ပျင်းရိသောသူသည် စိုက်ပျိုးရာသီ၌ ထွန်ယက်စိုက်ပျိုးခြင်းမပြုသောကြောင့် ရိတ်သိမ်းချိန်၌ တောင်းရမ်းသော်လည်း ဘာမျှမရချေ။
ဒေသနာကျမ်း။ 11:4 - မြန်မာ့စံမီသမ္မာကျမ်း လေကိုစောင့်ကြည့်နေသောသူသည် မျိုးစေ့ကိုကြဲရလိမ့်မည်မဟုတ်။ မိုးတိမ်ကိုကြည့်နေသောသူသည်လည်း ရိတ်သိမ်းရလိမ့်မည်မဟုတ်။ Common Language Bible လေကိုမှတ်တတ်သောသူသည် မျိုးစေ့ကိုမကြဲ။ မိုဃ်း တိမ်တို့ကို ပမာဏပြုတတ်သော သူသည်လည်း စပါးကိုမရိပ် ရာ။ Garrad Bible လေ ကို အ ရေး ပြု တတ် သူ သည် မျိုး ကြဲ ခြင်း၊ မိုး ကို ဂ ရု စိုက် တတ် သူ လည်း ကောက် ရိတ် ခြင်း ကို မ ပြု ရ ချေ။ Judson Bible လေကို မှတ်တတ်သောသူသည် မျိုးစေ့ကိုမကြဲ။ မိုးတိမ်တို့ကို ပမာဏပြုတတ်သော သူသည်လည်း စပါးကိုမရိပ်ရာ။ |
ပျင်းရိသောသူသည် စိုက်ပျိုးရာသီ၌ ထွန်ယက်စိုက်ပျိုးခြင်းမပြုသောကြောင့် ရိတ်သိမ်းချိန်၌ တောင်းရမ်းသော်လည်း ဘာမျှမရချေ။
ပျင်းရိသောသူက “အပြင်ဘက်၌ ခြင်္သေ့ရှိ၏။ ငါသည် လမ်းမပေါ်တွင် ကိုက်သတ်ခံရလိမ့်မည်”ဟု ဆိုတတ်၏။
သင့်လက်ထဲ၌ ကောင်းကျိုးပြုနိုင်စွမ်းရှိလျက်နှင့် ထိုကောင်းကျိုးကိုခံထိုက်သောသူတို့အား မပြုပေးဘဲမနေနှင့်။
တိမ်တိုက်များသည် မိုးရေနှင့်ပြည့်သောအခါ မြေကြီးပေါ်သို့ ရွာသွန်းတတ်၏။ သစ်ပင်သည်လည်း တောင်ဘက်သို့ဖြစ်စေ၊ မြောက်ဘက်သို့ဖြစ်စေ လဲကျလျှင် လဲကျရာအရပ်၌ရှိနေတတ်၏။
သင်သည် လေ၏လမ်းကြောင်းကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ဝမ်းထဲတွင် အရိုးများမည်သို့ဖြစ်တည်လာသည်ကိုလည်းကောင်း မသိနိုင်သကဲ့သို့ ခပ်သိမ်းသောအရာကိုဖန်ဆင်းသော ဘုရားသခင်၏အမှုတော်ကိုလည်း မသိနိုင်။