အို မြို့တံခါး၊ ညည်းတွားငိုကြွေးလော့။ အို မြို့၊ အော်ဟစ်လော့။ မြောက်အရပ်မှမီးခိုးထွက်လာ၏။ စစ်သည်အလုံးအရင်းတွင် တစ်ယောက်တည်းကွဲထွက်သွားသောသူမရှိ။ ထို့ကြောင့် ဖိလိတ္တိပြည်သားအပေါင်းတို့သည် စိတ်အားလျော့ကြ၏။
ဒံယေလ 11:29 - မြန်မာ့စံမီသမ္မာကျမ်း အချိန်တန်လျှင် သူသည် တောင်အရပ်သို့ တစ်ဖန်လာဦးမည်။ သို့သော် ယခုတစ်ကြိမ်လာခြင်းသည် ယခင်တစ်ကြိမ်ကဲ့သို့ ဖြစ်မည်မဟုတ်။ Common Language Bible ``ထိုနောက်ကာလအတန်ကြာသောအခါ သူသည်အီဂျစ်ပြည်သို့ပြန်လည်ချဉ်းနင်း ဝင်ရောက်လာလိမ့်မည်။ သို့ရာတွင်ယခုတစ် ကြိမ်၌အခြေအနေပြောင်းလဲသွားလိမ့် မည်။- Garrad Bible ချိန်း ချက် တော် မူ သော ကာ လ၌ လည်း တောင် ပြည် သို့ တစ် ဖန် ပြန် လိမ့် မည်။ သို့ ရာ တွင် ယ မန် အ တိုင်း နောက် ဖြစ် မည် မ ဟုတ် ဘဲ၊ Judson Bible ချိန်းချက်သော အချိန်၌လည်း တောင်မျက်နှာသို့ တစ်ဖန်ပြန်လာဦးမည်။ သို့သော်လည်း၊ အရင်ဖြစ်သကဲ့သို့မဟုတ်။ နောက်ဖြစ်သကဲ့သို့လည်း မဟုတ်။ |
အို မြို့တံခါး၊ ညည်းတွားငိုကြွေးလော့။ အို မြို့၊ အော်ဟစ်လော့။ မြောက်အရပ်မှမီးခိုးထွက်လာ၏။ စစ်သည်အလုံးအရင်းတွင် တစ်ယောက်တည်းကွဲထွက်သွားသောသူမရှိ။ ထို့ကြောင့် ဖိလိတ္တိပြည်သားအပေါင်းတို့သည် စိတ်အားလျော့ကြ၏။
ပါးရှားဘုရင် ကုရုမင်းကြီးနန်းစံ တတိယနှစ်တွင် ဗေလတရှာဇာ ခေါ် ဒံယေလထံသို့ နှုတ်ကပတ်တော် ရောက်လာ၏။ ထိုနှုတ်ကပတ်တော်သည် အစစ်အမှန်ဖြစ်၏။ စစ်ပွဲကြီးနှင့်ဆိုင်၏။ နှုတ်ကပတ်တော်ကို သူနားလည်၏။ စိတ်အာရုံအားဖြင့် သူနားလည်၏။
သူသည် မဟာမိတ်ဖွဲ့ပြီးမှ သူနှင့်မဟာမိတ်ဖွဲ့သောသူကို လိမ်လည်လှည့်စားမည်။ စစ်ချီတိုက်ခိုက်မည်။ လူနည်းစုဖြင့် အားကြီးလာလိမ့်မည်။
ထို့ပြင် သူသည် စစ်အင်အားအလုံးအရင်းနှင့်တကွ အားမာန်တင်းလျက် တောင်ဘုရင်ကို တိုက်ခိုက်လိမ့်မည်။ တောင်ဘုရင်သည် အင်အားကြီးသောစစ်တပ်ကြီးကို ပြင်ဆင်၍တိုက်ခိုက်ရန် ကြိုးပမ်းသော်လည်း ခုခံနိုင်မည်မဟုတ်။ အကြောင်းမှာ သူ့အပေါ် လျှို့ဝှက်ကြံစည်ကြသောကြောင့် ဖြစ်၏။
မြောက်ဘုရင်သည် မိမိပြည်သို့ ဥစ္စာများစွာပိုက်လျက် ပြန်သွားလိမ့်မည်။ သူသည် သန့်ရှင်းသောပဋိညာဉ်ကို ဆန့်ကျင်လိုသည့်စိတ်ရှိသည့်အတိုင်း မိမိအလိုကျပြုပြီးမှ နေရင်းပြည်သို့ ပြန်သွားလိမ့်မည်။
ဆိုက်ပရပ်ကျွန်းမှစစ်သင်္ဘောတို့သည် သူ့ကိုလာတိုက်ကြလိမ့်မည်။ သူသည် ခံပြင်းလျက်ပြန်သွားလိမ့်မည်။ အမျက်ထွက်သဖြင့်သန့်ရှင်းသောပဋိညာဉ်ကိုဆန့်ကျင်ပြီး မိမိအလိုကျပြုလိမ့်မည်။ သူသည် ပြန်သွား၍ သန့်ရှင်းသောပဋိညာဉ်ကိုစွန့်ပယ်သောသူတို့အား မျက်နှာသာပေးလိမ့်မည်။
“ကြည့်ရှုလော့။ အမျက်တော်၏အဆုံး၌ဖြစ်ပျက်မည့်အရာကို သင့်အား ငါသိမြင်စေမည်။ ဤအဖြစ်အပျက်သည် သတ်မှတ်ထားသောနောက်ဆုံးအချိန်တွင် ဖြစ်လာလိမ့်မည်။
ကိုယ်တော်သည် လူတစ်ဦးတည်းမှ လူမျိုးအားလုံးကို ဖန်ဆင်း၍ ကမ္ဘာမြေပြင်အနှံ့တွင်နေထိုင်စေကာ အချိန်ကာလများနှင့် သူတို့နေထိုင်ရာနယ်နိမိတ်များကို ကြိုတင်ချမှတ်ပေးတော်မူ၏။
ဖခင်သတ်မှတ်သောအချိန်မရောက်မချင်း အိမ်မှုကိစ္စစီမံကွပ်ကဲသူနှင့်ဘဏ္ဍာစိုးတို့၏လက်အောက်၌ နေရ၏။