နေဟမိ 13:13 - မြန်မာ့စံမီသမ္မာကျမ်း13 ငါသည် ယဇ်ပုရောဟိတ်ရှေလမိ၊ ကျမ်းပြုဆရာဇာဒုတ်၊ လေဝိအမျိုးပေဒါယတို့ကို သိုလှောင်တိုက်တာဝန်ခံအဖြစ်ခန့်ထား၍ မတ္တနိ၏မြေး၊ ဇက္ကုရ၏သား ဟာနန်ကို သူတို့၏လက်ထောက်အဖြစ် ခန့်ထား၏။ အကြောင်းမှာ သူတို့သည် သစ္စာရှိသောသူများဖြစ်၏။ သူတို့သည် ညီအစ်ကိုများကို ဝေစုခွဲဝေပေးရ၏။ အခန်းကိုကြည့်ပါ။Common Language Bible13 ငါသည်ယဇ်ပုရောဟိတ်ရှေလမိ၊ ပညတ် ကျမ်းတတ်မြောက်သူဇာဒုတ်နှင့်လေဝိအနွယ် ဝင်ပေဒါယတို့အားတာဝန်ခံပစ္စည်းထိန်း များအဖြစ်ခန့်ထား၏။ မဿနိ၏မြေး၊ ဇက္ကုရ ၏သားဟာနန်အားထိုသူတို့၏လက်ထောက် အဖြစ်ခန့်ထား၏။ ဤသူတို့သည်မိမိတို့ ၏လုပ်ဖော်ဆောင်ဘက်များအားသစ္စာရှိစွာ ရိက္ခာဖြန့်ဖြူးပေးမည့်သူများဖြစ်ကြောင်း ငါစိတ်ချယုံကြည်၏။ အခန်းကိုကြည့်ပါ။Garrad Bible13 ဆွေ မျိုး သား ချင်း တို့ သို့ ဝေ ဖန် ရန် တာ ဝန် အ တိုင်း၊ သ စ္စာ စောင့် သူ ဟု မှတ် ယူ သော ပ ရော ဟိတ် ရှေ လ မိ၊ ကျမ်း တတ် ဆ ရာ ဇာဒုတ်၊ လေ ဝိ ဂိုဏ်း သား ပေ ဒါ ယ တို့ ကို၊ ကြက် သ ရေ တိုက် အုပ်၊ မဿ နိ မြေး ဇ က္ကု ရ သား ဟာ နန် ကို လက် ထောက်၊ ခန့် ထား လေ၏။ အခန်းကိုကြည့်ပါ။Judson Bible13 ယဇ်ပုရောဟိတ် ရှေလမိ၊ ကျမ်းတတ် ဇာဒုတ်၊ လေဝိသား ပေဒါယ၊ သူ့နောက် မဿနိသားဖြစ်သော ဇက္ကုရ၏သား ဟာနန်တို့ကို ဘဏ္ဍာတော်တိုက်စိုးအရာ၌ ငါခန့်ထား၏။ ထိုသူတို့သည် သစ္စာစောင့်ခြင်း အသရေ ရှိသည်ဖြစ်၍၊ အမျိုးသားချင်းတို့အား ဝေဖန်ရကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုနေ့တွင် အလှူပစ္စည်းများ၊ အသီးဦးများ၊ ဆယ်ဖို့တစ်ဖို့များထားရှိရာ သိုလှောင်တိုက်အခန်းများအုပ်ထိန်းမည့်သူတို့ကို ခန့်ထားကြ၏။ သူတို့သည် ယဇ်ပုရောဟိတ်များနှင့် လေဝိသားများအဖို့ ပညတ်တရားကျမ်းတွင်ပါသောဝေစုအတိုင်း မြို့ရွာများရှိလယ်ယာများမှ ကောက်ခံစုသိမ်းပေးရ၏။ အကြောင်းမူကား ယဇ်ပုရောဟိတ်များနှင့် လေဝိသားများ အမှုတော်ထမ်းနေသည်ကို ယုဒအမျိုးတို့ နှစ်သက်ဝမ်းမြောက်ကြ၏။