ဆလင်ဘုရင်မေလခိဇေဒက်မင်းကြီးသည်လည်း မုန့်နှင့်စပျစ်ဝိုင်ကိုယူဆောင်ခဲ့၏။ သူသည် အမြင့်ဆုံးသောဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်၏။
တောလည် 18:28 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ အစ္စရေးအမျိုးသားတို့ထံမှ သင်တို့ခံယူရရှိသောဆယ်ဖို့တစ်ဖို့အားလုံးထဲမှ အလှူပစ္စည်းကို ထာဝရဘုရားအား ပေးလှူပူဇော်ရမည်။ ထိုဆယ်ဖို့တစ်ဖို့ထဲမှ ထာဝရဘုရားအား ပေးလှူပူဇော်သော အလှူပစ္စည်းကို ယဇ်ပုရောဟိတ်အာရုန်အား သင်တို့ပေးရမည်။ Common Language Bible ဤနည်းအားဖြင့်သင်တို့သည်ဣသရေလ အမျိုးသားတို့ထံမှ ရရှိသောဆယ်ဖို့တစ်ဖို့ အလှူရှိသမျှကို ငါ့အားအထူးအလှူ အဖြစ်ဆက်သရမည်။ သင်တို့သည်ငါ့အား ဆက်သသော ဤအထူးအလှူကိုယဇ်ပု ရောဟိတ်အာရုန်အားပေးအပ်ရမည်။- Garrad Bible ထို သို့ သင် တို့ လည်း ဣ သ ရေ လ အ မျိုး သား တို့ မှ ခံ ယူ ကြ သော ဆယ် ဖို့ တစ် ဖို့ အ နက် ငါ ထာ ဝ ရ ဘု ရား ထံ အ လှူ အ ဖြစ် မြှောက် ဆက် လှူ ဒါန်း သော ဝ တ္ထု ကို ပ ရော ဟိတ် အာ ရုန် အား လွှဲ အပ် ကြ ရ မည်။ Judson Bible ထိုသို့သင်တို့သည် ဣသရေလအမျိုးသားတို့မှခံယူသော ဆယ်ဖို့တစ်ဖို့ထဲက၊ ထာဝရဘုရားအား ပူဇော်သကာပြုရကြမည်။ ထိုပူဇော်သကာကိုလည်း၊ ယဇ်ပုရောဟိတ်အာရုန်အား လှူရကြမည်။ |
ဆလင်ဘုရင်မေလခိဇေဒက်မင်းကြီးသည်လည်း မုန့်နှင့်စပျစ်ဝိုင်ကိုယူဆောင်ခဲ့၏။ သူသည် အမြင့်ဆုံးသောဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်၏။
သင်တို့၏အလှူပစ္စည်းကို ကောက်နယ်တလင်းမှ ကောက်ပဲသီးနှံကဲ့သို့လည်းကောင်း၊ စပျစ်သီးနယ်ရာကျင်းမှ စပျစ်ရည်ကဲ့သို့လည်းကောင်း မှတ်ယူမည်။
သင်တို့ခံယူရရှိသောပူဇော်သက္ကာအားလုံးထဲမှ ထာဝရဘုရားနှင့်ဆိုင်သောအလှူပစ္စည်းကို ပေးလှူပူဇော်ရမည်။ အကောင်းဆုံးအလှူပစ္စည်း၊ သန့်ရှင်းသောအလှူပစ္စည်းကို ပေးလှူပူဇော်ရမည်။
သင်သည် ထိုပူဇော်သက္ကာကို သူတို့ရရှိသောတစ်ဝက်ထဲမှ ယူ၍ ထာဝရဘုရားအဖို့ အလှူပစ္စည်းအဖြစ် ယဇ်ပုရောဟိတ်ဧလာဇာအား ပေးရမည်။
ယေရှုသည် မေလခိဇေဒက်နှင့်အလားတူသော ထာဝရယဇ်ပုရောဟိတ်မင်းဖြစ်လာပြီး ထိုကန့်လန့်ကာအတွင်းသို့ ရှေ့ဆောင်လမ်းခင်းပေးသူအဖြစ် ငါတို့ကိုယ်စားဝင်တော်မူ၏။