ဧဖရိမ်သည် သားအငယ်ဖြစ်သော်လည်း အစ္စရေးသည် မိမိလက်ယာလက်ကိုဆန့်၍ ဧဖရိမ်၏ခေါင်းပေါ်သို့တင်၏။ မနာရှေသည် သားဦးဖြစ်သော်လည်း အစ္စရေးသည် မိမိလက်ကို ကြက်ခြေခတ်၍ မိမိ၏လက်ဝဲလက်ကို မနာရှေခေါင်းပေါ်သို့တင်၏။
တောလည် 8:18 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့ထဲမှ သားဦးအားလုံးအစား လေဝိအမျိုးတို့ကို ငါရွေးယူပြီ။ Common Language Bible ယခုငါသည်ဣသရေလအမျိုးသား တို့၏သားဦးရှိသမျှတို့အစား လေဝိ အနွယ်ဝင်တို့ကိုရွေးချယ်၍၊- Garrad Bible ဣ သ ရေ လ အ မျိုး သား ဦး များ အ စား ထို သူ တို့ ကို ရွေး ကောက် လျက်၊ Judson Bible တစ်ဖန် ဣသရေလအမျိုး သားဦးအပေါင်းတို့အတွက်၊ လေဝိသားတို့ကို ငါယူ၏။ |
ဧဖရိမ်သည် သားအငယ်ဖြစ်သော်လည်း အစ္စရေးသည် မိမိလက်ယာလက်ကိုဆန့်၍ ဧဖရိမ်၏ခေါင်းပေါ်သို့တင်၏။ မနာရှေသည် သားဦးဖြစ်သော်လည်း အစ္စရေးသည် မိမိလက်ကို ကြက်ခြေခတ်၍ မိမိ၏လက်ဝဲလက်ကို မနာရှေခေါင်းပေါ်သို့တင်၏။
“ငါသည် အစ္စရေးအမျိုးသားတို့တွင် သားအိမ်မှအဦးဆုံးထွက်လာသောသားဦးရှိသမျှတို့အစား အစ္စရေးအမျိုးသားတို့ထဲမှ လေဝိအမျိုးတို့ကို ရွေးယူသည်ဖြစ်၍ လေဝိအမျိုးတို့သည် ငါ့အပိုင်ဖြစ်ရမည်။
သို့ဖြစ်၍ သင်သည် လေဝိအမျိုးတို့ကို အာရုန်နှင့်သူ၏သားများထံ အပ်နှံရမည်။ လေဝိအမျိုးတို့သည် အစ္စရေးအမျိုးသားတို့အနက် အာရုန်ထံ လုံးလုံးအပ်နှံခြင်းခံရသူများဖြစ်၏။
အစ္စရေးအမျိုးသားတို့တွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားဦးရှိသမျှတို့ကို ငါပိုင်၏။ အီဂျစ်ပြည်၌ သားဦးအပေါင်းတို့ကို ငါဒဏ်ခတ်သောနေ့တွင် သူတို့ကို ငါ့အတွက် ငါသန့်ရှင်းစေခဲ့၏။
အစ္စရေးအမျိုးသားတို့အတွက် တွေ့ဆုံစည်းဝေးရာတဲတော်တွင် အမှုတော်ထမ်းရန်နှင့် အစ္စရေးအမျိုးသားတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ငါသည် အစ္စရေးလူမျိုးထဲမှ လေဝိအမျိုးကို အာရုန်နှင့်သူ့သားတို့အား လုံးလုံးပေးအပ်ထားပြီ။ သို့မှ အစ္စရေးအမျိုးသားတို့ သန့်ရှင်းရာဌာနသို့ချဉ်းကပ်သောအခါ ဘေးဒဏ်မကျရောက်ဘဲနေမည်”ဟု မိန့်တော်မူ၏။