စိတ်နှလုံး၏တွေးတောကြံစည်မှုတို့သည် လူနှင့်ဆိုင်၏။ လျှာဖြေကြားသောစကားမူကား ထာဝရဘုရားထံတော်မှလာ၏။
တရားဟော 30:8 - မြန်မာ့စံမီသမ္မာကျမ်း သင်မူကား ပြန်လာ၍ ထာဝရဘုရား၏စကားတော်ကိုနားထောင်လျက် ယနေ့ သင့်အားငါမိန့်မှာသော ကိုယ်တော်၏ပညတ်တော်ရှိသမျှကို လိုက်နာလိမ့်မည်။ Common Language Bible သင်တို့သည်လည်းကိုယ်တော်၏အမိန့်ကို တစ်ဖန်နာခံ၍ ငါယနေ့သင်တို့အား ပေးသောပညတ်တော်ရှိသမျှတို့ကို စောင့်ထိန်းကြလိမ့်မည်။- Garrad Bible သင် တို့ မှာ မူ၊ ထာ ဝ ရ ဘု ရား ထံ ပြန် လာ၍ နာ ခံ လျက်၊ ယ နေ့ ငါ ဆင့် ဆို သ မျှ သော ပ ညတ် တော် များ ကို လိုက် နာ ကြ လိမ့် မည်။ Judson Bible သင်သည်ပြန်လာလျက် ထာဝရဘုရား၏စကားတော်ကို နားထောင်၍၊ ယနေ့ ငါမှာထားသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်လိမ့်မည်။ |
စိတ်နှလုံး၏တွေးတောကြံစည်မှုတို့သည် လူနှင့်ဆိုင်၏။ လျှာဖြေကြားသောစကားမူကား ထာဝရဘုရားထံတော်မှလာ၏။
ထာဝရဘုရားက “ထိုကာလပြီးနောက် အစ္စရေးလူမျိုးတို့နှင့် ငါဖွဲ့မည့်ပဋိညာဉ်သစ်ကား ဤသို့ဖြစ်၏။ သူတို့၏စိတ်နှလုံးထဲသို့ ငါ၏ပညတ်တရားကို သွင်းပေးမည်။ သူတို့၏နှလုံးသားပေါ်တွင် ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။
ယုဒအမျိုးသားတို့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်ဟူသော ငါ၏အကြံအစည်ကို သူတို့ကြားလျှင် သူတို့အသီးသီး ဆိုးညစ်သောလမ်းမှ ပြန်လာကောင်းပြန်လာကြလိမ့်မည်။ သို့ပြုလျှင် သူတို့၏အပြစ်ဒုစရိုက်များကို ငါခွင့်လွှတ်မည်”ဟု မိန့်ဆို၏။
ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေး၍ ငါ၏တရားလမ်းများသို့ လိုက်လျှောက်စေမည်။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာစောင့်ထိန်းစေမည်။
ငါ့အစေအပါးဒါဝိဒ်သည် သူတို့ကိုအုပ်စိုးသည့်ဘုရင်ဖြစ်မည်။ သူတို့အားလုံး သိုးထိန်းတစ်ပါးတည်းသာရှိမည်။ သူတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာ၍ ငါ၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းကြလိမ့်မည်။
လက်ဝါးကပ်တိုင်တွင် ရန်ငြိုးကိုသုတ်သင်ပြီး လက်ဝါးကပ်တိုင်အားဖြင့် ငါတို့နှစ်မျိုးစလုံးကို ကိုယ်ခန္ဓာတစ်ခုတည်း၌ ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်စေရန်ဖြစ်၏။
သင်၏ဘုရားသခင်ထာဝရဘုရားထံသို့ ပြန်လာ၍ သင်နှင့်သင်၏သားသမီးတို့သည် ယနေ့ သင့်အား ငါမိန့်မှာသမျှအတိုင်း စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စကားတော်ကို နားထောင်လျှင်
သင့်ရန်သူတို့အပေါ်၊ သင့်ကိုမုန်းတီး၍ ညှဉ်းဆဲသောသူတို့အပေါ် ထိုကျိန်ခြင်းရှိသမျှကို သင်၏ဘုရားသခင်ထာဝရဘုရား ကျရောက်စေတော်မူမည်။
သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်လုပ်ဆောင်လေရာရာ၌အောင်မြင်စေတော်မူမည့်အကြောင်း၊ သင့်သားသမီး၊ သင့်တိရစ္ဆာန်၏သားပေါက်၊ သင့်မြေ၏အသီးအနှံကိုလည်း တိုးပွားစေတော်မူမည့်အကြောင်း၊ ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့ကိုကောင်းစားစေတော်မူရာ၌ နှစ်သက်အားရတော်မူသကဲ့သို့ သင်၌လည်း နှစ်သက်အားရတော်မူမည့်အကြောင်း
အကြောင်းမူကား စေတနာတော်အတိုင်း ဆန္ဒရှိကြစေရန်နှင့် လုပ်ဆောင်ကြစေရန် သင်တို့အထဲ၌လုပ်ဆောင်တော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။