အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့ပူဇော်သောယဇ်တို့တွင် မီးရှို့ရာယဇ်ကို ပေါင်းထည့်လော့။ အသားကို စားကြလော့။
တရားဟော 12:27 - မြန်မာ့စံမီသမ္မာကျမ်း မီးရှို့ရာယဇ်ကောင်၏အသားနှင့်သွေးကို သင်၏ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်၌ ပူဇော်ရမည်။ ယဇ်ကောင်၏သွေးကို သင်၏ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်၌ သွန်း၍ အသားကိုစားရမည်။ Common Language Bible ထိုဝတ်ပြုရာဌာနရှိထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်၌ မီးရှို့ရာယဇ်ကိုပူဇော်ရ မည်။ ယဇ်ပလ္လင်ပေါ်တွင်ယဇ်ကောင်၏သွေးကို သွန်း၍အသားကိုစားရသောယဇ်ကို လည်းပူဇော်ရမည်။- Garrad Bible သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ပူ ဇော် ရာ ပ လ္လင် တော် ပေါ် တွင် မီး ရှို့ ရာ သ က္ကာ များ ကို အ သွေး အ သား ပါ ပူ ဇော် လျက်၊ မိတ် သ ဟာ ယ သ က္ကာ အ သွေး ကို ကား သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ပူ ဇော် ရာ ပ လ္လင် တော့် ပေါ် တွင် သွန်း လောင်း၍၊ အ သား ကို ယူ စား ကြ လော့။ Judson Bible အသားနှင့် အသွေးကိုရောနှော၍၊ မီးရှို့ရာယဇ်တို့ကို၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ရမည်။ ယဇ်ကောင်အသွေးကို၊ သင်၏ ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်မှာ သွန်းလောင်း၍၊ အသားကိုစားရမည်။ |
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့ပူဇော်သောယဇ်တို့တွင် မီးရှို့ရာယဇ်ကို ပေါင်းထည့်လော့။ အသားကို စားကြလော့။
သူသည် အူနှင့်ခြေထောက်ကို ရေဖြင့်ဆေးကြောရမည်။ ထို့နောက် ယဇ်ပုရောဟိတ်သည် ထိုအရာအားလုံးကို ယူဆောင်လာ၍ မီးရှို့ရာယဇ်အဖြစ် ယဇ်ပလ္လင်ပေါ်၌ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏။
သူသည် နွားထီးပျိုကို ထာဝရဘုရားရှေ့တော်၌ သတ်ရမည်။ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် သွေးကိုယူဆောင်လာ၍ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝရှိ ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ထိုသွေးကို ဖျန်းရမည်။
သူသည် အူနှင့်ခြေထောက်ကို ရေဖြင့်ဆေးကြောရမည်။ ထို့နောက် ယဇ်ပုရောဟိတ်သည် ထိုအရာအားလုံးကို မီးရှို့ရာယဇ်အဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏။
အကြောင်းမူကား သတ္တဝါ၏အသက်သည် သွေး၌တည်၏။ ယဇ်ပလ္လင်ပေါ်၌ ထိုသွေးဖြင့် သင်တို့၏အပြစ်ဖြေလွှတ်ခြင်းကိုပြုရန်အတွက် ငါသတ်မှတ်ပေးပြီ။ အကယ်စင်စစ် သွေးသည် လူတို့၏အပြစ်ကိုဖြေလွှတ်ရန်အတွက်ဖြစ်၏။
သူသည် နွားကို မိတ်သဟာယယဇ်အဖြစ် ပူဇော်လိုလျှင် အပြစ်အနာအဆာကင်းသော အထီးကိုဖြစ်စေ၊ အမကိုဖြစ်စေ ထာဝရဘုရားရှေ့တော်၌ ပူဇော်ရမည်။
ယဇ်ပုရောဟိတ်သည် ဆိတ်သငယ်အမ၏သွေးအချို့ကို မိမိလက်ချောင်းဖြင့်ယူ၍ မီးရှို့ရာယဇ်ပလ္လင်၏ချိုများကို သုတ်လိမ်းရမည်။ ကျန်သွေးအားလုံးကို ယဇ်ပလ္လင်၏အောက်ခြေ၌ သွန်းရမည်။