သူ၏ယောက်ျားကြားသော်လည်း ကြားသောနေ့၌ သူ့အား ဘာမျှမပြောဘဲနေလျှင် သူ၏ကတိသစ္စာ၊ မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားတို့သည် တည်လိမ့်မည်။
သူသည်ကတိသစ္စာပြုထားသည်အတိုင်း တစ်သဝေမတိမ်းဆောင်ရွက်ရမည်။-
လင် ကြား သိ သော နေ့၌ ဆိတ် ဆိတ် နေ လျှင် သ စ္စာ ဝတ် ထား ချက်၊ ချုပ် တည်း ရန် ဝန် ခံ ချက် များ အ တိုင်း တည် စေ။
လင်သည်ကြားလျှင်လည်းကောင်း၊ ကြားသောနေ့၌ တိတ်ဆိတ်စွာနေလျှင်လည်းကောင်း၊ ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကား တည်ရမည်။
မိန်းမအားလည်း “သင်သန္ဓေတည်သောအခါ ငါသည် သင့်ကို ပင်ပန်းခက်ခဲမှု အများအပြားကြုံတွေ့စေမည်။ သင်သည် နာကျင်ခက်ခဲစွာသားဖွားရမည်။ သင်၏အလိုဆန္ဒသည် သင်၏ခင်ပွန်းအတွက်ဖြစ်လိမ့်မည်။ သူသည် သင့်ကိုအုပ်စိုးလိမ့်မည်”ဟု မိန့်တော်မူ၏။
မိန်းမတို့ကလည်း “ငါတို့သည် ကောင်းကင်မိဖုရားအား နံ့သာပေါင်းမီးရှို့ပူဇော်သောအခါ၊ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းသောအခါ ငါတို့၏ခင်ပွန်းသည်မပါဘဲ မိဖုရားပုံတူမုန့်များကို လုပ်ခဲ့သလော။ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းခဲ့သလော”ဟု ဆိုကြ၏။
ထိုမိန်းမသည် ယောက်ျားရပြီးမှ ကတိသစ္စာပြုလျှင်ဖြစ်စေ၊ စကားကိုအလျင်စလိုပြော၍ မိမိကိုယ်မိမိ ချည်နှောင်လျှင်ဖြစ်စေ
သူ၏ယောက်ျား ကြားသောနေ့၌ သူ့ကိုဟန့်တား၍ သူပြုထားသောကတိသစ္စာနှင့် အလျင်စလိုပြောသောစကားဖြင့် မိမိကိုယ်မိမိ ချည်နှောင်သောကတိစကားတို့ကို ပယ်ဖျက်လျှင်မူကား ထာဝရဘုရားသည် ထိုမိန်းမကိုခွင့်လွှတ်တော်မူလိမ့်မည်။
ဥပမာဆိုသော် ကာမပိုင်ရှိသောအမျိုးသမီးတစ်ဦးသည် ပညတ်တရားအရ အသက်ရှင်နေသောခင်ပွန်းနှင့်အနှောင်အဖွဲ့ရှိ၏။ ခင်ပွန်းသေလျှင်မူကား ခင်ပွန်းနှင့်ပတ်သက်သောပညတ်တရားမှ ကင်းလွတ်၏။
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော့်ကျွန်မ ခံရသောဆင်းရဲဒုက္ခကို အကယ်စင်စစ် ကြည့်တော်မူပါ။ ကိုယ်တော့်ကျွန်မကို မမေ့လျော့ဘဲ အောက်မေ့တော်မူပါ။ ကိုယ်တော့်ကျွန်မအား သားယောက်ျားကိုပေးသနားတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်သည် သူ့ဘဝတစ်ခုလုံးကို ထာဝရဘုရားထံ ဆက်ကပ်အပ်နှံပါမည်။ သူ့ဆံပင်ကိုလည်း မရိတ်ပါ”ဟု ကတိသစ္စာပြုဆုတောင်းလေ၏။
သူ၏ခင်ပွန်းဧလကာနကလည်း “သင်ကောင်းသည်ဟုထင်သည့်အတိုင်း ပြုပါ။ သူငယ်နို့ပြတ်သည်အထိ နေပါ။ ထာဝရဘုရားသည် ကတိထားသည့်အတိုင်း ပြုတော်မူပါစေသော”ဟု ဆို၏။ ထို့ကြောင့် ဟန္နနေခဲ့၍ မိမိ၏သားကို နို့ပြတ်သည်အထိပြုစုစောင့်ရှောက်လေ၏။