ဘုရားသခင်သည် မိုးကောင်းကင်၏နှင်းကိုလည်းကောင်း၊ မြေကြီး၏အဆီအနှစ်ကိုလည်းကောင်း၊ များစွာသောကောက်ပဲသီးနှံနှင့်စပျစ်ဝိုင်အသစ်ကိုလည်းကောင်း သင့်အားပေးတော်မူပါစေ။
ထွက်မြောက် 21:2 - မြန်မာ့စံမီသမ္မာကျမ်း ဟေဗြဲလူမျိုးကျွန်တစ်ယောက်ကိုဝယ်လျှင် သူသည် ခြောက်နှစ်အစေခံ၍ ခုနစ်နှစ်မြောက်၌ အဖိုးအခမပေးဘဲ လွတ်လပ်သောသူအဖြစ် ထွက်သွားခွင့်ရှိ၏။ Common Language Bible ဟေဗြဲအမျိုးသားကျွန်တစ်ယောက်ကိုဝယ် လျှင် သူသည်ခြောက်နှစ်ကျွန်ခံစေရမည်။ သတ္တမ နှစ်သို့ရောက်သော်သူသည်ကြေးမပေးရဘဲ လွတ်လပ်ခွင့်ရရှိစေရမည်။- Garrad Bible ဟေ ဗြဲ လူ မျိုး ဖြစ် သော ကျွန် ကို ဝယ် လျှင် ထို ကျွန် သည် ခြောက် နှစ် အ စေ ခံ၍ သ တ္တ မ နှစ် တွင် ကိုယ် နေ ကြေး မဲ့ လွတ် သွား စေ။ Judson Bible ဟေဗြဲအမျိုးဖြစ်သော ကျွန်ကိုဝယ်လျှင်၊ ခြောက်နှစ်သာအစေကျွန်ခံစေရမည်။ သတ္တမနှစ်ရောက်သော်၊ ကိုယ်ဖိုးကို မတောင်းဘဲလွှတ်ရမည်။ |
ဘုရားသခင်သည် မိုးကောင်းကင်၏နှင်းကိုလည်းကောင်း၊ မြေကြီး၏အဆီအနှစ်ကိုလည်းကောင်း၊ များစွာသောကောက်ပဲသီးနှံနှင့်စပျစ်ဝိုင်အသစ်ကိုလည်းကောင်း သင့်အားပေးတော်မူပါစေ။
ဧသောကလည်း “သူ့အမည်ကို ယာကုပ် ဟုမှည့်ခေါ်ထားသည်မှာ မှန်နေသည်မဟုတ်လော။ သူသည် အကျွန်ုပ်ကို နှစ်ကြိမ်တိုင်တိုင်လှည့်စားပြီ။ ယခင်က အကျွန်ုပ်၏သားဦးအရိုက်အရာကိုယူသွား၏။ ယခုလည်း အကျွန်ုပ်၏ကောင်းချီးမင်္ဂလာကိုယူသွား၏”ဟု ဆိုပြီးလျှင် “အဖေ အကျွန်ုပ်အတွက် ကောင်းချီးမင်္ဂလာတစ်ပါးမျှ မချန်ထားပေးသလော”ဟု ဆို၏။
ပရောဖက်အဖွဲ့သားများ၏ဇနီးသည်များထဲမှ အမျိုးသမီးတစ်ယောက်က ဧလိရှဲအား “အရှင့်အစေအပါး အကျွန်ုပ်၏ခင်ပွန်း သေဆုံးသွားပါပြီ။ အရှင့်အစေအပါးသည် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေကြောင်းကို အရှင်သိပါ၏။ ယခုမှာ ကြွေးရှင်က အကျွန်ုပ်၏သားနှစ်ဦးကို ကျွန်အဖြစ် သိမ်းယူဖို့ လာပါပြီ”ဟု အော်ဟစ်အကူအညီတောင်းလေ၏။
သူတို့အား “လူမျိုးခြားတို့ထံ အရောင်းစားခံလိုက်ရသော ငါတို့အမျိုးသားချင်းဂျူးလူမျိုးတို့ကို ငါတို့ မဖြစ်မနေပြန်ဝယ်ယူခဲ့ပြီးမှ သင်တို့သည် ကိုယ့်အမျိုးသားချင်းကို ပြန်ရောင်းစားပါပြီတကား။ ငါတို့ထံ ပြန်ရောင်းစားကြပါပြီတကား”ဟု ဆိုသောအခါ သူတို့သည် ဘာမျှပြန်မပြောဘဲ ဆိတ်ဆိတ်နေကြ၏။
သို့သော် ငွေဖြင့်ဝယ်ထားသောမည်သည့်ကျွန်ယောက်ျားမဆို အရေဖျားလှီးခြင်းကိုခံပြီးလျှင် စားနိုင်၏။
တစ်ယောက်တည်းရောက်လာလျှင် တစ်ယောက်တည်းထွက်သွားရမည်။ သူသည် မယားရှိသောသူဖြစ်လျှင် သူ၏မယားသည် သူနှင့်အတူထွက်သွားရမည်။
တစ်စုံတစ်ဦးသည် မိမိ၏သမီးကို ကျွန်အဖြစ်ရောင်းလျှင် ထိုကျွန်မသည် ကျွန်ယောက်ျားထွက်သွားသကဲ့သို့ မထွက်သွားရ။
နေ့အချိန်ဖြစ်လျှင် ရိုက်သောသူ၌ လူသတ်သောအပြစ်ရှိ၏။ သူခိုးသည် မုချအလျော်ပေးရမည်။ သူ၌မည်သည့်အရာမျှမရှိလျှင် ခိုးယူထားသောအရာအတွက် သူသည်အရောင်းခံရမည်။
ထိုသို့သောနည်းတို့ဖြင့် သူ့ကိုယ်သူ မရွေးနုတ်နိုင်လျှင်လည်း မင်္ဂလာရတုနှစ်ရောက်သောအခါ သူနှင့် သူ၏သားသမီးတို့သည် လွတ်မြောက်ခွင့်ရရှိမည်။
သို့သော် ထိုသူ၌ အကြွေးဆပ်စရာမရှိသောကြောင့် သူကိုယ်တိုင်မှစ၍ သားမယားနှင့် သူပိုင်ဆိုင်သောအရာအားလုံးတို့ကိုရောင်း၍ အကြွေးဆပ်ရန် သူ့သခင်သည် အမိန့်ချလေ၏။
သင်တို့ကို အဖိုးအခပေး၍ ဝယ်ယူထားတော်မူ၏။ ထို့ကြောင့် သင်တို့၏ကိုယ်ခန္ဓာအားဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေကြလော့။
ထိုသူသည် သူရင်းငှား၏လုပ်အားခနှစ်ဆဖြင့် သင့်ကို ခြောက်နှစ်ကျွန်ခံခဲ့ပြီဖြစ်သောကြောင့် သင်သည် ထိုသူကို လွတ်လပ်သောသူအဖြစ် သင့်ထံမှထွက်သွားခွင့်ပြုရမည်ကို ခက်ခဲသည်ဟု မထင်နှင့်။ ထိုသို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ပြုလေရာရာ၌ သင့်ကိုကောင်းချီးပေးတော်မူမည်။
ထို့နောက် မောရှေက သူတို့အား “အကြွေးလျှော်ပစ်ရန်သတ်မှတ်ထားသောနှစ်ဖြစ်သည့် ခုနစ်နှစ်ပြည့်သောနှစ်၊ ယာယီတဲစုပွဲတော်အချိန်ရောက်တိုင်း