ငါကြောက်ရွံ့ပြီး သူဆိုသည့်အတိုင်းပြုမည်ဆိုလျှင် ငါသည် အပြစ်ပြုမိမည်။ သို့ဖြစ်လျှင် ငါ့နာမည်ပျက်၍ သူတို့ကဲ့ရဲ့ရှုတ်ချနိုင်မည်။ ထို့အတွက် ရှေမာယကို ငှားရမ်းခြင်းဖြစ်၏။
နေဟမိ 6:19 - မြန်မာ့စံမီသမ္မာကျမ်း သူတို့က တောဘိကောင်းကြောင်းကို ငါ့အားပြောပြ၍ ငါပြောသောစကားတို့ကို တောဘိအား ပြန်ပြောကြ၏။ ထိုအခါ တောဘိသည် ငါ့အား ခြိမ်းခြောက်စာများကို ပို့လေ့ရှိ၏။ Common Language Bible လူတို့သည်တောဘိကောင်းကြောင်းကိုငါ့ အားပြောဆိုတတ်ကြ၏။ ငါ့စကားကိုလည်း သူ့အားပြန်ပြောတတ်ကြ၏။ တောဘိသည် ငါ့ကိုခြောက်လှန့်ရန်စာများကိုဆက်လက် ပေးပို့လျက်နေ၏။ Garrad Bible ထို သူ တို့ သည်၊ တော ဘိ ယ ကောင်း ကြောင်း ကို ငါ့ ထံ ပြော ဆို ခြင်း၊ ငါ့ စ ကား ကို လည်း တော ဘိ ယ ထံ ပြန် ကြား ခြင်း များ ကို ပြု ကြ သည့် ပြင်၊ တော ဘိ ယ သည်၊ ငါ့ ကို ကြောက် ရွံ့ စေ ရန် စာ ပေး လိုက် ၏။ Judson Bible သူတို့သည် တောဘိပြုသောအမှုကောင်းတို့ကို ငါ့အားပြန်ပြောကြ၏။ ငါ့စကားကိုလည်း သူ့အား ပြန်ပြောကြ၏။ သူသည်လည်း ငါကြောက်စေခြင်းငှာ စာပေးလိုက်လေ၏။ |
ငါကြောက်ရွံ့ပြီး သူဆိုသည့်အတိုင်းပြုမည်ဆိုလျှင် ငါသည် အပြစ်ပြုမိမည်။ သို့ဖြစ်လျှင် ငါ့နာမည်ပျက်၍ သူတို့ကဲ့ရဲ့ရှုတ်ချနိုင်မည်။ ထို့အတွက် ရှေမာယကို ငှားရမ်းခြင်းဖြစ်၏။
တောဘိသည် အာရာ၏သားဖြစ်သောရှေခနိ၏သမက်ဖြစ်သည်သာမက သူ့သားယေဟောဟနန်သည် ဗေရခိ၏သားဖြစ်သူမေရှုလံ၏သမီးနှင့် စုံဖက်သောကြောင့် ယုဒလူအများအပြားတို့က သူ့ထံ သစ္စာခံကြ၏။
သူတို့က ငါတို့ကို ခြိမ်းခြောက်ပြီး “သူတို့အလုပ်ကို လက်စမသတ်နိုင်ဘဲ အားလျော့သွားလိမ့်မည်”ဟု ဆိုကြ၏။ အို အဖ၊ အကျွန်ုပ်ကို ခွန်အားပေးတော်မူပါ။
မြို့ရိုးကိုလက်စသတ်ပြီးသောအခါ ငါသည် တံခါးများကို တပ်ဆင်၍ တံခါးစောင့်များ၊ သီချင်းသည်များ၊ လေဝိအမျိုးများကို တာဝန်ခွဲဝေခန့်အပ်လေ၏။
ပညတ်တရားကိုစွန့်ပယ်သောသူတို့သည် ဆိုးယုတ်သောသူကိုချီးမွမ်းတတ်၏။ ပညတ်တရားကိုစောင့်ထိန်းသောသူတို့မူကား ဆိုးယုတ်သောသူတို့ကိုဆန့်ကျင်တတ်၏။
သင်တို့သည် ဤလောကနှင့်ဆိုင်ခဲ့လျှင် လောကီသားတို့သည် မိမိတို့နှင့်ဆိုင်သောသင်တို့ကို ချစ်ခဲ့ကြပေလိမ့်မည်။ သို့သော် သင်တို့သည် ဤလောကနှင့်မဆိုင်။ ငါသည် သင်တို့ကို ဤလောကမှ ရွေးကောက်ခဲ့ပြီဖြစ်သောကြောင့် လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။
လောကီသားတို့သည် သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမူကား မုန်းကြ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် သူတို့ပြုသောအမှုများမကောင်းကြောင်းကို ထောက်ပြသောကြောင့်ဖြစ်၏။
ထိုသူတို့သည် လောကနှင့်စပ်ဆိုင်သူများဖြစ်ကြသောကြောင့် လောကနှင့်စပ်ဆိုင်သောအရာကို ပြောဆိုတတ်ကြ၏။ လောကီသားတို့သည်လည်း သူတို့ကိုနားထောင်တတ်ကြ၏။