နတ်ဝိဇ္ဇာဆရာတို့သည်လည်း မိမိတို့၏ဝိဇ္ဇာအတတ်များအားဖြင့် မှက်ကောင်များဖြစ်လာအောင် ပြုကြသော်လည်း သူတို့မတတ်နိုင်ကြ။ ထို့ကြောင့် မှက်ကောင်များသည် လူနှင့်တိရစ္ဆာန်တို့အပေါ်၌ တွယ်ကပ်လျက်နေ၏။
မှော်ဆရာတို့လည်းမိမိတို့၏အတတ်ပညာ ဖြင့် တောခြင်များဖြစ်လာရန်အားထုတ်ကြ သော်လည်းမအောင်မြင်ကြချေ။ တောခြင် များသည်လူနှင့်တိရစ္ဆာန်တို့၌တွယ်ကပ် လေသည်။-
ဗေ ဒင် တတ် ဝိ ဇ္ဇာ ဆ ရာ တို့ လည်း ဝိ ဇ္ဇာ အ တတ် အား ဖြင့် မြေ လှေး ဖြစ် ပွား စေ ခြင်း ငှါ ထို နည်း တူ ပြု သော် လည်း မ တတ် နိုင် ကြ။ လူ နှင့် တိ ရ စ္ဆာန် တို့၌ မြေ လှေး တွယ် ကပ် လျက် ပင် ရှိ ၏။
ဝိဇ္ဇာဆရာတို့လည်း၊ ခြင်ကောင်တို့ကိုဖြစ်စေခြင်းငှာ ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြု၍ မတတ်နိုင်ကြ။ သို့ဖြစ်၍ လူတို့နှင့် တိရစ္ဆာန်တို့၌ ခြင်ကောင်တို့သည် ရှိကြ၏။
နံနက်ရောက်သောအခါ ဖာရောမင်းကြီးသည် စိတ်မငြိမ်မသက်ဖြစ်လေ၏။ ထို့ကြောင့် လူလွှတ်၍ အီဂျစ်ပြည်ရှိ နတ်ဝိဇ္ဇာဆရာအပေါင်းတို့နှင့် ပညာရှိအပေါင်းတို့ကိုခေါ်ပြီးလျှင် မိမိ၏အိပ်မက်ကို သူတို့အား ပြောပြလေ၏။ သို့သော် ဖာရောမင်းကြီးအတွက် ထိုအိပ်မက်တို့၏အနက်ကိုဖွင့်ပြနိုင်သောသူတစ်ယောက်မျှမရှိ။
လူတို့သည် တစ်ယောက်ကိုတစ်ယောက်မမြင်နိုင်ကြသဖြင့် သုံးရက်ပတ်လုံး မည်သူမျှ မိမိနေရာမှမထကြချေ။ သို့သော် အစ္စရေးအမျိုးသားအပေါင်းတို့နေထိုင်ရာအရပ်၌ အလင်းရောင်ရှိ၏။
ထိုအခါ ဖာရောမင်းကြီးသည် ပညာရှိများနှင့်မှော်ဆရာများကိုခေါ်၍ ထိုအီဂျစ်နတ်ဝိဇ္ဇာဆရာတို့သည်လည်း မိမိတို့၏နတ်ဝိဇ္ဇာအတတ်များဖြင့် ထိုနည်းတူပြုကြ၏။
သူတို့သည် အသီးသီးမိမိတို့၏တောင်ဝှေးကို ပစ်ချကြသောအခါ မြွေနဂါးများဖြစ်သွား၏။ သို့ရာတွင် အာရုန်၏တောင်ဝှေးသည် သူတို့၏တောင်ဝှေးများကိုမျိုလေ၏။
နတ်ဝိဇ္ဇာဆရာတို့သည်လည်း မိမိတို့၏ဝိဇ္ဇာအတတ်များဖြင့် ထိုနည်းတူပြု၍ ဖားများကို အီဂျစ်ပြည်တစ်လျှောက်သို့ တက်လာစေကြ၏။
နတ်ဝိဇ္ဇာဆရာများနှင့် အီဂျစ်လူမျိုးအားလုံးတို့၌ အနာစိမ်းပေါက်သဖြင့် နတ်ဝိဇ္ဇာဆရာတို့သည် အနာစိမ်းကြောင့် မောရှေ၏ရှေ့၌ မရပ်နိုင်ကြပေ။
သင်၏ပညာရှိတို့သည် အဘယ်မှာနည်း။ သူတို့သည် အီဂျစ်ပြည်နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ကြံစည်တော်မူသောအရာကို သင့်အား ပြောပြကြပါစေ။ ဖော်ပြကြပါစေ။
မှော်ဆရာများ၊ ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒပညာရှင်များအား ငါ့အိပ်မက်ကို ပြောပြသော်လည်း မည်သူမျှအိပ်မက်အနက်အဓိပ္ပာယ်ကို မဖော်ပြပေးနိုင်ကြ။
ထိုအခါ ရှင်ဘုရင်၏ပညာရှိအပေါင်းတို့သည် အခစားဝင်ကြ၏။ သို့သော် စာကို မဖတ်နိုင်၊ အနက်အဓိပ္ပာယ်ကိုလည်း မဖော်ပြပေးနိုင်ကြ။
ကိုယ်တော်ကလည်း“စာတန်သည် လျှပ်စီးလက်သကဲ့သို့ မိုးကောင်းကင်မှကျသည်ကို ငါမြင်ရ၏။