“အကျွန်ုပ်သည် သင်တို့တွင် တိုင်းတစ်ပါးသားဧည့်သည်ဖြစ်ပါ၏။ အကျွန်ုပ်မယား၏အလောင်းကို ထုတ်သွား၍သင်္ဂြိုဟ်ရန် သင်တို့ပိုင်သောသင်္ချိုင်းမြေကို အကျွန်ုပ်အား ရောင်းပေးပါ”ဟု ဆို၏။
ထွက်မြောက် 2:22 - မြန်မာ့စံမီသမ္မာကျမ်း ဇိပေါရသည် သားကိုမွေးဖွားလျှင် မောရှေက “ငါသည် တစ်ပါးအမျိုးသားပြည်၌ ဧည့်သည်ဖြစ်ရပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို ဂေရရှုံ ဟုမှည့်ခေါ်၏။ Common Language Bible ဇိပေါရသည်သားတစ်ယောက်ကိုဖွားမြင်သော အခါ၊ မောရှေက``ငါသည်တစ်ရပ်တစ်ကျေးတွင် ဧည့်သည်ဖြစ်ရပါသည်'' ဟုဆို၍ထိုသားကို ဂေရရှုံဟုနာမည်မှည့်လေ၏။ Garrad Bible ထို မိန်း မ သား ယောက်ျား ကို ဖွား လျှင် မော ရှေ က၊ သူ စိမ်း ပြည် တွင် ငါဧည့် သည် ဖြစ် သည် ဟု ဆို လျက် ဂေ ရ ရှုံ အ မည် ဖြင့် မှည့် လေ ၏။ Judson Bible ထိုမိန်းမဖွားသောသားကို ဂေရရှုံအမည်ဖြင့်မှည့်၏။ အကြောင်းမူကား၊ ငါသည်တစ်ကျွန်းတစ်နိုင်ငံ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟုဆိုသတည်း။ |
“အကျွန်ုပ်သည် သင်တို့တွင် တိုင်းတစ်ပါးသားဧည့်သည်ဖြစ်ပါ၏။ အကျွန်ုပ်မယား၏အလောင်းကို ထုတ်သွား၍သင်္ဂြိုဟ်ရန် သင်တို့ပိုင်သောသင်္ချိုင်းမြေကို အကျွန်ုပ်အား ရောင်းပေးပါ”ဟု ဆို၏။
သူတို့သည် လူမျိုးတစ်မျိုးမှတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံမှတစ်နိုင်ငံသို့ လှည့်လည်သွားလာခဲ့ကြရ၏။
အကျွန်ုပ်တို့သည် ကိုယ်တော့်ရှေ့တွင် တိုင်းတစ်ပါးသားများဖြစ်ကြပါ၏။ ဘိုးဘေးတို့ကဲ့သို့ပင် ဧည့်သည်များ ဖြစ်ကြပါ၏။ မြေကြီးပေါ်တွင် အသက်ရှင်နေရသည်မှာ အရိပ်ကဲ့သို့ဖြစ်၍ မျှော်လင့်စရာ မရှိပါ။
အကျွန်ုပ်သည် ကမ္ဘာမြေကြီးပေါ်တွင် ဧည့်သည်ဖြစ်ပါ၏။ ကိုယ်တော်၏ပညတ်တော်တို့ကို ဝှက်ထားတော်မမူပါနှင့်။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏အော်ဟစ်သံကို စူးစိုက်နားထောင်တော်မူပါ။ အကျွန်ုပ်၏မျက်ရည်ကိုကြည့်၍ တိတ်ဆိတ်စွာနေတော်မမူပါနှင့်။ အကြောင်းမူကား အကျွန်ုပ်သည် ကိုယ်တော့်ထံ၌ရှိသော တိုင်းတစ်ပါးသားဖြစ်၍ အကျွန်ုပ်၏ဘိုးဘေးအပေါင်းတို့နည်းတူ ဧည့်သည်မျှသာဖြစ်ပါ၏။
သူငယ်ကြီးပြင်းလာသောအခါ မိခင်သည် ဖာရောမင်းကြီး၏သမီးတော်ထံသို့ သူငယ်ကို ခေါ်ဆောင်လာ၍ သူသည် မင်းသမီး၏သားဖြစ်လာ၏။ မင်းသမီးက “သူ့ကိုရေထဲမှငါဆယ်ယူခဲ့၏”ဟု ဆိုပြီး သူ၏အမည်ကို မောရှေ ဟုမှည့်ခေါ်လေ၏။
သင်တို့သည် အီဂျစ်ပြည်၌ တိုင်းတစ်ပါးသားဖြစ်ခဲ့ဖူးသည်ဖြစ်၍ တိုင်းတစ်ပါးသားအား နိုင်ထက်စီးနင်းမပြုရ၊ မညှဉ်းဆဲရ။
ထို့ကြောင့် မောရှေသည် မိမိမယားနှင့်သားတို့ကိုခေါ်၍ မြည်းပေါ်တင်ပြီးလျှင် အီဂျစ်ပြည်သို့ပြန်သွားလေ၏။ မောရှေသည် မိမိ၏လက်ထဲ၌ ဘုရားသခင်၏တောင်ဝှေးတော်ကို ကိုင်ဆောင်သွား၏။
မြေသည် ငါ့အပိုင်ဖြစ်၏။ သင်တို့သည် ငါ့ထံ၌တည်းခိုသော တိုင်းတစ်ပါးသားများ၊ ဧည့်သည်များဖြစ်သောကြောင့် မြေကိုအပြီးအပိုင်မရောင်းရ။
မောရှေသည် ထိုစကားကိုကြားလျှင် ထွက်ပြေး၍ မိဒျန်ပြည်တွင် ဧည့်သည်အဖြစ်နေထိုင်ကာ ထိုပြည်၌ သားနှစ်ယောက်ရခဲ့၏။
ဒန်အမျိုးသားတို့သည် မိက္ခာထံမှယူလာသောရုပ်တုကိုတည်ထား၍ မနာရှေ၏မြေး၊ ဂေရရှုံ၏သား ယောနသန်နှင့်သူ၏သားတို့သည် ထိုပြည်သိမ်းပိုက်ခြင်းခံရသည့်နေ့ရက်တိုင်အောင် ဒန်အမျိုးအနွယ်အတွက် ယဇ်ပုရောဟိတ်တာဝန်ကို ထမ်းဆောင်ပေးကြ၏။
အချိန်တန်သောအခါ ဟန္နသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလေ၏။ ဟန္နကလည်း “ဤသားသည် ထာဝရဘုရားထံ ဆုတောင်း၍ ရသောသားဖြစ်၏”ဟု ဆိုပြီး သူ၏အမည်ကို ရှမွေလ ဟုမှည့်ခေါ်လေ၏။