ဘောင်တစ်ခုအောက်ရှိ စရွေးတံနှစ်ခုအတွက် အောက်ခံအစွပ်နှစ်ခု၊ နောက်ဘောင်တစ်ခုအောက်ရှိ စရွေးတံနှစ်ခုအတွက် အောက်ခံအစွပ်နှစ်ခု စသည်ဖြင့် ဘောင်အခုနှစ်ဆယ်အတွက် အောက်ခံငွေအစွပ် အခုလေးဆယ်လုပ်ရမည်။
ထွက်မြောက် 26:25 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဘောင်ရှစ်ခုရှိမည်။ ဘောင်တစ်ခုအောက်၌ အောက်ခံအစွပ်နှစ်ခု၊ နောက်ဘောင်တစ်ခုအောက်၌ အောက်ခံအစွပ်နှစ်ခု စသည်ဖြင့် ထိုဘောင်တို့အတွက် အောက်ခံငွေအစွပ် တစ်ဆယ့်ခြောက်ခုလုပ်ရမည်။ Common Language Bible သို့ဖြစ်၍ဘောင်ခွေရှစ်ခုနှင့်တစ်ခုစီအတွက် ငွေ ဖိနပ်နှစ်ခုကျဖြင့်ငွေဖိနပ်တစ်ဆယ့်ခြောက်ခု ရှိရမည်။ Garrad Bible ၎င်း ဘောင် ခွေ ရှစ် ခု ရှိ သည် နှင့် အ ညီ၊ တစ် ခွေ လျှင် နှစ် ခု၊ ငွေ အောက် ခံ ခုံ ဆယ့် ခြောက် ခု ရှိ ရ မည်။ Judson Bible ပျဉ်ပြားရှစ်ပြား၊ ငွေခြေစွပ်ဆယ်ခြောက်ခု၊ တစ်ပြားနှစ်ခုစီရှိရမည်။ |
ဘောင်တစ်ခုအောက်ရှိ စရွေးတံနှစ်ခုအတွက် အောက်ခံအစွပ်နှစ်ခု၊ နောက်ဘောင်တစ်ခုအောက်ရှိ စရွေးတံနှစ်ခုအတွက် အောက်ခံအစွပ်နှစ်ခု စသည်ဖြင့် ဘောင်အခုနှစ်ဆယ်အတွက် အောက်ခံငွေအစွပ် အခုလေးဆယ်လုပ်ရမည်။
ထိုဘောင်တို့သည် အောက်ပိုင်း၌ နှစ်ခွဖြစ်နေရမည်။ ထိပ်ပိုင်းတွင် ဘောင်နှစ်ခုစလုံးကို ကွင်းတစ်ခုတည်း၌ အတူတူချိတ်ထားရမည်။ ထောင့်များအတွက် ဘောင်နှစ်ခုစလုံး ထိုနည်းတူဖြစ်ရမည်။
ကိန်းဝပ်တော်မူရာတဲတော်တစ်ဖက်ရှိဘောင်များအတွက် အကေရှားသစ်သား ကန့်လန့်ကျင်ငါးချောင်းကိုလည်းကောင်း၊
ထို့ကြောင့် ဘောင်ရှစ်ခုရှိ၏။ ဘောင်တစ်ခုစီအောက်၌ အောက်ခံအစွပ်နှစ်ခုစီရှိ၏။ ထိုဘောင်တို့အတွက် အောက်ခံငွေအစွပ်တစ်ဆယ့်ခြောက်ခုရှိ၏။
ငွေတာလန်တစ်ရာဖြင့် သန့်ရှင်းရာဌာနအတွက် အောက်ခံအစွပ်များနှင့် ကန့်လန့်ကာအတွက် အောက်ခံအစွပ်များကို သွန်းလုပ်၏။ အောက်ခံအစွပ်တစ်ခုလျှင် တစ်တာလန်၊ အောက်ခံအစွပ်တစ်ရာအတွက် တာလန်တစ်ရာဖြစ်၏။