“ခါနာန်သည် ကျိန်ခြင်းကိုခံရပါစေ။ အစ်ကိုတို့၏ကျွန်တို့၌ ကျွန်ဖြစ်ပါစေ”ဟု ဆို၏။
တရားဟော 27:16 - မြန်မာ့စံမီသမ္မာကျမ်း ‘မိမိ၏မိဘကို မထီလေးစားပြုသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။ Common Language Bible `` `ဖခင်သို့မဟုတ်မိခင်၏အသရေကို ရှုတ်ချသောသူသည်၊ ဘုရားသခင်၏ကျိန် ခြင်းကိုခံစေသတည်း' ဟုကျိန်ဆိုသော အခါ၊ ``လူအပေါင်းတို့က`အာမင်' ဟုဝန်ခံရကြ မည်။ Garrad Bible အ ဘ ကို သော်လည်း ကောင်း၊ အ မိ ကို သော်လည်း ကောင်း၊ ရို သေ သ မှု မ ပြု သူ ကား၊ အ မင်္ဂ လာ ရှိ သည် ဟု ကြော် ငြာ ကြ သော်၊ အာ မင် ဟူ၍ လူ ပ ရိ သတ် ဥဿုံ ဝန် ခံ ကြ စေ။ Judson Bible မိဘကို မထီမဲ့မြင်ပြုသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန်လျှင်၊ လူအပေါင်းတို့က အာမင်ဟုဝန်ခံရကြမည်။ |
“ခါနာန်သည် ကျိန်ခြင်းကိုခံရပါစေ။ အစ်ကိုတို့၏ကျွန်တို့၌ ကျွန်ဖြစ်ပါစေ”ဟု ဆို၏။
သင်၏မိဘကိုရိုသေလော့။ ထိုသို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်၌ သင်သည် အသက်ရှည်လိမ့်မည်။
ဖခင်အား ‘သင်သည် မည်သည့်အရာကို မွေးဖွားစေသနည်း’ဟူ၍လည်းကောင်း၊ မိခင်အား ‘သင်သည် မည်သည့်အရာကို မွေးဖွားသနည်း’ဟူ၍လည်းကောင်း ဆိုသောသူသည် အမင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
မိဘကို မထီလေးစားပြုသောသူများ သင့်တွင်ရှိ၏။ တိုင်းတစ်ပါးသားတို့ကို ဖိနှိပ်ချုပ်ချယ်သောသူများ သင့်တွင်ရှိ၏။ ဖတဆိုးများ၊ မုဆိုးမများကို နိုင်ထက်စီးနင်းပြုသောသူများသင့်တွင်ရှိ၏။
လူတိုင်း ကိုယ့်မိဘကို ရိုသေရမည်။ ငါ၏ဥပုသ်နေ့ကို စောင့်ထိန်းရမည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
တစ်စုံတစ်ယောက်သည် ကိုယ့်မိဘကို ကျိန်ဆဲလျှင် သူသည် မုချအသတ်ခံရမည်။ သူသည် မိဘကို ကျိန်ဆဲသောကြောင့် သူ၏သွေးသည် သူ့အပေါ်၌ ကျရောက်မည်။
သင်၏ဘုရားသခင်ထာဝရဘုရားမိန့်မှာထားသည့်အတိုင်း သင်၏မိဘကိုရိုသေလော့။ ထိုသို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်သည် အသက်ရှည်၍ ကောင်းစားလိမ့်မည်။