အကြောင်းမူကား သဝန်တိုမှုသည် ခင်ပွန်းသည်ကို အမျက်ဒေါသထွက်စေသဖြင့် သူသည် လက်စားချေသောနေ့၌ ညှာတာလိမ့်မည်မဟုတ်။
တောလည် 5:14 - မြန်မာ့စံမီသမ္မာကျမ်း မိန်းမသည် မိမိကိုယ်မိမိညစ်ညူးစေသဖြင့် လင်ယောက်ျားသည် သံသယစိတ်ဝင်၍ မိမိမယားအပေါ်သဝန်တိုလျှင်၊ သို့မဟုတ် မိန်းမသည် မိမိကိုယ်မိမိညစ်ညူးစေခြင်းမရှိသော်လည်း လင်ယောက်ျားသည် သံသယစိတ်ဝင်၍ မိမိမယားအပေါ်သဝန်တိုလျှင်လည်းကောင်း Garrad Bible ရှုတ် ချ ခံ သည့် မိန်း မ ကို မ ရှု ဆိတ် သော သ ဘော ရောက်၍ မ သင်္ကာ သော် လည်း ကောင်း၊ ရှုတ် ချ မ ခံ သော် လည်း မိန်း မ ကို မ ရှု ဆိတ် သော သ ဘော ရောက်၍ မ သင်္ကာ သော် လည်း ကောင်း၊ Judson Bible သီလပျက်သည်ဖြစ်စေ၊ မပျက်သည်ဖြစ်စေ၊ လင်သည်မယားကို မယုံလျှင်လည်းကောင်း |
အကြောင်းမူကား သဝန်တိုမှုသည် ခင်ပွန်းသည်ကို အမျက်ဒေါသထွက်စေသဖြင့် သူသည် လက်စားချေသောနေ့၌ ညှာတာလိမ့်မည်မဟုတ်။
အကျွန်ုပ်ကို အရှင့်နှလုံးသားထဲတွင် တံဆိပ်ခတ်ထားပါ။ အရှင့်လက်မောင်းပေါ်တွင် တံဆိပ်ရိုက်ထားပါ။ အချစ်သည် သေမင်းကဲ့သို့ အားကြီးတတ်ပါ၏။ သဝန်တိုခြင်းသည် မရဏာနိုင်ငံကဲ့သို့ ကြမ်းကြုတ်ပါ၏။ အချစ်၏ပူလောင်မှုသည် မီးတောက်၊ အရှိန်ပြင်းသောမီးတောက်ဖြစ်ပါ၏။
ထို့ကြောင့် ငါထ၍ လုယက်တိုက်ခိုက်မည့်နေ့ကို စောင့်နေလော့။ အကယ်စင်စစ် ငါသည် တိုင်းနိုင်ငံအရပ်ရပ်မှ လူမျိုးတကာတို့ကို ခေါ်ယူစုစည်းပြီး တရားစီရင်မည်။ ပြင်းထန်သော ငါ့အမျက်၊ ငါ့ဒေါသမီးအလုံးအရင်းကို သူတို့အပေါ်သို့သွန်ချမည်။ ငါ့ဒေါသမီးအရှိန်ကြောင့် မြေတစ်ပြင်လုံးလောင်ကျွမ်းသွားလိမ့်မည်။
လင်ယောက်ျားသည် သံသယစိတ်ဝင်၍ မိမိမယားအပေါ်သဝန်တိုလျှင် ထိုမိန်းမကို ထာဝရဘုရားရှေ့တော်၌ ရပ်စေ၍ ယဇ်ပုရောဟိတ်သည် ဤတရားအတိုင်း ထိုမိန်းမကို စီရင်ရမည်။
ငါတို့သည် သခင်ဘုရားအား သဝန်တိုစေကြသလော။ ငါတို့သည် ကိုယ်တော်ထက် ခွန်အားကြီးကြသလော။