ထိုသူတို့သည် တက်သွား၍ ဇိနတောကန္တာရမှ လီဘိုဟာမတ်အရပ်အနီး ရဟောဘအရပ်တိုင်အောင် ထိုပြည်ကို စူးစမ်းကြ၏။
တောလည် 34:4 - မြန်မာ့စံမီသမ္မာကျမ်း ထိုမှ နယ်နိမိတ်သည် အကရဗ္ဗိမ်တောင်ကုန်း၏တောင်ဘက်သို့ကွေ့သွား၍ ဇိနတောကိုဖြတ်ပြီး ကာဒေရှဗာနာအရပ်သို့ရောက်ရမည်။ ထိုမှ တောင်ဘက် ဟာဇရဒ္ဒါအရပ်သို့ရောက်၍ အာဇမုန်အရပ်ကိုဖြတ်ရမည်။ Common Language Bible ထိုမှတစ်ဖန်တောင်ဘက်သို့လှည့်၍အာက ရဗ္ဗိန်တောင်ကြားသို့သွားပြီးလျှင် ဇိနတော ကန္တာရကိုဖြတ်လျက်တောင်ဘက်ရှိကာဒေရှ ဗာနာသို့လည်းကောင်း၊ ထိုနောက်အနောက် မြောက်ဘက်ဟာဇရဒ္ဒါသို့လည်းကောင်း၊ တစ်ဖန် အာဇမုန်သို့လည်းကောင်း၊- Garrad Bible အ က ရ ဗ္ဗိမ် တောင် ကြား တောင် မျက် နှာ မှ လှည့် လျက် ဇိ န မြို့ သို့ ရောက် ပြီး မှ ကာ ဒေ ရှ ဗာ နာ မြို့ တောင် ဘက် စွန်း အ ထိ၊ ၎င်း မှ ဟာ ဇ ရ ဒ္ဒါ မြို့၊ အ ဇ မုန် မြို့ များ ကို လျှောက် လျက်၊ Judson Bible တောင်ဘက်အပိုင်းအခြားသည် တောင်မျက်နှာမှလည်၍၊ အာကရဗ္ဗိမ်ကုန်းကိုလျှောက်လျက် ဇိနရွာသို့ရောက်ရမည်။ ထိုရွာကပြန်၍ ကာဒေရှဗာနာရွာ၊ ဟာဇရဒ္ဒါရွာ၊ အာဇမုန်ရွာကိုလျှောက်သဖြင့်၊ |
ထိုသူတို့သည် တက်သွား၍ ဇိနတောကန္တာရမှ လီဘိုဟာမတ်အရပ်အနီး ရဟောဘအရပ်တိုင်အောင် ထိုပြည်ကို စူးစမ်းကြ၏။
သူတို့ပြန်လာကြ၍ ကာဒေရှအရပ်၊ ပါရန်တောကန္တာရရှိ မောရှေ၊ အာရုန်နှင့် အစ္စရေးအမျိုးသားလူထုအပေါင်းတို့ထံသို့ ရောက်ကြသောအခါ မောရှေ၊ အာရုန်နှင့် လူထုအပေါင်းတို့ထံ အစီရင်ခံ၍ ထိုပြည်မှယူလာသောအသီးကိုပြကြ၏။
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် ပထမလ၌ ဇိနတောကန္တာရသို့ရောက်လာ၍ သူတို့သည် ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ၍ သူ့ကို ထိုအရပ်မှာပင် သင်္ဂြိုဟ်ကြ၏။
ထိုပြည်ကိုကြည့်ရှုရန် သင်တို့၏ဖခင်တို့ကို ကာဒေရှဗာနာအရပ်မှ ငါစေလွှတ်သောအခါ သူတို့သည်လည်း ဤသို့ပြုခဲ့ကြ၏။
တောင်ဘက်ခြမ်းသည် ဧဒုံပြည်နယ်စပ်တစ်လျှောက်ရှိ ဇိနတောကန္တာရမှစရမည်။ တောင်ဘက်နယ်နိမိတ်သည် အရှေ့ဘက်တွင် ဆားပင်လယ်အစွန်းမှစရမည်။
ယုဒအမျိုးအနွယ်သည် မဲချ၍မျိုးနွယ်စုအလိုက် ရသောအမွေမြေမှာ ဤသို့ဖြစ်၏။ တောင်ဘက်စွန်းရှိ ဇိနတောကန္တာရမှ ဧဒုံနယ်နိမိတ်အထိဖြစ်၏။