၃ ရာ 18:36 - မြန်မာ့စံမီသမ္မာကျမ်း36 ညဦးပိုင်းယဇ်ပူဇော်ရမည့်အချိန်ရောက်သောအခါ ပရောဖက်ဧလိယသည် ယဇ်ပလ္လင်နားချဉ်းလာ၍ “အာဗြဟံ၊ ဣဇက်၊ အစ္စရေးတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အစ္စရေးလူမျိုးတွင်ဘုရားသခင်ဖြစ်ကြောင်း၊ အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါးဖြစ်ပြီး ကိုယ်တော်၏အမိန့်တော်ဖြင့် ဤအရာအားလုံးကိုပြုခြင်းဖြစ်ကြောင်း ယနေ့ ဤလူတို့ကို သိစေတော်မူပါ။ အခန်းကိုကြည့်ပါ။Common Language Bible36 ညဥ့်ဦးယံယဇ်ပူဇော်ချိန်ရောက်သောအခါ ပရောဖက်ဧလိယသည်ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်၍``အို အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ ၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် သည်ဣသရေလအမျိုးသားတို့၏ဘုရား ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ် သည်ကိုယ်တော်၏အစေခံဖြစ်၍ဤအမှု အရာအလုံးစုံကို ကိုယ်တော်၏အမိန့်တော် အရပြုကြောင်းကိုလည်းကောင်းယနေ့သိ ကြပါစေသော။- အခန်းကိုကြည့်ပါ။Garrad Bible36 ညဉ့် ဦး ပူ ဇော် ချိန် ရောက် သော် ပ ရော ဖက် ဧ လိ ယ ချဉ်း ကပ်၍ အာ ဗြ ဟံ၊ ဣ ဇာက်၊ ဣ သ ရေ လ တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကိုယ် တော် သည် ဣ သ ရေ လ လူ မျိုး ၏ ဘု ရား ဖြစ် ကြောင်း ကို လည်း ကောင်း၊ အ ကျွန်ုပ် လည်း ကိုယ် တော့် ကျွန် ဖြစ် ၍ ဤ အ မှု အ လုံး စုံ ကို အ မိန့် တော် အ တိုင်း ဆောင် ရွက် ကြောင်း ကို လည်း ကောင်း ယ နေ့ သိ ကြ ပါ စေ သော။ အခန်းကိုကြည့်ပါ။Judson Bible36 ညဉ့်ဦးယံ ယဇ်ပူဇော်ချိန်ရောက်သောအခါ၊ ပရောဖက်ဧလိယသည် ချဉ်းလာ၍၊ အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဣသရေလအမျိုး၏ ဘုရားသခင် ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်သည် ကိုယ်တော်ကျွန်ဖြစ်၍ အမိန့်တော်အတိုင်း ဤအမှုအလုံးစုံတို့ကို ပြုကြောင်းကိုလည်းကောင်း၊ ယနေ့သိကြပါစေသော။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ဘုရားသခင်၏လူသည် အစ္စရေးဘုရင်ထံရောက်လာ၍ “ဆီးရီးယားဘုရင်က ‘ထာဝရဘုရားသည် တောင်ကိုပိုင်သောဘုရားသာဖြစ်၏။ လွင်ပြင်ကိုပိုင်သောဘုရား မဟုတ်ပါ’ဟု ဆိုလေပြီ။ ထို့ကြောင့် ဤစစ်သည်ထုကြီးကို သင့်လက်သို့ ငါအပ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရလိမ့်မည်ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
ကိုယ်တော်သည် ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှ နားညောင်းတော်မူပါ၊ ထိုတစ်ပါးအမျိုးသားတို့ တောင်းလျှောက်သမျှကို ပြုပေးတော်မူပါ။ သို့မှ မြေကြီးသားအပေါင်းတို့သည် ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့ကဲ့သို့ ကိုယ်တော်၏နာမတော်ကို သိကျွမ်း၍ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေကြပါလိမ့်မည်။ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကိုလည်း ကိုယ်တော်၏နာမတော်တည်ရာအိမ်တော်ဟု ခေါ်ဝေါ်ကြောင်း သိကြပါလိမ့်မည်။
တမန်တို့ကလည်း “လူတစ်ယောက်က အကျွန်ုပ်တို့ကို လာတွေ့ပြီး ‘သင်တို့ကိုစေလွှတ်လိုက်သော ရှင်ဘုရင်ထံပြန်သွား၍ သူ့အား ထာဝရဘုရားက ဧကြုန်ဘုရားဗာလဇေဗုပ်ကို သွားမေးစေသည်မှာ အစ္စရေးပြည်၌ ဘုရားသခင် မရှိသလော။ ထို့ကြောင့် သင်လဲလျောင်းရာသလွန်မှ ပြန်ထရမည်မဟုတ်။ သင်မုချသေရမည်ဟု မိန့်တော်မူကြောင်း ပြန်လျှောက်လော့’ဟူ၍ ဆိုပါ၏”ဟု လျှောက်တင်ကြ၏။
ဆက်သားတို့သည် ရှင်ဘုရင်နှင့်မှူးမတ်တို့ထံမှ စာကိုယူ၍ အစ္စရေးပြည်နှင့်ယုဒပြည်တစ်လျှောက်လုံးသို့သွား၏။ ရှင်ဘုရင်၏အမိန့်တော်စာတွင် “အို အစ္စရေးအမျိုးသားတို့၊ အာဗြဟံ၊ ဣဇက်နှင့် အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားထံ ပြန်လာကြလော့။ သို့မှ အဆီးရီးယားဘုရင်တို့လက်မှလွတ်မြောက်၍ ကြွင်းကျန်သောသင်တို့ထံသို့ ကိုယ်တော်ပြန်လာတော်မူမည်။
ဘုရားရှင်ထာဝရဘုရားက ‘သင်တို့သည် လူမျိုးခြားတို့အလယ်တွင် ငါ့နာမကိုရှုတ်ချသဖြင့် လူမျိုးခြားတို့အလယ်တွင် အရှုတ်ချခံခဲ့ရသည့် ကြီးမြတ်သောငါ့နာမကို ငါသန့်ရှင်းစေမည်။ ထိုသို့ သင်တို့အားဖြင့် ထိုသူတို့ရှေ့တွင် ငါသန့်ရှင်းကြောင်း ထင်ရှားစေသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို လူမျိုးတကာတို့ သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ထိုအခါ သန့်ရှင်းသူတစ်ပါး၏စကားသံကို ငါကြားရ၏။ စကားပြောနေသော ထိုသန့်ရှင်းသူတစ်ပါးကို အခြားသန့်ရှင်းသူတစ်ပါးက “ဗျာဒိတ်နိမိတ်ထဲတွင် နေ့စဉ်ပူဇော်သက္ကာ၊ လူဆိတ်ညံရာဖြစ်စေသောအပြစ်၊ သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေတို့ကို နင်းချေအပ်နှံခြင်းတို့နှင့်ဆိုင်သောအဖြစ်အပျက်သည် မည်မျှကြာကြာဖြစ်မည်နည်း”ဟု မေးမြန်းပြောဆိုသည်ကို ငါကြားရ၏။