ကိုယ်တော်သည် မိမိအစေအပါးမောရှေနှင့် မိမိရွေးချယ်ထားသော အာရုန်တို့ကို စေလွှတ်တော်မူ၏။
ထွက်မြောက် 4:29 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မောရှေနှင့်အာရုန်တို့သည် သွား၍ အစ္စရေးအမျိုးသားသက်ကြီးဝါကြီးအပေါင်းတို့ကို စုဝေးစေကြ၏။ Common Language Bible ထိုနောက်မောရှေနှင့်အာရုန်တို့သည် ဣသရေလ အမျိုးသားတို့ထံသို့သွား၍ခေါင်းဆောင်များ ကိုစုရုံးစေ၏။- Garrad Bible မော ရှေ နှင့် အာ ရုန် တို့ သွား၍ ဣ သ ရေ လ အ မျိုး သား လူ ကြီး ရှိ သ မျှ ကို စည်း ဝေး စေ ကြ ပြီး လျှင်၊ Judson Bible ထိုသူညီနောင်နှစ်ပါးတို့သည်သွား၍ ဣသရေလအမျိုးသား အသက်ကြီးသူတို့ကိုစုဝေးစေပြီးလျှင်၊ |
ကိုယ်တော်သည် မိမိအစေအပါးမောရှေနှင့် မိမိရွေးချယ်ထားသော အာရုန်တို့ကို စေလွှတ်တော်မူ၏။
မောရှေသည် ပြန်လာ၍ လူတို့ထဲမှ သက်ကြီးဝါကြီးတို့ကို ခေါ်ပြီးလျှင် မိမိအား ထာဝရဘုရားမိန့်မှာတော်မူသော ထိုစကားအလုံးစုံတို့ကို သူတို့ရှေ့မှောက်၌ ပြန်ပြော၏။
တစ်ဖန် ထာဝရဘုရားက မောရှေအား “သင်နှင့်အတူ အာရုန်၊ နာဒပ်၊ အဘိဟုနှင့် အစ္စရေးသက်ကြီးဝါကြီးတို့ထဲမှ အယောက်ခုနစ်ဆယ်တို့သည် ထာဝရဘုရားထံတော်သို့ တက်လာ၍ အဝေးမှ ရှိခိုးကိုးကွယ်ကြစေ။
ဘုရားသခင်သည် အစ္စရေးအမျိုးသားခေါင်းဆောင်တို့ကို ဒဏ်ခတ်တော်မမူ။ ထို့ကြောင့် သူတို့သည် ကိုယ်တော်ကိုဖူးမြင်ကြ၏။ စားလျက်၊ သောက်လျက်နေကြ၏။
သင်သည် သွား၍ အစ္စရေးသက်ကြီးဝါကြီးတို့ကိုစုဝေးစေပြီးလျှင် သူတို့အား ‘သင်တို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့အား ကိုယ်ထင်ရှားပြတော်မူလျက် “ငါသည် သင်တို့ကိုလည်းကောင်း၊ အီဂျစ်ပြည်တွင် သင်တို့၌ဖြစ်ပျက်သောအရာကိုလည်းကောင်း အမှန်ပင် အကြည့်အရှုကြွလာပြီ။