Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 18:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 မောရှေ​၏​ယောက္ခမ​ယေသရော​သည် မောရှေ​၏​မယား​နှင့်​သား​တို့​ကို ဘုရားသခင်​၏​တောင်​တော်​ရှိ မောရှေ​စခန်းချ​ရာ တောကန္တာရ​သို့ ခေါ်ဆောင်​လာ​ပြီး

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ယေ​သ​ရော​သည်​မော​ရှေ​၏​ဇ​နီး​နှင့်​သား များ​တို့​ကို တော​ကန္တာ​ရ​ရှိ​ထာ​ဝ​ရ​ဘု​ရား ၏​တောင်​တွင်​စ​ခန်း​ချ​လျက်​ရှိ​သော​မော​ရှေ ထံ​သို့​ခေါ်​ဆောင်​လာ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 မော​ရှေ၏​ယော​က္ခ​မ​ယေ​သ​ရော​သည် မော​ရှေ​မ​ယား​နှင့် သား​တို့​ကို​ယူ၍၊ တော၌ ဘု​ရား​သ​ခင်၏​တောင်​တော်​နား၊ မော​ရှေ​တပ်​ချ​ရာ​အ​ရပ်​သို့ ရောက်​လာ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 18:5
10 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် သူ​သည် ထ​၍​စား​သောက်​၏​။ ထို​အစားအစာ​ကြောင့် အားပြည့်​လာ​ပြီး ဟောရပ်​ဟူသော​ဘုရားသခင်​၏​တောင်​သို့ ရက်​လေးဆယ်​ပတ်လုံး​ခရီးဆက်​၍


ယေသရော​က “​သင်​၏​ယောက္ခမ ငါ​ယေသရော​သည် သင့်​မယား​၊ သင့်​သား​နှစ်​ယောက်​တို့​နှင့်အတူ သင့်​ထံသို့​လာ​နေ​ပြီ​”​ဟု မောရှေ​ထံ ပြောကြား​စေ​၏​။


သူ​တို့​သည် တတိယ​နေ့​၌ အဆင်သင့်​ရှိ​နေ​ရ​မည်​။ အကြောင်းမူကား တတိယ​နေ့​၌ ထာဝရဘုရား​သည် လူ​အပေါင်း​တို့​၏​မျက်မှောက်​၊ သိနာ​တောင်​ပေါ်သို့ ကြွဆင်း​တော်မူ​မည်​။


ထိုသို့ ရေဖိဒိမ်​အရပ်​မှ ထွက်ခွာ​လာ​၍ သိနာ​တောကန္တာရ​သို့​ရောက်လာ​သော​အစ္စရေး​လူမျိုး​တို့​သည် ထို​တောကန္တာရ​ရှိ သိနာ​တောင်​ရှေ့​၌ စခန်းချ​ကြ​၏​။


ထာဝရဘုရား​သည် သိနာ​တောင်​ထိပ်​သို့ ကြွဆင်း​တော်မူ​ပြီး မောရှေ​အား တောင်​ထိပ်​သို့​တက်​ရန် ခေါ်​တော်မူ​သဖြင့် မောရှေ​သည် တက်သွား​လေ​၏​။


ထိုအခါ မောရှေ​သည် မိမိ​လက်ထောက်​ယောရှု​နှင့်အတူ​ထ​သွား​၏​။ မောရှေ​သည် ဘုရားသခင်​၏​တောင်​တော်​ပေါ်သို့​တက်သွား​၏​။


မောရှေ​သည် မိမိ​ယောက္ခမ မိဒျန်​ယဇ်ပုရောဟိတ်​ယေသရော​၏​သိုးဆိတ်​တို့​ကို ထိန်းကျောင်း​နေ​စဉ် သူ​သည် သိုးဆိတ်​တို့​ကို တောကန္တာရ​အနောက်ဘက်​သို့​နှင်​သွား​ရာ ဟောရပ် ဟု​ခေါ်​သော​ဘုရားသခင်​၏​တောင်​သို့ ရောက်​လေ​၏​။


ဘုရားသခင်​က “​အကယ်စင်စစ် သင်​နှင့်အတူ​ငါ​ရှိ​မည်​။ သင်​သည် အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​လာ​ပြီးလျှင် ဤ​တောင်​ပေါ်၌ သင်​တို့​သည် ဘုရားသခင်​ကို ဝတ်ပြု​ရ​ကြ​လိမ့်မည်​။ ဤသည်ကား သင့်​ကို ငါ​စေလွှတ်​ကြောင်း လက္ခဏာသက်သေ​ဖြစ်​သည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က အာရုန်​အား “​မောရှေ​ကို​ကြိုဆို​ရန် တောကန္တာရ​သို့​သွား​လော့​”​ဟု မိန့်​တော်မူ​သဖြင့် အာရုန်​သည် သွား​၍ ဘုရားသခင်​၏​တောင်​တော်​၌ မောရှေ​နှင့်​တွေ့ဆုံ​လျှင် သူ့​ကို​နမ်း​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ