Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 30:8 - Common Language Bible

8 သင်​တို့​သည်​လည်း​ကိုယ်​တော်​၏​အ​မိန့်​ကို တစ်​ဖန်​နာ​ခံ​၍ ငါ​ယ​နေ့​သင်​တို့​အား ပေး​သော​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို စောင့်​ထိန်း​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 သင် တို့ မှာ မူ၊ ထာ ဝ ရ ဘု ရား ထံ ပြန် လာ၍ နာ ခံ လျက်၊ ယ နေ့ ငါ ဆင့် ဆို သ မျှ သော ပ ညတ် တော် များ ကို လိုက် နာ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 သင်​သည်​ပြန်​လာ​လျက် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​ထောင်၍၊ ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 သင်​မူကား ပြန်လာ​၍ ထာဝရဘုရား​၏​စကား​တော်​ကို​နားထောင်​လျက် ယနေ့ သင့်​အား​ငါ​မိန့်မှာ​သော ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​ကို လိုက်နာ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 30:8
14 ပူးပေါင်းရင်းမြစ်များ  

စိတ်နှလုံးအကြံအစည်တို့သည် လူနှင့်ဆိုင်ကြ၏။ လျှာနှင့်ပြန်ပြောချက်ကိုကား၊ ထာဝရဘုရားပိုင်တော် မူ၏။


သူ​တို့​နှင့်​ငါ​ပြု​မည့်​ပ​ဋိ​ညာဉ်​သစ်​ကား​ဤ သို့​တည်း။ ငါ​သည်​မိ​မိ​၏​တ​ရား​တော်​ကို​သူ တို့​၏​စိတ်​အ​တွင်း​သို့​သွတ်​သွင်း​ပေး​မည်။ သူ တို့​၏​နှ​လုံး​သား​ပေါ်​တွင်​ရေး​မှတ်​၍​ထား မည်။ ငါ​သည်​သူ​တို့​၏​ဘု​ရား​ဖြစ်​လျက်​သူ တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​ကြ​လိမ့်​မည်။-


ယု​ဒ​ပြည်​သား​များ​သည်​မိ​မိ​တို့​အ​တွက် ငါ ရည်​မှန်း​ထား​သည့်​ဘေး​အန္တ​ရာယ်​ဆိုး​၏​အ ကြောင်း​ကို​ကြား​သိ​ရ​ပါ​မူ မိ​မိ​တို့​၏​အ​ကျင့် ဆိုး​များ​ကို​စွန့်​ပစ်​ကောင်း​စွန့်​ပစ်​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​သူ​တို့​ပြု​ကျင့်​သည့်​မ ကောင်း​မှု​ဒု​စ​ရိုက်​များ​အ​တွက်​အ​ပြစ် ဖြေ​လွှတ်​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။


ငါ​၏​ဝိ​ညာဉ်​တော်​ကို​လည်း​သွင်း​ပေး​ပြီး လျှင် သင်​တို့​အား​ငါ​၏​ပ​ညတ်​တော်​များ ကို​စောင့်​ထိန်း​စေ​မည်။ ငါ​၏​အ​မိန့်​တော် တို့​ကို​လည်း​လိုက်​နာ​စေ​မည်။-


ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ကဲ့​သို့​သော​ဘု​ရင် သည်​သူ​တို့​၏​ဘု​ရင်​ဖြစ်​လိမ့်​မည်။ သူ​တို့ အား​လုံး​သိုး​ထိန်း​တစ်​ပါး​တည်း​၏​လက် အောက်​၌​စု​စည်း​ကြ​လျက် ငါ​၏​ပ​ညတ် တော်​တို့​ကို​သစ္စာ​ရှိ​စွာ​စောင့်​ထိန်း​၍​ငါ ၏​အ​မိန့်​ကို​နာ​ခံ​ကြ​လိမ့်​မည်။-


ခ​ရစ်​တော်​သည်​လက်​ဝါး​ကပ်​တိုင်​တွင်​အ​သေ​ခံ တော်​မူ​ခြင်း​ဖြင့် သူ​တို့​အ​ချင်း​ချင်း​၏​ရန်​ကို ဖယ်​ရှား​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​အား​ဖြင့်​လူ မျိုး​နှစ်​စု​ကို​တစ်​စု​တည်း​ဖြစ်​စေ​လျက် ဘု​ရား သ​ခင်​၏​ထံ​တော်​သို့​ပြန်​လည်​ပို့​ဆောင်​တော်​မူ​၏။-


သင်​နှင့်​သင်​တို့​၏​အ​ဆက်​အ​နွယ်​များ​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​၍ သင် တို့​အား​ငါ​ယ​နေ့​ပေး​သော​ပညတ်​များ​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​နာ​ခံ​စောင့်​ထိန်း ကြ​ပါ​က၊-


သင်​တို့​ကို​မုန်း​၍​နှိပ်​စက်​ညှဉ်း​ဆဲ​သော ရန်​သူ​များ​အ​ပေါ်​သို့ ထို​အ​မင်္ဂ​လာ​ရှိ သ​မျှ​ကို​ကျ​ရောက်​စေ​တော်​မူ​လိမ့်​မည်။-


သင်​တို့​သည်​ဤ​ပ​ညတ်​ကျမ်း​တွင်​ရေး​ထား သော ဤ​ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း ၍၊ ကိုယ်​တော်​ထံ​သို့​စိတ်​နှလုံး​အ​ကြွင်း​မဲ့ ပြန် လည်​ဆည်း​ကပ်​လျှင်၊ ကိုယ်​တော်​သည်​သင်​တို့ ပြု​လေ​သ​မျှ​တို့​ကို တိုး​တက်​အောင်​မြင် စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​သည်​သား​သ​မီး များ​စွာ​ရ​လိမ့်​မည်။ သိုး​နွား​တိရစ္ဆာန်​များ​စွာ ပိုင်​ရ​လိမ့်​မည်။ သင်​တို့​၏​လယ်​များ​မှ​အ​သီး အ​နှံ​များ​စွာ​ထွက်​လိမ့်​မည်။ ကိုယ်​တော်​သည် သင်​တို့​၏​ဘိုး​ဘေး​တို့​အား ကောင်း​ချီး​ပေး ရာ​တွင်​အား​ရ​ဝမ်း​မြောက်​တော်​မူ​သ​ကဲ့​သို့ သင်​တို့​ကို​ကောင်း​ချီး​ပေး​ရာ​၌​လည်း​အား​ရ ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ