ကိုယ်တော်၏နှုတ်ကပတ်တော်သည် အကျွန်ုပ်၏ခြေအတွက် မီးခွက်ဖြစ်ပြီး အကျွန်ုပ်၏လမ်းခရီးအတွက် အလင်းဖြစ်ပါ၏။
ဒေသနာကျမ်း။ 2:13 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အလင်းသည် အမှောင်ထက် ပို၍အကျိုးရှိသကဲ့သို့ ဉာဏ်ပညာသည် မိုက်မဲခြင်းထက် ပို၍အကျိုးရှိသည်ကို ငါတွေ့မြင်၏။ Common Language Bible သို့ရာတွင်၊ အလင်းသည် မှောင်မိုက်ထက်မြတ် သကဲ့သို့၊ ပညာသည် မိုက်မဲခြင်းထက်မြတ်သည်ကို ငါ သိမြင်၏။ Garrad Bible မှောင် မိုက် ထက် အ လင်း မြတ် သည့် နည်း တူ၊ မိုက် မဲ ခြင်း ထက် ပ ညာ မြတ် ကြောင်း ကို ငါ သိ မြင်၏။ Judson Bible သို့ရာတွင်၊ အလင်းသည် မှောင်မိုက်ထက်မြတ်သကဲ့သို့၊ ပညာသည် မိုက်မဲခြင်းထက် မြတ်သည်ကို ငါသိမြင်၏။ |
ကိုယ်တော်၏နှုတ်ကပတ်တော်သည် အကျွန်ုပ်၏ခြေအတွက် မီးခွက်ဖြစ်ပြီး အကျွန်ုပ်၏လမ်းခရီးအတွက် အလင်းဖြစ်ပါ၏။
ကိုယ်တော်၏နှုတ်ကပတ်တော်တို့ကိုဖွင့်ပြခြင်းသည် အလင်းကိုပေး၍ အသိဉာဏ်နည်းပါးသောသူတို့အား အသိဉာဏ်ကိုပေးပါ၏။
ဆင်ခြင်ဉာဏ်ရှိသောသူ၏ဉာဏ်ပညာမှာ မိမိလမ်းကိုသိရှိနားလည်ခြင်းဖြစ်၏။ မိုက်မဲသောသူတို့၏မိုက်မဲခြင်းမူကား လိမ်လည်လှည့်ဖြားခြင်းဖြစ်၏။
ရွှေကိုရရှိခြင်းထက် ဉာဏ်ပညာကိုရရှိခြင်းသည် အလွန်ကောင်း၏။ ငွေကိုရရှိခြင်းထက် အသိဉာဏ်ရရှိခြင်းကို ရွေးချယ်ရန်ကောင်း၏။
ပုဆိန်တုံးသောအခါ ၎င်း၏အသွားကိုမသွေးဘဲနေလျှင် ခွန်အားပို၍စိုက်ထုတ်ရလိမ့်မည်။ ဉာဏ်ပညာမူကား အောင်မြင်စေသောအကျိုးကျေးဇူးရှိ၏။
အလင်းသည် ချိုမြိန်၏။ နေကိုတွေ့မြင်ရခြင်းသည်လည်း မျက်စိအတွက်နှစ်လိုဖွယ်ဖြစ်၏။
ဉာဏ်ပညာသည် ပညာရှိသောသူကို မြို့ထဲ၌ရှိသောအုပ်ချုပ်သူဆယ်ဦးထက် ပို၍အားကြီးစေတတ်၏။
သို့ဖြစ်၍ ငါဆိုသည်ကား ဉာဏ်ပညာသည် အစွမ်းတန်ခိုးထက်ပို၍ကောင်း၏။ သို့သော် ဆင်းရဲသား၏ဉာဏ်ပညာသည် အထင်အမြင်သေးခြင်းခံရ၍ သူ၏စကားတို့ကို မည်သူမျှနားမထောင်ကြ။
ဉာဏ်ပညာသည် စစ်လက်နက်များထက် ပို၍ကောင်း၏။ သို့သော် အပြစ်ပြုသောသူတစ်ဦးသည် ကောင်းသောအမှုများစွာတို့ကို ဖျက်ဆီးတတ်၏။
ထိုအခါ သင်တို့သည် ဖြောင့်မတ်သောသူနှင့် ဆိုးယုတ်သောသူ၊ ဘုရားသခင်၏အမှုတော်ကို ဆောင်သောသူနှင့် မဆောင်သောသူကို ပြန်၍ ပိုင်းခြားသိမြင်ကြလိမ့်မည်။
သို့သော် သင်၏မျက်စိမကောင်းလျှင် သင်၏ကိုယ်ခန္ဓာတစ်ခုလုံးမှောင်မိုက်နေလိမ့်မည်။ သို့ဖြစ်၍ သင်၌ရှိသောအလင်းသည် အမှောင်ဖြစ်လျှင် ထိုအမှောင်သည် မည်မျှလောက် မှောင်လိမ့်မည်နည်း။
အဘယ်ကြောင့်ဆိုသော် တစ်ချိန်က သင်တို့သည် အမှောင်ဖြစ်ခဲ့သော်လည်း ယခုအခါ သခင်ဘုရား၌ အလင်းဖြစ်ကြ၏။ အလင်း၏သားသမီးများကဲ့သို့ အသက်ရှင်လျှောက်လှမ်းကြလော့။