သူသည် အစ္စရေးလူမျိုးတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော လူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုပြု၏။
တရားဟော 4:25 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ထိုပြည်၌ သားမြေးများရသည်အထိ အနေကြာလာသောအခါ ဖောက်ပြန်ပြီး တစ်စုံတစ်ရာ၏ပုံသဏ္ဌာန်ကို ရုပ်တုဆင်းတုအဖြစ်ပြုလုပ်၍ ထာဝရဘုရား၏ရှေ့မှောက်၌ မကောင်းမှုကိုပြုခြင်းဖြင့် သင်တို့၏ဘုရားသခင်ထာဝရဘုရားအား အမျက်ထွက်စေလျှင် Common Language Bible ``သင်တို့သည်ထိုပြည်တွင်ကြာမြင့်စွာနေထိုင်၍ သားမြေးများရသည်အထိပင်လျှင် ထာဝရ ဘုရားကိုမပြစ်မှားမိစေရန်ရုပ်တုကိုထု လုပ်၍မကိုးကွယ်နှင့်။ ရုပ်တုထုလုပ်ကိုးကွယ် ခြင်းသည်မှားယွင်းမှုဖြစ်သောကြောင့် ထာဝရ ဘုရားအားအမျက်ထွက်စေတော်မူလိမ့်မည်။- Garrad Bible သင် တို့ သည် သား မြေး တို့ ကို ရ လျက်၊ နေ ပြည် တွင် ကြာ မြင့် စွာ နေ ရ သော အ ခါ၊ တစ် စုံ တစ် ရာ၏ ပုံ သဏ္ဌာန် အ တူ ရုပ် ပွား ဆင်း တု ကို လုပ် ၍ မှား ယွင်း သ ဖြင့်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့၊ အ မျက် တော် တိုက် အ ဆိုး ပြု ကြ လျှင်၊ Judson Bible သင်တို့သည် သားမြေးတို့ကိုဖွားမြင်၍၊ ထိုပြည်၌ကြာမြင့်စွာနေပြီးမှ၊ တစ်ဖန် ဖောက်ပြန်သဖြင့်၊ သဏ္ဌာန်တစ်စုံတစ်ခုရှိသော ရုပ်တုကိုလုပ်၍၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရား အမျက်တော်ကို နှိုးဆော်ခြင်းငှာ ရှေ့တော်၌ဒုစရိုက်ကိုပြုလျှင်၊ |
သူသည် အစ္စရေးလူမျိုးတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော လူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုပြု၏။
သူတို့သည် မိမိတို့အထွတ်အမြတ်ထားရာနေရာများအားဖြင့် ကိုယ်တော်ကိုအမျက်ထွက်စေပြီး မိမိတို့၏ရုပ်တုများအားဖြင့် ကိုယ်တော်ကိုသဝန်တိုစေကြ၏။
အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်မြေကြီး၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသမျှသောအရာတို့၏ပုံသဏ္ဌာန်နှင့်တူသော ရုပ်တုဆင်းတုကို သင့်အဖို့မပြုလုပ်ရ။
ထာဝရဘုရားက မောရှေအား “ဆင်းသွားလော့။ အီဂျစ်ပြည်မှ သင်ထုတ်ဆောင်ခဲ့သော သင်၏လူတို့သည် ဖောက်ပြန်ကြလေပြီ။
ငါဝင်သွားသော် တွားသွားသောတိရစ္ဆာန်များ၊ ရွံရှာဖွယ်တိရစ္ဆာန်များနှင့် အစ္စရေးအမျိုးအနွယ်တို့ကိုးကွယ်သော ရုပ်တုများ၏ပုံကို နံရံပတ်ပတ်လည်၌ ထွင်းထုထားသည်ကို တွေ့ရ၏။
သူတို့သည် ဘုရားသခင်၏စကားတော်ကို မနာခံသောကြောင့် ကိုယ်တော်သည် သူတို့ကို စွန့်ပစ်တော်မူမည်။ သူတို့သည် လူမျိုးခြားတို့တွင် လှည့်လည်သွားလာရလိမ့်မည်။
သူတို့သည် ဂိဗာမြို့သားတို့လက်ထက်ကကဲ့သို့ အလွန်အကျင့်ပျက်ပြားကြ၏။ ကိုယ်တော်သည် သူတို့၏ဒုစရိုက်များကို မှတ်ထားပြီး သူတို့၏အပြစ်များကို ဒဏ်ခတ်တော်မူမည်။
ငါတို့သည် သခင်ဘုရားအား သဝန်တိုစေကြသလော။ ငါတို့သည် ကိုယ်တော်ထက် ခွန်အားကြီးကြသလော။
‘ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူသောအရာဖြစ်သည့် ရုပ်တုဆင်းတုကို လက်မှုအတတ်ဖြင့် သွန်းလုပ်၍ လျှို့ဝှက်သောနေရာ၌စိုက်ထူသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ကျယ်လောင်သောအသံဖြင့် ဆိုရမည်။ ထိုအခါ လူအပေါင်းတို့က ‘အာမင်’ဟု ပြန်ဆိုရမည်။
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုနားမထောင်၊ သင့်အားမိန့်မှာတော်မူသော ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို မစောင့်ထိန်းသောကြောင့် သင်ပျက်စီးခြင်းသို့မရောက်မချင်း ဤကျိန်ခြင်းအမင်္ဂလာရှိသမျှတို့သည် သင့်အပေါ်သက်ရောက်လိမ့်မည်။ သင့်ကိုလိုက်၍မီလိမ့်မည်။
ထို့ပြင် ထာဝရဘုရားသည် ဤပညတ်တရားကျမ်း၌ မရေးသားထားသည့်အနာရောဂါ၊ ကပ်ရောဂါ ရှိသမျှတို့ကိုလည်း သင်ပျက်စီးခြင်းသို့မရောက်မချင်း သင့်အပေါ်သို့ကျရောက်စေတော်မူမည်။
ဂျော်ဒန်မြစ်ကိုကူး၍ သင်ဝင်ရောက်သိမ်းပိုက်မည့်ပြည်၌ သင်သည် အသက်မရှည်၊ မုချဖျက်ဆီးခြင်းခံရမည်ဖြစ်ကြောင်း ယနေ့ သင့်အားငါပြောကြားပြီ။
ယနေ့ ငါသည် ကောင်းကင်နှင့်မြေကြီးကိုသက်သေထား၍ အသက်ရှင်ခြင်းနှင့်သေခြင်း၊ ကောင်းချီးမင်္ဂလာနှင့်ကျိန်ခြင်းအမင်္ဂလာကို သင့်ရှေ့၌ ငါချထား၏။ သို့ဖြစ်၍ သင်နှင့်သင်၏သားမြေးတို့အသက်ရှင်မည့်အကြောင်း အသက်ရှင်ခြင်းကိုရွေးချယ်လော့။
အကြောင်းမူကား ငါသေပြီးလျှင် သင်တို့သည် လုံးလုံးဖောက်ပြန်၍ ငါမှာကြားထားသောလမ်းမှလွှဲသွားကြမည်ကိုလည်းကောင်း၊ နောင်ကာလ၌ သင်တို့သည် သင်တို့လက်ဖြင့်လုပ်သောအရာအားဖြင့် ထာဝရဘုရား၏အမျက်တော်ကိုနှိုးဆော်၍ ကိုယ်တော်၏မျက်မှောက်တော်၌ မကောင်းသောအမှုကိုပြုကြသဖြင့် သင်တို့အပေါ် ဘေးအန္တရာယ်ကျရောက်မည်ကိုလည်းကောင်း ငါသိ၏”ဟု ပြောကြားလေ၏။
သူတို့သည် ဖောက်ပြန်ကြပြီ။ ကိုယ်တော်၏သားသမီးများမဟုတ်တော့ပါ။ အနာအဆာရှိသောသူများ ဖြစ်ကြ၏။ ကောက်ကျစ်၍မရိုးဖြောင့်သောမျိုးဆက်ဖြစ်၏။
သင်တို့နှင့် သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖွဲ့တော်မူသောပဋိညာဉ်ကို မမေ့လျော့ရန်၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားတားမြစ်ထားသော မည်သည့်ပုံသဏ္ဌာန်ကိုမျှ သင်တို့အဖို့ ရုပ်တုဆင်းတုအဖြစ်မလုပ်ရန် သတိပြုကြလော့။
သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်ပဋိညာဉ်ကို သင်တို့ချိုးဖောက်၍ အခြားဘုရားများအား သွားရောက်ဝတ်ပြုကိုးကွယ်လျှင် ထာဝရဘုရားသည် သင်တို့အပေါ် အမျက်ထွက်တော်မူသဖြင့် သင်တို့သည် ကိုယ်တော်ပေးတော်မူသည့်သာယာဝပြောသောပြည်တွင် အလျင်အမြန်ပျက်စီးသွားရလိမ့်မည်”ဟု ဆိုလေ၏။
သင်တို့သည် ထာဝရဘုရားကို စွန့်၍ တိုင်းတစ်ပါးသားတို့၏ဘုရားကိုဝတ်ပြုမည်ဆိုလျှင် သင်တို့ကို ကောင်းစားစေခဲ့ရာမှ သင်တို့ကို ဒုက္ခရောက်စေမည်၊ သုတ်သင်ပယ်ရှင်းတော်မူမည်ကို သင်တို့သိသလော”ဟု ဆို၏။