သို့သော် သူတို့ကို ကျွန်ပြုမည့်လူမျိုးကို ငါစစ်ကြောစီရင်မည်။ ထို့နောက်မှ သူတို့သည် များစွာသောဥစ္စာနှင့်တကွ ထွက်လာကြလိမ့်မည်။
ထွက်မြောက် 3:21 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ဤလူမျိုးကို အီဂျစ်လူမျိုးတို့၏ရှေ့တွင် မျက်နှာရစေသဖြင့် သင်တို့ထွက်သွားသောအခါ လက်ချည်းသက်သက်မထွက်သွားရ။ Common Language Bible ``အီဂျစ်အမျိုးသားတို့ကငါ၏လူမျိုး တော်အား စေတနာမေတ္တာရှိလာစေရန်ငါ ပြုမည်ဖြစ်သောကြောင့်၊ သင်တို့ထိုပြည်မှ ထွက်ခွာရသောအခါလက်ချည်းသက် သက်မထွက်ခွာရ။- Garrad Bible ထို လူ မျိုး ကို အိ ဂျစ် လူ တို့ ထံ မျက် နှာ သာ ရ စေ၍ သင် တို့ ထွက် သွား ရာ ကာ လ လက် ချည်း မ သွား ရ ဘဲ၊ Judson Bible ထိုလူမျိုးသည် အဲဂုတ္တုလူတို့ထံ၌ မျက်နှာရသောအခွင့်ကိုငါပေး၍၊ သင်တို့သည် ထွက်သွားသောအခါ လက်ချည်းမသွားရကြ။ |
သို့သော် သူတို့ကို ကျွန်ပြုမည့်လူမျိုးကို ငါစစ်ကြောစီရင်မည်။ ထို့နောက်မှ သူတို့သည် များစွာသောဥစ္စာနှင့်တကွ ထွက်လာကြလိမ့်မည်။
သို့သော်လည်း ထာဝရဘုရားသည် ယောသပ်နှင့်အတူရှိ၍ သူ့ကို မေတ္တာကရုဏာပြလျက် ထောင်မှူးရှေ့၌ မျက်နှာရစေတော်မူ၏။
ကိုယ်တော်ကိုပြစ်မှားမိသော ကိုယ်တော့်လူမျိုးတော်တို့၏အပြစ်ကို ခွင့်လွှတ်တော်မူပါ။ ကိုယ်တော်ကို သူတို့ဆန့်ကျင်ကျူးလွန်မိသောအပြစ်အလုံးစုံတို့ကို ခွင့်လွှတ်တော်မူပါ။ သူတို့ကို ဖမ်းခေါ်သွားသောသူတို့အား သနားတတ်သောစိတ်ကိုပေးတော်မူပါ။ သို့မှ သူတို့ကို သနားပါလိမ့်မည်။
အို ဘုရားရှင်၊ ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကိုယ်တော်၏နာမတော်အား ကြောက်ရွံ့ရိုသေရသည်ကိုနှစ်သက်သော ကိုယ်တော့်အစေအပါးတို့၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ယနေ့ ကိုယ်တော့်အစေအပါးအား အောင်မြင်ခွင့်ပေးတော်မူပါ။ မင်းကြီးရှေ့မှာ ဤလူမျက်နှာသာရပါစေသော”ဟု ဆုတောင်း၏။ ထိုစဉ်က ငါသည် ရှင်ဘုရင်၏ဖလားတော်ဝန် ဖြစ်၏။
ထို့နောက် သူတို့ကို ရွှေ၊ ငွေနှင့်တကွ ထုတ်ဆောင်တော်မူ၏။ ထိုစဉ် ကိုယ်တော်၏လူမျိုးစုများတွင် အားနည်းသောသူတစ်ယောက်မျှမရှိချေ။
သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားသောသူ အပေါင်းတို့သည် သူတို့ကိုသနားစုံမက်ကြစေရန် ပြုတော်မူ၏။
ယောက်ျားသည် မိမိအိမ်နီးချင်းယောက်ျားထံမှလည်းကောင်း၊ မိန်းမသည် မိမိအိမ်နီးချင်းမိန်းမထံမှလည်းကောင်း ရွှေထည်၊ ငွေထည်တို့ကို တောင်းယူရန် အစ္စရေးလူမျိုးတို့အား ပြောကြားလော့”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အီဂျစ်လူမျိုးတို့၏မျက်မှောက်တွင် မျက်နှာရစေတော်မူ၏။ မောရှေသည်လည်း အီဂျစ်ပြည်တွင် ဖာရောမင်းကြီး၏အမှုထမ်းတို့နှင့် အီဂျစ်လူမျိုးတို့မျက်မှောက်၌ ကြီးမြတ်သောပုဂ္ဂိုလ်ဖြစ်လေ၏။
အစ္စရေးအမျိုးသားတို့သည် မောရှေ၏စကားအတိုင်းပြုကြ၏။ အီဂျစ်လူမျိုးတို့ထံမှ ရွှေထည်ငွေထည်များနှင့် အဝတ်အစားများကို တောင်းကြ၏။
ထာဝရဘုရားသည်လည်း အစ္စရေးလူမျိုးတို့ကို အီဂျစ်လူမျိုးတို့ရှေ့မှောက်၌ မျက်နှာရစေတော်မူသဖြင့် သူတို့တောင်းသောအရာများကိုပေးကြ၏။ ဤသို့ဖြင့် သူတို့သည် အီဂျစ်လူမျိုးတို့ထံမှ သိမ်းယူကြလေ၏။
လူတစ်ဦးပြုမူကျင့်ကြံသောအမှုအရာကို ထာဝရဘုရားနှစ်သက်တော်မူသောအခါ ထိုသူ၏ရန်သူများကိုပင် သူနှင့်သင့်မြတ်စေတော်မူ၏။
သူ၏ဆင်းရဲဒုက္ခအလုံးစုံတို့ထဲမှ သူ့ကိုကယ်နုတ်ပြီး သူ့အားဉာဏ်ပညာကိုပေးလျက် အီဂျစ်ဘုရင် ဖာရောမင်းရှေ့၌ မျက်နှာရစေတော်မူ၏။ ထိုအခါ ဖာရောမင်းသည် အီဂျစ်ပြည်နှင့်မိမိ၏နန်းတော်တစ်ခုလုံးကို ဦးဆောင်သူအဖြစ် သူ့ကိုခန့်ထားလေ၏။
သင်သည် ထိုသူကို လွတ်လပ်သောသူအဖြစ် သင့်ထံမှထွက်သွားခွင့်ပြုသောအခါ သူ့အား လက်ချည်းသက်သက်မလွှတ်ရ။