ထွက်မြောက် 4:27 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက အာရုန်အား “မောရှေကိုကြိုဆိုရန် တောကန္တာရသို့သွားလော့”ဟု မိန့်တော်မူသဖြင့် အာရုန်သည် သွား၍ ဘုရားသခင်၏တောင်တော်၌ မောရှေနှင့်တွေ့ဆုံလျှင် သူ့ကိုနမ်းလေ၏။ Common Language Bible ထာဝရဘုရားကအာရုန်အား``မောရှေနှင့် တွေ့ဆုံရန်တောကန္တာရသို့သွားလော့'' ဟု အမိန့်ရှိတော်မူသည်အတိုင်းသူသွားလေ၏။ သူသည်မောရှေကို ထာဝရဘုရား၏တောင် ပေါ်၌တွေ့ဆုံလျှင်သူ့ကိုနမ်း၍နှုတ်ဆက်၏။- Garrad Bible ထာ ဝ ရ ဘု ရား က လည်း၊ မော ရှေ ကို ကြို ဆို ခြင်း ငှါ တော သို့ သွား လော့ ဟု မိန့် တော် မူ သည့် အ တိုင်း၊ အာ ရုန် သွား၍ ဘု ရား သခင့် တောင် တော် ပေါ် တွင် တွေ့ ကြုံ နမ်း ရှုပ် ပြီး လျှင်၊ Judson Bible ထာဝရဘုရားကလည်း၊ မောရှေကိုခရီးဦးကြိုပြုခြင်းငှာတောသို့သွားလော့ဟု အာရုန်အားမိန့်တော်မူသည်အတိုင်း၊ အာရုန်သည်သွားလျှင်၊ ဘုရားသခင်၏တောင်ပေါ်၌ မောရှေကိုတွေ့၍ နမ်းခြင်းကိုပြု၏။ |
ထို့ကြောင့် သူသည် ထ၍စားသောက်၏။ ထိုအစားအစာကြောင့် အားပြည့်လာပြီး ဟောရပ်ဟူသောဘုရားသခင်၏တောင်သို့ ရက်လေးဆယ်ပတ်လုံးခရီးဆက်၍
ကိုယ်တော်သည် မိမိအစေအပါးမောရှေနှင့် မိမိရွေးချယ်ထားသော အာရုန်တို့ကို စေလွှတ်တော်မူ၏။
မောရှေ၏ယောက္ခမယေသရောသည် မောရှေ၏မယားနှင့်သားတို့ကို ဘုရားသခင်၏တောင်တော်ရှိ မောရှေစခန်းချရာ တောကန္တာရသို့ ခေါ်ဆောင်လာပြီး
ထို့ကြောင့် မောရှေသည် မိမိယောက္ခမကိုကြိုဆိုရန်ထွက်လာ၍ သူ့ရှေ့၌ပျပ်ဝပ်ပြီး သူ့အားနမ်းလေ၏။ သူတို့သည် တစ်ဦးနှင့်တစ်ဦး သာကြောင်းမာကြောင်းမေးမြန်းပြီးလျှင် တဲထဲသို့ဝင်ကြ၏။
မောရှေသည် ဘုရားသခင်ထံသို့တက်သွားရာ ထာဝရဘုရားသည် သူ့အား တောင်ပေါ်မှ ခေါ်တော်မူလျက် “သင်သည် ယာကုပ်အမျိုးအနွယ်၊ အစ္စရေးအမျိုးသားတို့အား
လူအပေါင်းတို့သည် မိုးချုန်းသံများနှင့်တံပိုးမှုတ်သံကိုကြား၍ လျှပ်စီးများနှင့်မီးခိုးထွက်နေသောတောင်ကို တွေ့မြင်ကြသောအခါ လူတို့သည် ကြောက်ရွံ့တုန်လှုပ်၍ အဝေး၌ရပ်လျက်နေကြ၏။
ထိုအခါ မောရှေသည် မိမိလက်ထောက်ယောရှုနှင့်အတူထသွား၏။ မောရှေသည် ဘုရားသခင်၏တောင်တော်ပေါ်သို့တက်သွား၏။
မောရှေသည် မိမိယောက္ခမ မိဒျန်ယဇ်ပုရောဟိတ်ယေသရော၏သိုးဆိတ်တို့ကို ထိန်းကျောင်းနေစဉ် သူသည် သိုးဆိတ်တို့ကို တောကန္တာရအနောက်ဘက်သို့နှင်သွားရာ ဟောရပ် ဟုခေါ်သောဘုရားသခင်၏တောင်သို့ ရောက်လေ၏။
ကိုယ်တော်သည် မောရှေထံမှထွက်သွားလေ၏။ ထိုအခါ ဇိပေါရက “သင်သည် အရေဖျားလှီးခြင်းကြောင့် သွေးနှင့်ဆိုင်သောလင်ယောက်ျားဖြစ်ပါ၏”ဟု ဆိုလေ၏။
နှစ်ဦးသည် တစ်ဦးထက် ပို၍ကောင်း၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ကြိုးပမ်းအားထုတ်မှုအတွက် ကောင်းသောဆုလာဘ်ကိုသူတို့ရရှိကြ၏။
သူတို့ကို ငါစေလွှတ်လိုက်သည်ဖြစ်၍ ထပြီး အောက်သို့ဆင်းသွားကာ သံသယမရှိဘဲ သူတို့နှင့်အတူလိုက်သွားလော့”ဟု မိန့်တော်မူ၏။