ထိုစာ၌ “တိုက်ပွဲပြင်းထန်သောနေရာတွင် ဥရိယကို ရှေ့တန်းတက်စေပြီး သင်တို့က နောက်ပြန်ဆုတ်ပါ။ သူအတိုက်ခိုက်ခံရပြီး သေပါစေ”ဟု ရေးထား၏။
ဒေသနာကျမ်း။ 8:11 - မြန်မာ့စံမီသမ္မာကျမ်း မကောင်းသောအမှုအတွက် စီရင်ချက်အလျင်အမြန်မချမှတ်သောကြောင့် လူသားတို့၏စိတ်နှလုံးသည် မကောင်းမှုပြုလိုသောသဘောနှင့် ပြည့်ဝလျက်ရှိ၏။ Common Language Bible အဓမ္မအမှုကို အလျင်အမြန်စစ်ကြော၍၊ ဒဏ် မပေးသောကြောင့်၊ လူသားတို့သည် အဓမ္မအမှုကို ပြုခြင်း ငှါ၊ ခိုင်မာစွာ သဘောထားကြ၏။ Garrad Bible မ ကောင်း မှု၌ စီ ရင် ဆုံး ဖြတ် ချက် ကို၊ ရုတ် တ ရက် မ ချ တတ် သည့် အ တွက်၊ လူ့ သား တို့ သည် အ ဆိုး ကို ပြု ရန် ရဲ ဝံ့ သော စိတ် ရှိ ကြ ၏။ Judson Bible အဓမ္မအမှုကို အလျင်အမြန်စစ်ကြော၍၊ ဒဏ်မပေးသောကြောင့်၊ လူသားတို့သည် အဓမ္မအမှုကိုပြုခြင်းငှာ၊ ခိုင်မာစွာ သဘောထားကြ၏။ |
ထိုစာ၌ “တိုက်ပွဲပြင်းထန်သောနေရာတွင် ဥရိယကို ရှေ့တန်းတက်စေပြီး သင်တို့က နောက်ပြန်ဆုတ်ပါ။ သူအတိုက်ခိုက်ခံရပြီး သေပါစေ”ဟု ရေးထား၏။
ကိုယ်တော်သည် သူတို့ကို ဘေးကင်းလုံခြုံစွာဖြင့် နားနေရသောအခွင့်ပေးတော်မူ၍ သူတို့သွားသောလမ်းများကိုလည်း စောင့်ကြည့်တော်မူ၏။
ဆိုးယုတ်သောသူသည် ဘဝင်မြင့်၍ ကိုယ်တော်ကိုမရှာတတ်။ “ဘုရားသခင်မရှိ”ဟု အစဉ်တွေးတောတတ်၏။
သူ၏စိတ်နှလုံးထဲ၌ “ငါသည် တုန်လှုပ်မည်မဟုတ်။ မျိုးဆက်အစဉ်အဆက် ဘေးအန္တရာယ်နှင့် ကြုံတွေ့ရမည်မဟုတ်”ဟု ဆိုတတ်၏။
သို့သော် အို ဘုရားရှင်၊ ကိုယ်တော်သည် သနားစုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘောနှင့်ပြည့်စုံသော ဘုရားသခင်ဖြစ်တော်မူပြီး စိတ်ရှည်သောသဘော၊ သမ္မာတရားနှင့်မေတ္တာကရုဏာကြွယ်ဝသော သဘောရှိတော်မူ၏။
ထာဝရဘုရားသည် သူ့ရှေ့မှဖြတ်သွား၍ “ထာဝရဘုရား၊ ထာဝရဘုရားသည် သနားစုံမက်တတ်သောဘုရား၊ ကျေးဇူးပြုတတ်သောဘုရား၊ စိတ်ရှည်သောဘုရား၊ မေတ္တာကရုဏာကြွယ်ဝသောဘုရား၊ သစ္စာတည်သောဘုရားဖြစ်၏။
ဖာရောမင်းကြီးသည် သက်သာရာရကြောင်းကို သိမြင်သောအခါ ထာဝရဘုရားမိန့်ဆိုတော်မူခဲ့သည့်အတိုင်း သူ၏စိတ်နှလုံးသည်ခိုင်မာလျက် မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲနေ၏။
သို့ရာတွင် ဖာရောမင်းကြီးသည် ဤတစ်ကြိမ်၌လည်း စိတ်နှလုံးခိုင်မာပြန်၍ အစ္စရေးလူမျိုးတို့ကိုမလွှတ်ဘဲနေလေ၏။
အားလုံးသည် တစ်ခုတည်းသောအဖြစ်နှင့်ကြုံတွေ့ရသည်ဟူသောဤအချက်သည် နေအောက်တွင်ပြုသမျှသောအမှုထဲမှ မကောင်းသောအမှုဖြစ်၏။ လူသားတို့၏စိတ်နှလုံးသည်လည်း မကောင်းမှုနှင့်ပြည့်နှက်လျက်ရှိ၍ သူတို့အသက်ရှင်စဉ် သူတို့၏စိတ်နှလုံးထဲ၌ ရူးသွပ်ခြင်းရှိ၏။ ထို့နောက်တွင် သူတို့သည် သေဆုံးကြရ၏။
ဆိုးယုတ်သောသူသည် သနားခြင်းကိုခံရသော်လည်း ဖြောင့်မတ်ခြင်းတရားကို မသင်ယူ။ သူသည် တရားသောပြည်၌ မတရားသဖြင့်ပြုလျက် ထာဝရဘုရား၏ဘုန်းတန်ခိုးတော်ကို မမြင်။
မည်သူ့ကို ထိတ်လန့်ကြောက်ရွံ့၍ သင်လိမ်လည်သနည်း၊ ငါ့ကို သင်မအောက်မေ့၊ ငါ့ကို သင့်စိတ်ထဲ၌ မထား။ ငါ ကြာမြင့်စွာတိတ်ဆိတ်နေသောကြောင့် သင်ငါ့ကိုမကြောက်သည် မဟုတ်လော။
ကြွင်းကျန်သောယုဒအမျိုးတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့သည် အီဂျစ်ပြည်သို့သွားရန် စိတ်အားပြင်းပြမည်ဆိုလျှင်၊ ထိုပြည်၌ပင် သွားရောက်နေထိုင်မည်ဆိုလျှင်
မောဘပြည်သားသည် ဖမ်းခေါ်သွားခြင်းမခံရ။ ငယ်စဉ်ကပင် အေးချမ်းစွာနေရ၏။ အနည်ထိုင်ကျန်ခဲ့သောစပျစ်ဝိုင်ကဲ့သို့ အိုးတစ်လုံးမှတစ်လုံးသို့ အပြောင်းမခံရ။ ထို့ကြောင့် အရသာမပျက်၊ ရနံ့လည်းမပြယ်”ဟု မိန့်တော်မူ၏။