးသားလော့။
အကျွန်ုပ်၏တပည့်တို့တွင် သက်သေခံတော်မူချက်ကိုချည်ထား၍ ပညတ်တရားကို တံဆိပ်ခတ်တော်မူပါ။
အို ဒံယေလ၊ သင်မူကား နောက်ဆုံးကာလတိုင်အောင် ဤစကားတို့ကို လျှို့ဝှက်ထားလော့၊ ဤစာစောင်ကို တံဆိပ်ခတ်ထားလော့။ လူအများတို့မူကား လှည့်လည်ရှာဖွေ၍ အသိပညာတိုးပွားကြလိမ့်မည်”ဟု ငါ့အား ပြောပြ၏။
ထိုအခါ သူက “ဒံယေလ၊ သင်သွားလော့။ ဤစကားတို့ကို နောက်ဆုံးသောကာလအထိ လျှို့ဝှက်ထား၍ တံဆိပ်ခတ်ထား၏။
ညဥ့်ဦးယံ၊ နံနက်ယံ၌ ဖော်ပြသော ဗျာဒိတ်အာရုံသည်လည်း အမှန်ပင်ဖြစ်၏။ ဤဗျာဒိတ်နိမိတ်သည် နောင်လာမည့်နေ့ရက်ကာလနှင့်ဆိုင်သည်ဖြစ်၍ ၎င်းကို ဝှက်ထားလော့”ဟု ငါ့အား ရှင်းပြ၏။
ဝှက်ထားသောအရာများသည် ငါတို့၏ဘုရားသခင်ထာဝရဘုရားနှင့်ဆိုင်၏။ ဖော်ပြထားသော ဤတရားစကားရှိသမျှကိုလိုက်နာခြင်းသည် ငါတို့မှစ၍ ငါတို့၏သားစဉ်မြေးဆက်များနှင့်ဆိုင်၏။
ထိုအသံက“သင်မြင်ရသောအရာကို စာစောင်တွင်ရေးသား၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့နှင့် လောဒိကိမြို့တို့၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ ပေးပို့လော့”ဟု ဆို၏။
ထို့ကြောင့် သင်မြင်ခဲ့ရသောအရာများ၊ ယခုဖြစ်နေသောအရာများနှင့် နောင်တွင်ဖြစ်ပျက်တော့မည့်အရာများကို ရေးထားလော့။
ထို့နောက် ငါကြားခဲ့ရသောကောင်းကင်မှအသံက “ပင်လယ်နှင့်ကုန်းမြေပေါ်တွင်ရပ်နေသော ကောင်းကင်တမန်၏လက်၌ရှိသည့် ဖွင့်ထားသောစာလိပ်ကို သွား၍ယူလော့”ဟု ငါ့အား တစ်ဖန် မြွက်ဆိုလေ၏။
တစ်ဖန် သူက “ဤစာစောင်ထဲမှ ပရောဖက်ပြုဟောပြောသောစကားတို့ကို ချိပ်ပိတ်မထားနှင့်။ အကြောင်းမူကား အချိန်နီးကပ်လာလေပြီ။