စာရာသည် ခါနာန်ပြည်ရှိ ဟေဗြုန် ခေါ် ကိရယအာဘမြို့၌ သေဆုံး၏။ အာဗြဟံသည် စာရာအတွက် ငိုကြွေးမြည်တမ်းရန် လာလေ၏။
တမန်တော်ဝတ္ထု 8:2 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားတရားကြည်ညိုသောသူတို့သည် သတေဖန်ကိုသင်္ဂြိုဟ်၍ သူ့အတွက် ရင်ဘတ်စည်တီးလျက် ပြင်းစွာငိုကြွေးကြ၏။ Common Language Bible ဘုရားတရားကြည်ညိုသူလူအချို့တို့ သည် သတေဖန်ကိုသင်္ဂြိုဟ်၍သည်းစွာငိုကြွေး မြည်တမ်းကြ၏။ Garrad Bible ဘု ရား တ ရား ကြည် ညို သူ တို့ လည်း သ တေ ဖန် ကို သင်္ဂြိုဟ် လျက် သည်း စွာ မြည် တမ်း ကြ၏။ Judson Bible တရားကိုရိုသေသောသူတို့သည် သတေဖန်ကို သင်္ဂြိုဟ်၍ ပြင်းစွာသောငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားတရားကိုင်းရှိုင်းသောသူတို့သည် သတေဖန်ကိုသင်္ဂြိုဟ်၍ အလွန်ငိုကြွေးတမ်းတကြ၏။ |
စာရာသည် ခါနာန်ပြည်ရှိ ဟေဗြုန် ခေါ် ကိရယအာဘမြို့၌ သေဆုံး၏။ အာဗြဟံသည် စာရာအတွက် ငိုကြွေးမြည်တမ်းရန် လာလေ၏။
စစ်ရထားနှင့်မြင်းစီးသူရဲတို့သည်လည်း လိုက်ပါသွားကြသဖြင့် အလွန်ကြီးမားသောလူအုပ်ကြီးဖြစ်လေ၏။
ဒါဝိဒ်မင်းကြီးက ယွာဘနှင့် သူ့လူအားလုံးတို့အား “သင်တို့အဝတ်ကိုဆုတ်၍ လျှော်တေအဝတ်ကိုဝတ်ကြ။ အာဗနာအဖို့ ငိုကြွေးမြည်တမ်းကြ”ဟု ဆိုပြီး ဒါဝိဒ်မင်းကြီးကိုယ်တော်တိုင် အသုဘလိုက်ပို့လေ၏။
ဟေဇကိမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ဒါဝိဒ်သားမြေးတို့၏သင်္ချိုင်းမြေရှိရာတောင်ကုန်းပေါ်တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူအနိစ္စရောက်သောအခါ ယုဒပြည်သူဂျေရုဆလင်မြို့သားအပေါင်းတို့သည် သူ့ကို ဂုဏ်ပြုကြ၏။ သူ၏သားတော်မနာရှေသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ယေရမိသည် ယောရှိမင်းကြီးအတွက် ငိုချင်းကို ဖွဲ့ခဲ့၏။ သီချင်းသည်ယောက်ျားမိန်းမအပေါင်းတို့သည်လည်း ယောရှိမင်းကြီးအတွက် ငိုချင်းများကို ယနေ့တိုင် သီဆိုနေကြ၏။ ထိုငိုချင်းတို့ကို အစ္စရေးပြည်၏ဓလေ့ထုံးတမ်းတစ်ခုအဖြစ်ထားရှိပြီး မြည်တမ်းစာ၌ရေးမှတ်ထားကြ၏။
သေသောသူအတွက် မငိုကြွေးနှင့်၊ ဝမ်းမနည်းနှင့်။ သို့သော် အဝေးသို့ထွက်သွားသောသူအတွက် ဝမ်းနည်းပက်လက်ငိုကြွေးလော့။ သူသည် နောက်တစ်ဖန် ပြန်လာရတော့မည်မဟုတ်။ သူ၏မွေးရပ်မြေကို ပြန်မြင်ရတော့မည်မဟုတ်။
ထို့ကြောင့် ယောရှိ၏သား ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်ပတ်သက်၍ ထာဝရဘုရားက “အလို ငါ့အစ်ကို၊ အလို ငါ့နှမဟူ၍ သူ့အတွက်မြည်တမ်းကြမည်မဟုတ်။ အလို သခင်၊ အလို ဘုန်းကြီးသောသူဟူ၍ သူ့အတွက်မြည်တမ်းကြမည်မဟုတ်။
လူထုအပေါင်းတို့သည် အာရုန်သေကြောင်းကို သိမြင်သော် အစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် အာရုန်အတွက် ရက်ပေါင်းသုံးဆယ်ငိုကြွေးကြ၏။
ယောဟန်၏တပည့်တို့သည် ထိုသတင်းကိုကြားသိကြသောအခါ လာ၍ သူ၏အလောင်းကိုယူဆောင်သွားပြီးလျှင် ဂူသွင်းသင်္ဂြိုဟ်ကြ၏။
ထိုအခါ၌ ဂျေရုဆလင်မြို့တွင် ရှိမောင်အမည်ရှိသောလူတစ်ဦးရှိ၏။ သူသည် ဘုရားတရားကြည်ညို၍ ဖြောင့်မတ်သောသူဖြစ်ပြီး အစ္စရေးလူမျိုးခံစားရမည့်နှစ်သိမ့်မှုကို စောင့်မျှော်နေသူဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌တည်သည်ဖြစ်၍
သူသည် ဘုရားဝတ်၌မွေ့လျော်သောသူဖြစ်ပြီး သူ၏အိမ်သူအိမ်သားအားလုံးနှင့်တကွ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေ၍ ဂျူးလူမျိုးတို့အား များစွာပေးကမ်းစွန့်ကြဲကာ ဘုရားသခင်ထံ အမြဲဆုတောင်းလျက်နေ၏။
ထိုအချိန်ကာလတွင် မိုးကောင်းကင်အောက်ရှိ တိုင်းနိုင်ငံအသီးသီးမှ ဘုရားတရားကြည်ညိုသောဂျူးလူမျိုးတို့သည် ဂျေရုဆလင်မြို့၌တည်းခိုနေကြ၏။
ရှောလုသည်လည်း သတေဖန်အသတ်ခံရသည့်အမှု၌ အလိုတူအလိုပါဖြစ်၏။ ထိုနေ့တွင် ဂျေရုဆလင်မြို့ရှိအသင်းတော်အပေါ် ပြင်းထန်သောညှဉ်းဆဲမှုဖြစ်ပေါ်လာသဖြင့် တမန်တော်တို့မှတစ်ပါး သင်းဝင်သူအပေါင်းတို့သည် ယုဒနယ်နှင့်ရှမာရိနယ်တစ်လျှောက်သို့ ကွဲလွင့်သွားကြ၏။
ရှောလုသည် တစ်အိမ်ပြီးတစ်အိမ်ဝင်၍ ယောက်ျားမိန်းမတို့ကိုဆွဲထုတ်ကာ ထောင်ထဲသို့ပို့လျက် အသင်းတော်ကို လိုက်၍ဖျက်ဆီးလေ၏။
အစ္စရေးအမျိုးသားတို့သည် မောဘလွင်ပြင်၌ မောရှေအတွက် ရက်ပေါင်းသုံးဆယ်ငိုကြွေးကြ၏။ ဤသို့ဖြင့် မောရှေအတွက် ငိုကြွေးမြည်တမ်းသောနေ့ရက်များပြီးဆုံးလေ၏။
ရှမွေလ အနိစ္စရောက်သွားသဖြင့် အစ္စရေးတစ်မျိုးသားလုံး ငိုကြွေးမြည်တမ်းကြပြီး သူ့ဇာတိမြို့ဖြစ်သောရာမမြို့၌ပင် သင်္ဂြိုဟ်ပြီးဖြစ်၏။ ရှောလုမင်းကြီးလည်း တစ်ပြည်လုံးရှိ နတ်ဝင်သည်များ၊ နတ်ထိန်းသည်များကို ဖယ်ရှားပြီးဖြစ်၏။