သူသည် အစ္စရေးလူမျိုးတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော လူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။
တရားဟော 12:29 - မြန်မာ့စံမီသမ္မာကျမ်း သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ဝင်ရောက်သိမ်းပိုက်မည့်ပြည်ရှိလူမျိုးတို့ကို သင့်ရှေ့မှဖယ်ရှားတော်မူမည်။ သင်သည် ထိုလူမျိုးတို့ကိုနှင်ထုတ်၍ သူတို့၏ပြည်၌နေထိုင်သောအခါ Common Language Bible ``သင်တို့ဝင်ရောက်မည့်ပြည်တွင်နေထိုင်သော လူမျိုးများကို သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည်သုတ်သင်ပယ်ရှင်းသဖြင့် သင်တို့ သည်ထိုပြည်ကိုသိမ်းပိုက်နေထိုင်ရကြလိမ့် မည်။- Garrad Bible သင် တို့ ဝင် ရောက် ပိုင် ယူ မည့် ပြည် ရှိ လူ မျိုး ခြား တို့ ကို သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပယ် ဖျက် တော် မူ သည့် အ လျောက်၊ တိုက် ယူ ပြီး လျှင် နေ ထိုင် ခွင့် ရ ကြ သည့် ကာ လ၊ Judson Bible သင်သွား၍ ဝင်စားလတ္တံ့သောပြည်၌ ရှိသောလူမျိုးတို့ကို၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ရှေ့မှာပယ်ရှင်းတော်မူသဖြင့်၊ သူတို့နေရာပြည်၌ သင်သည် ဝင်၍နေသောအခါ၊ |
သူသည် အစ္စရေးလူမျိုးတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော လူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။
ထို့နောက် လူမျိုးခြားတို့ကို သူတို့ရှေ့မှနှင်ထုတ်တော်မူပြီး အမွေအဖြစ် တိုင်းတာသတ်မှတ်ထားသောနယ်မြေအလိုက် သူတို့ကိုခွဲဝေပေး၍ အစ္စရေးအမျိုးအနွယ်တို့အား မိမိတို့တဲများ၌ နေထိုင်စေတော်မူ၏။
ငါ၏ကောင်းကင်တမန်သည် သင့်ရှေ့၌သွား၍ သင့်ကို အာမောရိလူမျိုး၊ ဟိတ္တိလူမျိုး၊ ဖေရဇိလူမျိုး၊ ခါနာန်လူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့ထံသို့ ပို့ဆောင်မည်။ ငါသည် ထိုလူမျိုးတို့ကိုပယ်ဖျက်မည်။
သင်သည် သူတို့နောက်လိုက်ပါခြင်းဖြင့် မကျော့မိစေရန် သတိပြုလော့။ သင်၏ရှေ့မှ ထိုလူမျိုးတို့ဖျက်ဆီးခံရပြီးနောက် သင်က ‘ထိုလူမျိုးတို့သည် သူတို့၏ဘုရားများကို မည်သို့ဝတ်ပြုကြသနည်း။ ငါလည်း ထိုနည်းတူပြုမည်’ဟု ဆိုလျက် သူတို့၏ဘုရားများအကြောင်းကို မမေးမြန်းနှင့်။
သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အပိုင်ပေးသောပြည်ရှိ လူမျိုးတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ရှေ့မှဖယ်ရှားတော်မူမည်။ သင်သည် ထိုလူမျိုးတို့ကိုနှင်ထုတ်၍ သူတို့၏မြို့များ၊ သူတို့၏အိမ်များ၌ နေထိုင်ကြသောအခါ
သင်၏ဘုရားသခင်ထာဝရဘုရားသည် လောင်ကျွမ်းသောမီးကဲ့သို့ သင်၏ရှေ့မှကူးသွားမည်ဖြစ်ကြောင်း ယနေ့ သင်သိမြင်ရမည်။ ကိုယ်တော်သည် ထိုသူတို့ကို သုတ်သင်ပယ်ရှင်းပြီး သင့်ရှေ့မှောက်၌ ရှုံးနိမ့်စေတော်မူမည်ဖြစ်၍ သင့်အား ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်း သင်သည် သူတို့ကို နှင်ထုတ်၍ အလျင်အမြန်ဖျက်ဆီးနိုင်လိမ့်မည်။
ဤသို့ဖြင့် အစ္စရေးလူမျိုးတို့၏ဘိုးဘေးတို့အား ဤပြည်ကို ပေးမည်ဟု ကျိန်ဆိုခဲ့သည့်အတိုင်း ထာဝရဘုရားသည် ပြည်တစ်ပြည်လုံးကို သူတို့အားပေးသဖြင့် သူတို့သည် ထိုပြည်ကို သိမ်းပိုက်၍နေထိုင်ကြလေ၏။
ကြည့်ပါ။ ဂျော်ဒန်မြစ်မှစ၍ အနောက်ဘက် မြေထဲပင်လယ်တိုင်အောင် ငါသုတ်သင်ဖယ်ရှားခဲ့သောလူမျိုးအပါအဝင် ကျန်နေသေးသောလူမျိုးတို့၏ပြည်ကို သင်တို့၏အမျိုးအနွယ်များအား အမွေအဖြစ် ငါမဲချခွဲဝေပေးခဲ့ပြီ။