သူ၏ဘေးတွင် ရှေလမိ၏သားဟာနနိယနှင့် ဇာလပ်၏ဆဋ္ဌမမြောက်သားဟာနုန်တို့ ပြုပြင်ကြ၏။ သူတို့၏ဘေးတွင် ဗေရခိ၏သားမေရှုလံသည် မိမိအိမ်ရှေ့တွင် ပြုပြင်၏။
ရှေလမိ၏သားဟာနနိနှင့်ဇာလပ်၏ဆဋ္ဌ မသားဟာနုန်တို့သည် ဒုတိယအကြိမ်မြို့ ရိုးနောက်တစ်ပိုင်းကိုတည်ဆောက်ကြ၏။ နောက်တစ်ပိုင်းကိုဗေရခိ၏သားမေရှုလံ သည် မိမိ၏အိမ်ရှေ့တွင်တည်ဆောက်လေသည်။
၎င်း အ စပ်၊ ရှေ လ မိ သား ဟာ န နိ နှင့်၊ ဇာ လပ်၏ ဆ ဋ္ဌ မ သား ဟာ နုန် တို့ သည်၊ တစ် ပိုင်း ကို ပြင် ဆင် ကြ၏။ ၎င်း အ စပ်၊ ဗေ ရ ခိ သား မေ ရှု လံ သည် ကိုယ့် အ ဆောင် မျက် နှာ စာ တွင် ပြင် ဆင်၏။
သူ့နောက်မှ၊ ရှေလမိသား ဟာနနိ၊ ဇာလပ်၏ စတုတ္ထသား ဟာနုန်တို့သည် ပြင်ကြ၏။ သူတို့နောက်မှ၊ ဗေရခိသားမေရှုလံသည် မိမိအိပ်ရာခန်း တစ်ဖက်တစ်ချက်၌ ပြင်၏။
ငါသည် ယဇ်ပုရောဟိတ်ရှေလမိ၊ ကျမ်းပြုဆရာဇာဒုတ်၊ လေဝိအမျိုးပေဒါယတို့ကို သိုလှောင်တိုက်တာဝန်ခံအဖြစ်ခန့်ထား၍ မတ္တနိ၏မြေး၊ ဇက္ကုရ၏သား ဟာနန်ကို သူတို့၏လက်ထောက်အဖြစ် ခန့်ထား၏။ အကြောင်းမှာ သူတို့သည် သစ္စာရှိသောသူများဖြစ်၏။ သူတို့သည် ညီအစ်ကိုများကို ဝေစုခွဲဝေပေးရ၏။
သူတို့၏ဘေးတွင် ဣမေရ၏သားဇာဒုတ်သည် သူ့အိမ်ရှေ့တွင် ပြုပြင်၏။ သူ၏ဘေးတွင် ရှေခနိ၏သား အရှေ့တံခါးမှူးရှေမာယ ပြုပြင်၏။
သူ၏ဘေးတွင် ပန်းထိမ်ဆရာ၏သားမာလခိယသည် မိဖကဒ်တံခါးရှေ့ရှိ ဗိမာန်တော်အစေအပါးများနှင့် ကုန်သည်များနေရာအိမ်အထိ၊ ထိုမှ အထက်ခန်းမြို့ရိုးထောင့်အထိ ပြုပြင်၏။
သူတို့၏ဘေးတွင် ဟက္ကုတ်၏မြေး၊ ဥရိယ၏သားမေရမုတ် ပြုပြင်၏။ သူ၏ဘေးတွင် မေရှဇဗေလ၏မြေး၊ ဗေရခိ၏သားမေရှုလံ ပြုပြင်၏။ သူ၏ဘေးတွင် ဗာနာ၏သားဇာဒုတ် ပြုပြင်၏။
တောဘိသည် အာရာ၏သားဖြစ်သောရှေခနိ၏သမက်ဖြစ်သည်သာမက သူ့သားယေဟောဟနန်သည် ဗေရခိ၏သားဖြစ်သူမေရှုလံ၏သမီးနှင့် စုံဖက်သောကြောင့် ယုဒလူအများအပြားတို့က သူ့ထံ သစ္စာခံကြ၏။