တရားဟော 12:29 - Common Language Bible29 ``သင်တို့ဝင်ရောက်မည့်ပြည်တွင်နေထိုင်သော လူမျိုးများကို သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည်သုတ်သင်ပယ်ရှင်းသဖြင့် သင်တို့ သည်ထိုပြည်ကိုသိမ်းပိုက်နေထိုင်ရကြလိမ့် မည်။- အခန်းကိုကြည့်ပါ။Garrad Bible29 သင် တို့ ဝင် ရောက် ပိုင် ယူ မည့် ပြည် ရှိ လူ မျိုး ခြား တို့ ကို သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပယ် ဖျက် တော် မူ သည့် အ လျောက်၊ တိုက် ယူ ပြီး လျှင် နေ ထိုင် ခွင့် ရ ကြ သည့် ကာ လ၊ အခန်းကိုကြည့်ပါ။Judson Bible29 သင်သွား၍ ဝင်စားလတ္တံ့သောပြည်၌ ရှိသောလူမျိုးတို့ကို၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ရှေ့မှာပယ်ရှင်းတော်မူသဖြင့်၊ သူတို့နေရာပြည်၌ သင်သည် ဝင်၍နေသောအခါ၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ဝင်ရောက်သိမ်းပိုက်မည့်ပြည်ရှိလူမျိုးတို့ကို သင့်ရှေ့မှဖယ်ရှားတော်မူမည်။ သင်သည် ထိုလူမျိုးတို့ကိုနှင်ထုတ်၍ သူတို့၏ပြည်၌နေထိုင်သောအခါ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် သင်တို့ရှေ့ကအရှိန်ပြင်းသော လောင်မီးကဲ့သို့ကြွသွားတော်မူသည်ကို သင် တို့ကိုယ်တိုင်ယခုမြင်ရမည်။ သင်တို့ချီတက် နေစဉ်ကိုယ်တော်သည်သူတို့ကိုနှိမ်နင်းသဖြင့် ကတိတော်နှင့်အညီသင်တို့သည်ထိုသူတို့ ကိုနှင်ထုတ်၍လျင်မြန်စွာပယ်ရှင်းနိုင်လိမ့် မည်။''