သင်သည် မိမိစိတ်ထဲ၌ “အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း”ဟု တွေးလျှင် သင်၏ဒုစရိုက်များကြောင့် သင်အဝတ်အချွတ်ခံရ၏၊ သင်အကြမ်းဖက်ခံရ၏။
နာဟုံ 3:5 - မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် သင့်ကိုဆန့်ကျင်၍ သင့်အဝတ်ကို သင့်မျက်နှာအုပ်သွားသည်အထိ လှန်ပစ်မည်။ ငါသည် သင် အဝတ်အချည်းစည်းရှိသည်ကို လူမျိုးတကာတို့အား ပြ၍ သင်အရှက်ကွဲသည်ကိုလည်း တိုင်းနိုင်ငံတို့အား ပြမည်။ Common Language Bible အနန္တတန်ခိုးရှင်ထာဝရဘုရားက ``အို နိနေဝေမြို့ငါသည်သင့်ကိုအပြစ်ဒဏ် ခတ်မည်။ အဝတ်အချည်းစည်းဖြစ်စေ၍၊လူမျိုးတကာ တို့အား ရှုကြည့်ခွင့်ပေးမည်။ သင်အရှက်ကွဲသည်ကိုနိုင်ငံများ တွေ့မြင်ရကြလိမ့်မည်။ Garrad Bible ငါ သည် သင် နှင့် ဆန့် ကျင် ဘက် ပြု၍ ထ မီ လှစ် ခြင်း၊ လူ မျိုး ခြား နှင့် တိုင်း နိုင် ငံ ခြား များ ရှေ့ သင့် ရှက် ဘွယ် ရာ ကို ဘော် ပြ ခြင်း Judson Bible ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်တစ်ဖက်၌ ငါနေ၏။ သင့်အဝတ်ကို သင်၏မျက်နှာပေါ်မှာလှန်၍ အတိုင်းတိုင်းအပြည်ပြည်ရှေ့မှာ သင်၌ အချည်းစည်းရှိခြင်း၊ အရှက်ကွဲခြင်းကို ငါပြမည်။ |
သင်သည် မိမိစိတ်ထဲ၌ “အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း”ဟု တွေးလျှင် သင်၏ဒုစရိုက်များကြောင့် သင်အဝတ်အချွတ်ခံရ၏၊ သင်အကြမ်းဖက်ခံရ၏။
ငါကိုယ်တော်တိုင် သင့်အဝတ်ကို မျက်နှာဖုံးသည်အထိလှန်ပစ်မည်။ သင့်အရှက် ထင်ရှားလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အို မာနထောင်လွှားသောသူ၊ ကြည့်ရှုလော့။ သင့်ကို ငါဒဏ်ခတ်မည့်အချိန် ရောက်ပြီဖြစ်၍ သင့်ကို ငါဒဏ်ခတ်မည်။
သင့်ကိုသာယာမှုပေးသော သင့်ချစ်သူများမှစ၍ သင်မုန်းတီးသောသူများအားလုံးကို အရပ်ရပ်မှစုရုံးစေပြီးလျှင် သင့်ကိုဆန့်ကျင်စေမည်။ သူတို့အား သင်၌ အဝတ်မပါအချည်းစည်းဖြစ်နေသည်ကို ငါပြမည်။ သင်၌ အဝတ်မပါအချည်းစည်းဖြစ်ခြင်းကို သူတို့မြင်ရလိမ့်မည်။
အစ္စရေးပြည်အား ‘ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် သင့်ကို ဆန့်ကျင်မည်။ ဓားအိမ်ထဲမှဓားကို ဆွဲထုတ်၍ သင့်အထဲမှ လူဆိုးလူကောင်းမကျန် သုတ်သင်ပစ်မည်။
သဝန်တိုသောစိတ်ကြောင့် သင့်ကိုငါအမျက်ထွက်သည်ဖြစ်၍ သူတို့သည် အမျက်ပြင်းစွာဖြင့် သင့်ကိုစီရင်လိမ့်မည်။ သင့်နှာခေါင်း၊ နားရွက်တို့ကို ဖြတ်ပစ်လိမ့်မည်။ ကြွင်းကျန်သောသူတို့သည် ဓားဘေးဖြင့် သေဆုံးရလိမ့်မည်။ သင့်သားသမီးတို့ကို ဖမ်းခေါ်သွားလိမ့်မည်။ ကြွင်းကျန်သောသူတို့သည် မီးရှို့ခံရမည်။
သူတို့သည် သင့်ကိုမုန်းသဖြင့် သင့်ချွေးနှဲစာရှိသမျှကိုယူ၍ သင့်ကို အဝတ်မပါအချည်းစည်း ပစ်ထားကြလိမ့်မည်။ သင်သည် အရှက်မရှိ ပြည့်တန်ဆာလုပ်ခဲ့ပုံများ၊ ညစ်ညမ်းသောအမှုပြုခဲ့ပုံများ၊ ဖောက်ပြန်မှားယွင်းခဲ့ပုံများကို ငါဖော်ထုတ်မည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘အို တိုင်ရာမြို့၊ ကြည့်ရှုလော့။ သင့်ကို ငါဆန့်ကျင်မည်။ ပင်လယ်လှိုင်းတံပိုးကြီးကြွတက်လာသကဲ့သို့ လူအလုံးအရင်းကြီးကို သင့်ထံချီတက်လာစေမည်။
အို ရှဖိရမြို့သူ၊ အဝတ်အချည်းစည်းဖြင့် အရှက်ကွဲလျက် ထွက်သွားလော့။ ဇာနန်မြို့သူ ထွက်မလာဝံ့။ ငိုကြွေးနေသောဗေသဇေလမြို့သားတို့၊ သင်တို့ကို ကာကွယ်သူမရှိတော့ပြီ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် သင့်ကို တိုက်ခိုက်မည်။ သင့်စစ်ရထားကို မီးရှို့ပစ်မည်။ သင့်ခြင်္သေ့ပျိုတို့ကို ဓားဖြင့်ဖျက်ဆီးမည်။ သင့်သားကောင်ကို မြေကြီးပေါ်မှ ဖယ်ရှားပစ်မည်။ စေတမန်တို့၏အသံကိုလည်း နောက်တစ်ဖန် ကြားရတော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
သင်သည် ဂုဏ်သရေအစား အရှက်ကွဲခြင်းနှင့် ကြုံရလိမ့်မည်။ ထာဝရဘုရား၏လက်ယာလက်တော်ရှိဖလားတော်သည် သင့်ထံသို့လှည့်လာပြီဖြစ်၍ ထိုဖလားတော်ကို သောက်ပြီး အရေဖျားမလှီးထားသောသင့်အရှက် ပေါ်လိမ့်မည်။ သင့်ဂုဏ်သရေသည် အရှက်ကွဲခြင်းနှင့် ဖုံးလွှမ်းသွားလိမ့်မည်။