ထိုသူတို့ဝန်းကျင်၌ရှိသောလူအပေါင်းတို့သည်လည်း မိမိတို့စေတနာအလျောက် ရွှေငွေအသုံးအဆောင်များ၊ ပစ္စည်းဥစ္စာများ၊ တိရစ္ဆာန်များ၊ အဖိုးတန်လက်ဆောင်များဖြင့် ပါဝင်ပေးလှူကြ၏။
ထွက်မြောက် 25:2 - မြန်မာ့စံမီသမ္မာကျမ်း “ငါ့ထံသို့ အလှူပစ္စည်းကိုယူဆောင်လာကြမည့်အကြောင်း အစ္စရေးအမျိုးသားတို့အားဆင့်ဆိုလော့။ ငါ့အား စေတနာစိတ်ဖြင့်ပေးလှူသူအပေါင်းတို့ထံမှ အလှူပစ္စည်းကို သင်တို့ခံယူရမည်။ Common Language Bible ``ဣသရေလအမျိုးသားတို့သည် ငါ့အား လှူဖွယ်ပစ္စည်းတို့ကိုဆက်သရမည်ဟူ၍ ပြောကြားလော့။ သင်သည်အမျိုးသားတိုင်း ထံမှစေတနာအလျောက် ပေးလှူသမျှ ပစ္စည်းတို့ကိုလက်ခံရမည်။- Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ သည် ငါ့ အ ဖို့ မြှောက် ဆက် ရာ အ လှူ ဝ တ္ထု ကို ဆောင် ခဲ့ ကြ စေ ရန် ဆင့် ဆို လော့။ စိတ် စေ တ နာ ထက် သန် သူ ရှိ သ မျှ တို့ ထံ မှ အ လှူ ကို ခံ ယူ လော့။ Judson Bible ငါ့အား လက်ဆောင်ပဏ္ဏာကို ဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့။ ကြည်ညိုသောစေတနာစိတ်နှင့် ငါ့အား လှူသမျှသောသူတို့၌ သင်သည် အလှူကိုခံရမည်။ |
ထိုသူတို့ဝန်းကျင်၌ရှိသောလူအပေါင်းတို့သည်လည်း မိမိတို့စေတနာအလျောက် ရွှေငွေအသုံးအဆောင်များ၊ ပစ္စည်းဥစ္စာများ၊ တိရစ္ဆာန်များ၊ အဖိုးတန်လက်ဆောင်များဖြင့် ပါဝင်ပေးလှူကြ၏။
အိမ်ထောင်စုအကြီးအမှူးအချို့တို့သည် ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏အိမ်တော်သို့ရောက်လာသောအခါ ထိုနေရာ၌ပြန်တည်ဆောက်မည့် ဘုရားသခင်၏အိမ်တော်အဖို့ အလှူပစ္စည်းများကို စေတနာစိတ်အလျောက် ပေးလှူကြ၏။
ပုံမှန်မီးရှို့ရာယဇ်ကိုလည်း ပူဇော်ကြ၏။ ထို့ပြင် လဆန်းနေ့များ၊ ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်နေ့များဆိုင်ရာ ပူဇော်သက္ကာများနှင့် ထာဝရဘုရားအား စေတနာအလျောက် အသီးသီးပေးလှူသောပူဇော်သက္ကာများကိုလည်း ပူဇော်ကြ၏။
ဘေဘီလုံနယ်တစ်ဝန်းလုံးမှ ပေးလှူထောက်ပံ့သောရွှေငွေများ၊ ဂျေရုဆလင်မြို့ရှိဘုရားသခင်၏အိမ်တော်အဖို့ အစ္စရေးလူမျိုးနှင့် ယဇ်ပုရောဟိတ်တို့ စေတနာစိတ်ဖြင့်ပေးလှူလိုက်သော ရွှေငွေများကိုလည်း ယူဆောင်သွားလော့။
မိမိတို့ဆန္ဒအလျောက် ဂျေရုဆလင်မြို့၌နေထိုင်လိုသောသူအပေါင်းတို့ကို လူတို့သည် ကောင်းချီးပေးကြ၏။
သင်၏တန်ခိုးထင်ရှားသောနေ့၌ သင်၏လူမျိုးသည် စေတနာစိတ်နှင့်ပါဝင်ကြလိမ့်မည်။ သင်၏ပျိုရွယ်ခြင်းနှင်းစက်သည် သန့်ရှင်းသောဘုန်းအာနုဘော်ကိုဆောင်လျက် နံနက်အချိန်ဝမ်းဗိုက်ထဲမှ သင့်ထံသို့လာလိမ့်မည်။
အလှူပစ္စည်းအဖြစ် ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ပေးလှူပူဇော်သည့် ဆယ်ဖို့တစ်ဖို့တို့ကို လေဝိအမျိုးတို့အား အမွေအဖြစ် ငါပေးပြီဖြစ်၍ သူတို့သည် အစ္စရေးအမျိုးသားတို့နှင့်အတူ အမွေမခံရဟု သူတို့အား ငါဆိုခြင်းဖြစ်သည်”ဟု မိန့်တော်မူ၏။
လူတစ်ဦးစီသည် နှမြောသောစိတ်ဖြင့်မဟုတ်။ မလွှဲမရှောင်သာသောအားဖြင့်လည်းမဟုတ်ဘဲ မိမိ၏စိတ်ထဲ၌ ဆုံးဖြတ်ထားသည့်အတိုင်း ပေးလှူသင့်၏။ အကြောင်းမူကား ဘုရားသခင်သည် ကြည်ဖြူသောစိတ်ဖြင့်ပေးလှူသောသူကို နှစ်သက်တော်မူ၏။
ထာဝရဘုရားကို ချီးမွမ်းကြလော့။ အစ္စရေးလူမျိုးတို့၏ခေါင်းဆောင်များ၊ လူတို့နှင့်အတူ အသက်စွန့်တိုက်ပွဲဝင်ကြသောသူများအတွက် ငါဂုဏ်ယူ၏။