ထာဝရဘုရားက အာဗြံအား “သင်သည် သင့်ပြည်မှလည်းကောင်း၊ သင့်ဆွေမျိုးသားချင်းတို့ထဲမှလည်းကောင်း၊ သင့်ဖခင်၏အိမ်မှလည်းကောင်း ထွက်ခွာ၍ သင့်ကိုငါပြမည့်ပြည်သို့သွားလော့။
ထွက်မြောက် 3:6 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ဘုရားသခင်က “ငါသည် သင့်ဖခင်၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။ မောရှေသည် ဘုရားသခင်ကိုမကြည့်ဝံ့သဖြင့် မိမိမျက်နှာကို ဖုံးကွယ်ထားလေ၏။ Common Language Bible ငါသည်သင့်အဖ၏ဘုရား၊ အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား ဖြစ်သည်'' ဟုမိန့်တော်မူ၏။ မောရှေသည် ဘုရားသခင်ကိုမကြည့်ဝံ့သဖြင့်၊ သူ၏ မျက်နှာကိုဖုံးအုပ်ထားလေ၏။ Garrad Bible ငါ သည် သင့် အ ဘ၏ ဘု ရား၊ အာ ဗြ ဟံ၏ ဘု ရား၊ ဣ ဇာက်၏ ဘု ရား၊ ယာ ကုပ်၏ ဘု ရား ဖြစ် သည် ဟူ ၍ လည်း ကောင်း မိန့် တော် မူ လျှင် မော ရှေ သည် ဘု ရား သ ခင် ကို မ ဖူး ဝံ့ သော ကြောင့် မျက် နှာ ကို ကွယ် ဝှက် လေ ၏။ Judson Bible ငါသည်သင့်အဘ၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟူ၍လည်းကောင်း မိန့်တော်မူ၏။ မောရှေသည် ဘုရားသခင်ကိုမကြည့်ဝံ့၊ မိမိမျက်နှာကို ဖုံးလျက်နေ၏။ |
ထာဝရဘုရားက အာဗြံအား “သင်သည် သင့်ပြည်မှလည်းကောင်း၊ သင့်ဆွေမျိုးသားချင်းတို့ထဲမှလည်းကောင်း၊ သင့်ဖခင်၏အိမ်မှလည်းကောင်း ထွက်ခွာ၍ သင့်ကိုငါပြမည့်ပြည်သို့သွားလော့။
ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
“အို အကျွန်ုပ်သခင်အာဗြဟံ၏ဘုရားသခင်ထာဝရဘုရား၊ ယနေ့ အကျွန်ုပ်၏အမှုကို အထမြောက်အောင်မြင်စေ၍ အကျွန်ုပ်၏သခင်အာဗြဟံအား မေတ္တာကရုဏာကိုပြတော်မူပါ။
ထိုည၌ ထာဝရဘုရားသည် သူ့အားကိုယ်ထင်ရှားပြ၍ “ငါသည် သင့်ဖခင်အာဗြဟံ၏ဘုရားဖြစ်၏။ မကြောက်နှင့်။ အကြောင်းမူကား ငါသည် သင်နှင့်အတူရှိ၏။ ငါသည် သင့်ကိုကောင်းချီးပေး၍ ငါ၏အစေအပါးအာဗြဟံအတွက်ကြောင့် သင်၏သားစဉ်မြေးဆက်ကိုများပြားစေမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် သူ့အနားတွင်ရပ်နေ၍ “ငါသည် သင့်ဖခင်အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရားတည်းဟူသော ထာဝရဘုရားဖြစ်၏။ သင်အိပ်နေသောမြေကို သင်နှင့်သင်၏သားစဉ်မြေးဆက်အား ငါပေးမည်။
သူသည် ကြောက်ရွံ့၍ “ဤအရပ်သည် အံ့ဩဖွယ်ကောင်းလှပါသည်တကား။ ဤအရပ်ကား အခြားမဟုတ်၊ ဘုရားသခင်၏အိမ်တော်ပေတည်း။ ဤအရပ်ကား ကောင်းကင်တံခါးဝပေတည်း”ဟု ဆို၏။
အကျွန်ုပ်ဖခင်၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်ကြောက်ရွံ့သောဘုရားသည် အကျွန်ုပ်နှင့်အတူရှိတော်မမူခဲ့လျှင် ဦးရီးသည် ယခု အမှန်ပင် အကျွန်ုပ်ကို လက်ချည်းသက်သက် ပြန်လွှတ်ခဲ့ပေလိမ့်မည်။ ဘုရားသခင်သည် အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်ခြင်းနှင့် ပင်ပန်းခက်ခဲစွာလုပ်ဆောင်ရခြင်းကိုမြင်၍ မနေ့ညက ဦးရီးကိုဆုံးမတော်မူပြီ”ဟု ဆိုလေ၏။
ထို့နောက် ယာကုပ်က “အကျွန်ုပ်အဖအာဗြဟံ၏ဘုရား၊ အကျွန်ုပ်အဖဣဇက်၏ဘုရား၊ အကျွန်ုပ်အား ‘သင့်ပြည်၊ သင့်ဆွေမျိုးသားချင်းတို့ထံသို့ ပြန်သွားလော့။ ငါသည် သင့်ကိုကောင်းစားစေမည်’ဟု မိန့်တော်မူသောထာဝရဘုရား၊
ညဦးပိုင်းယဇ်ပူဇော်ရမည့်အချိန်ရောက်သောအခါ ပရောဖက်ဧလိယသည် ယဇ်ပလ္လင်နားချဉ်းလာ၍ “အာဗြဟံ၊ ဣဇက်၊ အစ္စရေးတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အစ္စရေးလူမျိုးတွင်ဘုရားသခင်ဖြစ်ကြောင်း၊ အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါးဖြစ်ပြီး ကိုယ်တော်၏အမိန့်တော်ဖြင့် ဤအရာအားလုံးကိုပြုခြင်းဖြစ်ကြောင်း ယနေ့ ဤလူတို့ကို သိစေတော်မူပါ။
ဧလိယသည် ထိုအသံကိုကြားလျှင် မိမိမျက်နှာကို ဝတ်လုံနှင့်အုပ်ပြီး တောင်ထိပ်လိုဏ်ဂူဝတွင် ထွက်ရပ်နေ၏။ ထိုအခါ အသံတော်က “ဧလိယ၊ ဤနေရာတွင် ဘာလုပ်နေသနည်း”ဟု သူ့အား မေး၏။
အီဂျစ်ပြည်တွင် အကျွန်ုပ်တို့၏ဘိုးဘေးများ ဖိစီးနှိပ်စက်မှုခံရသည်ကို ကိုယ်တော်သိမြင်တော်မူပါ၏။ ဧဒုံပင်လယ်နားတွင် သူတို့၏အော်ဟစ်သံကို ကိုယ်တော်ကြားတော်မူပါ၏။
မော်ဒကဲက မိမိသည် ဂျူးလူမျိုးဖြစ်ကြောင်းကို ပြောပြထားပြီးဖြစ်၍ ထိုသူတို့ နေ့စဉ်နေ့တိုင်း ပြောဆိုနေသော်လည်း မကြားချင်ယောင်ဆောင်နေ၏။ ထိုအခါ မော်ဒကဲ၏လုပ်ရပ်ကိုသည်းခံမည်၊ မသည်းခံမည်ကို သိလို၍ ထိုသူတို့သည် ဟာမန်အားပြောပြကြ၏။
သူသည် ထာဝရဘုရားကိုတိုင်တည်၍ မည်သို့ကျိန်ဆိုခဲ့သည်ကိုလည်းကောင်း၊ ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင်ကို မည်သို့ကတိသစ္စာပြုခဲ့သည်ကိုလည်းကောင်း အောက်မေ့တော်မူပါ။
ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါကျူးဧရာတေးသီချင်း၊ ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါ၏ဘုရားဖြစ်တော်မူသော ကိုယ်တော်အား ငါချီးမွမ်းမည်။ ငါ့အဖ၏ဘုရားဖြစ်တော်မူသောကိုယ်တော်အား ငါချီးမြှောက်မည်။
သင်သည် သွား၍ အစ္စရေးသက်ကြီးဝါကြီးတို့ကိုစုဝေးစေပြီးလျှင် သူတို့အား ‘သင်တို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့အား ကိုယ်ထင်ရှားပြတော်မူလျက် “ငါသည် သင်တို့ကိုလည်းကောင်း၊ အီဂျစ်ပြည်တွင် သင်တို့၌ဖြစ်ပျက်သောအရာကိုလည်းကောင်း အမှန်ပင် အကြည့်အရှုကြွလာပြီ။
တစ်ဖန် ထာဝရဘုရားက “ငါ့ကိုမြင်သောသူသည် အသက်မရှင်ရ။ သို့ဖြစ်၍ သင်သည် ငါ့မျက်နှာကို မမြင်နိုင်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ဤအမှုကိုထောက်၍ သူတို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် သင့်အား ကိုယ်ထင်ရှားပြတော်မူကြောင်း သူတို့ယုံကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ငါသည် ထာဝရဘုရားဖြစ်ကြောင်း သိကျွမ်းသောစိတ်နှလုံးကို သူတို့အား ငါပေးမည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်။ အကြောင်းမူကား သူတို့သည် ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့ပြန်လာကြမည်’ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ထိုကာလပြီးနောက် အစ္စရေးလူမျိုးတို့နှင့် ငါဖွဲ့မည့်ပဋိညာဉ်သစ်ကား ဤသို့ဖြစ်၏။ သူတို့၏စိတ်နှလုံးထဲသို့ ငါ၏ပညတ်တရားကို သွင်းပေးမည်။ သူတို့၏နှလုံးသားပေါ်တွင် ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ သူတို့သည် ငါ၏ပြဋ္ဌာန်းချက်တို့ကိုလိုက်လျှောက်၍ ငါ၏စီရင်ထုံးဖွဲ့ချက်ကို လိုက်နာစောင့်ထိန်းကြလိမ့်မည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်။
သူတို့ကို ပြန်ခေါ်လာ၍ ဂျေရုဆလင်မြို့တွင် နေထိုင်စေပြီး သူတို့သည် ငါ၏လူမျိုးတော် ဖြစ်လိမ့်မည်။ ငါသည်လည်း သူတို့အဖို့ သစ္စာစောင့်သော၊ ဖြောင့်မတ်သောဘုရားသခင် ဖြစ်လိမ့်မည်’ဟု မိန့်တော်မူ၏။
တပည့်တော်တို့သည် ထိုအသံကိုကြားလျှင် အလွန်ကြောက်ရွံ့လျက် သူတို့မျက်နှာကို မြေမှာအပ်ထားကြ၏။
သေသောသူတို့၏ထမြောက်ခြင်းနှင့်ပတ်သက်၍ မောရှေ၏ကျမ်း၌ ချုံပုတ်အကြောင်းရေးထားသောအခန်းတွင် ဘုရားသခင်က ‘ငါသည် အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏’ဟု မောရှေအား မိန့်တော်မူခဲ့သည်ကို သင်တို့မဖတ်ဖူးကြသလော။
မောရှေသည်လည်း ချုံပုတ်အကြောင်းရေးထားသောအခန်းတွင် ထာဝရဘုရားကို ‘အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရား’ဟုခေါ်၍ သေလွန်သောသူတို့၏ထမြောက်ခြင်းအကြောင်းကို ဖော်ပြခဲ့၏။
ရှိမုန်ပေတရုသည် ထိုအခြင်းအရာကိုမြင်လျှင် ယေရှု၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် “သခင်၊ အကျွန်ုပ်သည် အပြစ်များသောသူဖြစ်၍ အကျွန်ုပ်ထံမှ ကြွသွားတော်မူပါ”ဟု လျှောက်လေ၏။
‘ငါသည် သင့်ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့၏ဘုရားဖြစ်၏’ဟူ၍ ထာဝရဘုရား၏အသံတော်ထွက်ပေါ်လာ၏။ ထိုအခါ မောရှေသည် တုန်လှုပ်လျက် မကြည့်ဝံ့ဘဲနေ၏။
ငါသည် အီဂျစ်ပြည်၌ရှိသော ငါ၏လူမျိုးတော်ခံနေရသည့် ဆင်းရဲဒုက္ခကိုတွေ့မြင်လျက် သူတို့၏ညည်းတွားသံကိုကြားရသည်ဖြစ်၍ သူတို့ကိုကယ်နုတ်ရန် ဆင်းလာပြီ။ ထို့ကြောင့် ယခုလာခဲ့လော့။ သင့်ကို အီဂျစ်ပြည်သို့ ငါစေလွှတ်မည်’ဟု မိန့်တော်မူ၏။
အို အစ္စရေးလူမျိုး၊ နားထောင်လော့။ ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းလော့။ သို့ပြုလျှင် သင့်အား သင့်ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကတိထားတော်မူသည့်အတိုင်း နို့နှင့်ပျားရည်စီးသောပြည်၌ သင်သည်ကောင်းစား၍ အလွန်တိုးပွားလိမ့်မည်။
သို့သော် အမှန်အားဖြင့် သူတို့သည် အထက်ကောင်းကင်အရပ်၌ရှိသည့်ပြည်တည်းဟူသော သာ၍မြတ်သောပြည်ကို အလွန်တောင့်တနေကြ၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ဘုရားဟုခေါ်ဝေါ်ခြင်းခံရသည်ကို ရှက်တော်မမူ။ အကြောင်းမူကား ကိုယ်တော်သည် သူတို့အတွက် မြို့တော်ကိုပြင်ဆင်ထားတော်မူ၏။
ထိုမြင်ကွင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသဖြင့် မောရှေက “ငါသည် အလွန်ကြောက်ရွံ့လျက် တုန်လှုပ်နေ၏”ဟု ဆိုလေ၏။
ငါသည် ထိုသူကိုမြင်ရသောအခါ သူ၏ခြေရင်း၌လဲကျ၍ လူသေကဲ့သို့ဖြစ်၏။ ထိုအခါ သူသည် ငါ့အပေါ်၌ သူ၏လက်ယာလက်ကိုတင်လျက်“မကြောက်နှင့်။ ငါသည် အဦးဆုံးနှင့်နောက်ဆုံးဖြစ်၏။
မာနော်က မိမိမယားအား “ငါတို့သည် ဘုရားသခင်ကို တွေ့မြင်ရပြီဖြစ်၍ အမှန်ပင်သေရတော့မည်”ဟု ဆို၏။