သူသည် နွားထီး၏သွေးအချို့ကိုယူ၍ ၎င်းကို မိမိလက်ချောင်းဖြင့် ကရုဏာတော်ပလ္လင်၏မျက်နှာစာပေါ်၌ ဖျန်းရမည်။ သွေးအချို့ကို မိမိ၏လက်ချောင်းဖြင့် ကရုဏာတော်ပလ္လင်ရှေ့၌ ခုနစ်ကြိမ်ဖျန်းရမည်။
တောလည် 19:4 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်ဧလာဇာသည် သွေးအချို့ကို မိမိလက်ချောင်းဖြင့်ယူ၍ တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့ဘက်သို့ ခုနစ်ကြိမ်ဖျန်းရမည်။ Common Language Bible ဧလာဇာသည်သွေးကိုလက်ချောင်းဖြင့်တို့၍ တဲတော်ရှိရာဘက်ခုနစ်ကြိမ်ဖျန်းရမည်။- Garrad Bible သွေး အ ချို့ အ ဝက် ကို လက် ချောင်း ဖြင့် ယူ၍ တွေ့ ဆုံ ရာ တဲ တော် ဘက် လှည့် လျက် ခု နစ် ကြိမ် ဖျန်း ခြင်း ကို လည်း ကောင်း၊ Judson Bible ယဇ်ပုရောဟိတ်ဧလာဇာသည် အသွေးကိုလက်နှင့်ယူ၍ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့စူးစူး၌ ခုနစ်ကြိမ်ဖျန်းရမည်။ |
သူသည် နွားထီး၏သွေးအချို့ကိုယူ၍ ၎င်းကို မိမိလက်ချောင်းဖြင့် ကရုဏာတော်ပလ္လင်၏မျက်နှာစာပေါ်၌ ဖျန်းရမည်။ သွေးအချို့ကို မိမိ၏လက်ချောင်းဖြင့် ကရုဏာတော်ပလ္လင်ရှေ့၌ ခုနစ်ကြိမ်ဖျန်းရမည်။
သွေးအချို့ကို မိမိ၏လက်ချောင်းဖြင့် ယဇ်ပလ္လင်ပေါ်၌ ခုနစ်ကြိမ်ဖျန်းပြီး စင်ကြယ်စေရမည်။ ဤသို့ဖြင့် ယဇ်ပလ္လင်ကို အစ္စရေးအမျိုးသားတို့၏မစင်ကြယ်ခြင်းမှ စင်ကြယ်အောင် ပြုရမည်။
ယဇ်ပုရောဟိတ်သည် မိမိလက်ချောင်းကို သွေးထဲသို့နှစ်၍ ထာဝရဘုရားရှေ့တော်၊ ကန့်လန့်ကာရှေ့၌ ခုနစ်ကြိမ်ဖျန်းရမည်။
ယဇ်ပုရောဟိတ်သည် မိမိ၏လက်ချောင်းကို သွေးထဲသို့နှစ်ရမည်။ သွေးအချို့ကို ထာဝရဘုရားရှေ့တော်၊ သန့်ရှင်းရာဌာန၏ကန့်လန့်ကာရှေ့၌ ခုနစ်ကြိမ်ဖျန်းရမည်။
ပဋိညာဉ်သစ်၏ကြားဝင်စေ့စပ်သူ ယေရှုထံသို့လည်းကောင်း၊ အာဗေလ၏သွေးထက် သာ၍မြတ်သောအရာကိုမြွက်ဆိုသည့် ပက်ဖျန်းသောသွေးတော်ထံသို့လည်းကောင်း ချဉ်းကပ်ကြ၏။
ယေရှုခရစ်တော်ကိုနာခံရန်နှင့် ကိုယ်တော်၏သွေးတော်ပက်ဖျန်းခြင်းခံရရန်အတွက် ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေခြင်းခံရ၍ ခမည်းတော်ဘုရားသခင်၏ကြိုတင်သိမြင်သောဉာဏ်တော်အတိုင်း ရွေးကောက်ခံရသောသူတို့ထံသို့ စာရေးလိုက်ပါ၏။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တိုးပွားပါစေသော။