ထာဝရဘုရား၏နာမတော်ဖြင့် ရှောလမုန်မင်းကြီး ဂုဏ်သတင်းကြီးသည်ကို ရှေဘဘုရင်မ ကြားသိသောအခါ ရှောလမုန်မင်းကြီးကို စကားထာဝှက်၍ ပညာစမ်းရန် ရောက်ရှိလာ၏။
ထွက်မြောက် 18:26 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့သည်လည်း လူတို့အား အချိန်မရွေး စီရင်ပေးကြ၏။ ခက်ခဲသောအမှုကို မောရှေထံသို့တင်သွင်း၍ သေးငယ်သောအမှုရှိသမျှကို သူတို့ကိုယ်တိုင် စီရင်ကြ၏။ Common Language Bible ထိုသူတို့သည်လူများကိုတရားစီရင်ရန် အမြဲတမ်းတရားသူကြီးများအဖြစ် ဆောင်ရွက်ရသည်။ သူတို့သည်ခက်ခဲသော အမှုများကိုမောရှေထံသို့တင်ပြ၍ သေး ငယ်သောအမှုများကိုကိုယ်တိုင်ဆုံးဖြတ် ကြ၏။ Garrad Bible ထို သူ တို့ သည် မည် သည့် အ ချိန် အ ခါ မ ဆို လူ မျိုး ကို တ ရား စီ ရင် လျက် ခက် ခဲ သော အ မှု များ ကို မော ရှေ့ ထံ သွင်း၍ သေး ငယ် သော အ မှု ရှိ သ မျှ ကို ကား ကိုယ် တိုင် စီ ရင် ကြ ၏။ Judson Bible ထိုသူတို့သည် ခပ်သိမ်းသောအချိန်၌ လူတို့ကိုတရားစီရင်ကြ၏။ ခက်သောအမှု၌ မောရှေ၏အယူကိုခံကြ၏။ လွယ်သောအမှုကို အလိုလိုစီရင်ကြ၏။ |
ထာဝရဘုရား၏နာမတော်ဖြင့် ရှောလမုန်မင်းကြီး ဂုဏ်သတင်းကြီးသည်ကို ရှေဘဘုရင်မ ကြားသိသောအခါ ရှောလမုန်မင်းကြီးကို စကားထာဝှက်၍ ပညာစမ်းရန် ရောက်ရှိလာ၏။
နွမ်းပါးသူတို့အဖို့ ဖခင်၊ သူစိမ်းတို့၏အမှုကိစ္စကို ကူညီဖြေရှင်းပေးခဲ့သူဖြစ်၏။
သူတို့သည် လူတို့ကို အချိန်မရွေး စီရင်ပေးကြစေ။ ကြီးသောအမှုရှိသမျှကို သင့်ထံသို့တင်သွင်း၍ သေးငယ်သောအမှုရှိသမျှကို သူတို့ကိုယ်တိုင်စီရင်ပေးကြစေ။ ဤသို့ သူတို့သည် သင့်ဝန်ကို ကူထမ်းပေးသဖြင့် သင့်အတွက် ဝန်ပေါ့လိမ့်မည်။
ထိုအစ္စရေးအမျိုးသမီး၏သားသည် နာမတော်ကိုစော်ကားပြောဆိုလျက် ကျိန်ဆဲသောကြောင့် သူ့ကို မောရှေထံသို့ခေါ်လာကြ၏။ သူ့မိခင်၏အမည်မှာ ရှေလောမိတ်ဖြစ်ပြီး ဒန်အမျိုးအနွယ်မှ ဒိဗရိ၏သမီးဖြစ်၏။
သင်တို့သည် တရားစီရင်သောအခါ မျက်နှာကြီး၊ မျက်နှာငယ် ဟူ၍မျက်နှာမလိုက်ဘဲ ကြားနာစစ်ဆေးရမည်။ တရားစီရင်ခြင်းကို ဘုရားသခင်ပိုင်တော်မူသောကြောင့် မည်သူ့ကိုမျှ မကြောက်နှင့်။ ခက်ခဲသောအမှုကို ငါ့ထံ တင်ပြလော့။ ငါ ကြားနာစစ်ဆေးပေးမည်’ဟု ငါပြောခဲ့၏။
သင့်မြို့အတွင်း၌ဖြစ်ပွားသည့် စီရင်ဆုံးဖြတ်ရမည့်အမှုများဖြစ်သော လူသတ်မှု၊ တရားတွေ့မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုစသည်တို့ကို စီရင်ဆုံးဖြတ်ရန် ခက်ခဲလျှင် သင်သည်ထ၍ သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာသို့ သွားရမည်။