ပြည်သားတို့သည်လည်း နွားသငယ်ရုပ်ရှိရာဒန်မြို့အထိ သွား၍ဝတ်ပြုကြရာ ဤသည်မှာ အပြစ်ဖြစ်လာ၏။
တမန်တော်ဝတ္ထု 4:19 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ပေတရုနှင့်ယောဟန်တို့က “ဘုရားသခင်၏စကားတော်ထက် သင်တို့၏စကားကို ပို၍နားထောင်ခြင်းသည် ဘုရားသခင်ရှေ့တော်၌ မှန်၊ မမှန် သင်တို့ဆုံးဖြတ်ကြလော့။ Common Language Bible သို့ရာတွင်ပေတရုနှင့်ယောဟန်တို့က``ငါ တို့သည်ဘုရားသခင်၏စကားကိုနား ထောင်ရမည်လော။ သို့မဟုတ်သင်တို့၏စကား ကိုနားထောင်ရမည်လော။ ဘုရားသခင်၏ ရှေ့တော်တွင်အဘယ်သူ၏စကားကိုနား ထောင်သင့်ကြောင်း သင်တို့ကိုယ်တိုင်ပင်အဆုံး အဖြတ်ပေးကြလော့။- Garrad Bible သို့ ရာ တွင် ပေ တ ရု နှင့် ယော ဟန် တို့ က ဘု ရား သ ခင့် ဗျာ ဒိတ် တော် ထက် သင် တို့ စ ကား ကို နာ ယူ သော် ဘု ရား သ ခင့် ရှေ့ သင့် မ သင့် ဆုံး ဖြတ် ကြ လော့။ Judson Bible ပေတရုနှင့် ယောဟန်တို့ကလည်း၊ ဘုရားသခင်၏ စကားတော်ကိုနားထောင်သည်ထက် သင်တို့၏စကားကို သာ၍နားထောင်သော်၊ ဘုရားသခင့်ရှေ့မှာ ကောင်းမည်မကောင်းမည်ကို ဆင်ခြင်၍ စီရင်ကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ပေတရုနှင့် ယောဟန်တို့က “ဘုရားသခင်၏စကားတော်ကို နားမထောင်ဘဲ သင်တို့၏စကားကို နားထောင်ခြင်းသည် ဘုရားသခင်၏ရှေ့တော်၌ မှန်သည်မမှန်သည်ကို သင်တို့ဆုံးဖြတ်ကြလော့။ |
ပြည်သားတို့သည်လည်း နွားသငယ်ရုပ်ရှိရာဒန်မြို့အထိ သွား၍ဝတ်ပြုကြရာ ဤသည်မှာ အပြစ်ဖြစ်လာ၏။
ထို့ကြောင့် ဘုရားသခင်၏လူက ပရောဖက်နောက်သို့ပြန်လိုက်လာပြီး သူ့အိမ်တွင် အစားအစာကိုစား၍ ရေလည်း သောက်လေ၏။
ယေရောဗောင်မင်းကြီးသည် ကိုယ်တိုင်အပြစ်ပြုသည်သာမက အစ္စရေးလူမျိုးတို့ကိုပါ အပြစ်ပြုစေသောအပြစ်များကြောင့် ကိုယ်တော်သည် အစ္စရေးလူမျိုးကို စွန့်ပစ်တော်မူမည်”ဟု သူ့အား ဆိုလေ၏။
ထိုမြို့တွင်နေထိုင်သော မြို့သားသက်ကြီးဝါကြီးများနှင့် မှူးမတ်များလည်း သူတို့ထံသို့ပေးပို့သောစာ၌ရေးသားထားသည့် ယေဇဗေလညွှန်ကြားချက်အတိုင်း ပြုကြ၏။
သို့သော် မိက္ခာယက “ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ ငါ့အား ထာဝရဘုရားမိန့်တော်မူသောအရာကိုသာ ငါဟောမည်”ဟု ပြန်ပြော၏။
အာခတ်မင်းကြီးသည် ယဇ်ပုရောဟိတ်ဥရိယအား “ထိုယဇ်ပလ္လင်ကြီးပေါ်၌ နံနက်မီးရှို့ရာယဇ်နှင့် နေဝင်ချိန်ဘောဇဉ်ပူဇော်သက္ကာ၊ ဘုရင့်မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ တိုင်းသူပြည်သားအားလုံးတို့၏မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာစသည်တို့ကို ပူဇော်ရမည်။ မီးရှို့ရာယဇ်ကောင်၏အသွေးနှင့် အခြားယဇ်ကောင်အသွေးရှိသမျှတို့ကို ထိုယဇ်ပလ္လင်ပေါ်တွင် ပက်ဖျန်းရမည်။ ကြေးနီယဇ်ပလ္လင်မူကား ငါမေးလျှောက်ရန်အတွက် ဖြစ်ရမည်”ဟု မိန့်မှာ၏။
အို အားကြီးသောသူတို့၊ အကယ်စင်စစ် သင်တို့သည် ဖြောင့်မတ်စွာပြောဆိုကြသလော။ လူသားတို့ကို သမာသမတ်ရှိစွာ တရားစီရင်ကြသလော။
သို့သော် ဝမ်းဆွဲတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သဖြင့် သူတို့အား အီဂျစ်ဘုရင်အမိန့်ပေးသည့်အတိုင်းမပြုဘဲ ယောက်ျားလေးများကို အသက်ချမ်းသာပေးကြ၏။
ယေရမိကလည်း မှူးမတ်များနှင့် ပြည်သူပြည်သားအပေါင်းတို့အား “ဤအိမ်တော်နှင့် ဤမြို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောသောစကားကို သင်တို့အလုံးစုံကြားရပြီ။ ထိုသို့ဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မူပြီ။
ထိုသို့ ကယ်တင်တော်မမူလျှင်လည်း အကျွန်ုပ်တို့သည် အရှင်မင်းကြီး၏ဘုရားများကို မကိုးကွယ်၊ မင်းကြီးတည်ထားသောရွှေရုပ်တုကိုလည်း ရှိခိုးမည်မဟုတ်ကြောင်း သိမှတ်တော်မူပါ”ဟု မင်းကြီးအား ပြန်လျှောက်ကြ၏။
ထိုအမိန့်စာကို ဒါရိမင်းကြီးလက်မှတ်ရေးထိုးကြောင်း ဒံယေလကြားသိသော်လည်း သူသည် အိမ်သို့ပြန်၍အပေါ်ထပ် မိမိအခန်းသို့ဝင်ကာ ဂျေရုဆလင်မြို့ဘက်သို့မျက်နှာမူထားသော ပြတင်းပေါက်ကိုဖွင့်ပြီး ဘုရားသခင်ရှေ့တော်တွင် ယခင်ကတစ်နေ့သုံးကြိမ်ဒူးထောက်ဆုတောင်းခဲ့သည့်အတိုင်း ဆုတောင်းလျက်ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
ဧဖရိမ်သည် ရုပ်တုနောက်သို့ ကောက်ကောက်ပါအောင်လိုက်သောကြောင့် နှိပ်စက်ခြင်းကိုခံရ၍ တရားစီရင်ခြင်းကြောင့် ကျိုးပဲ့ကြေမွလေပြီ။
ထို့ကြောင့် ယခု ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။ သင်က ‘အစ္စရေးလူမျိုးကို ဆန့်ကျင်၍ ပရောဖက်မပြုနှင့်၊ ဣဇက်အမျိုးအနွယ်ကို ဆန့်ကျင်၍ မဟောပြောနှင့်’ဟု ဆို၏။
ဩမရိမင်းကြီး၏ဥပဒေသအတိုင်း၊ အာဟပ်မင်းမျိုး၏အပြုအမူအတိုင်း သင်တို့ လိုက်လျှောက်ကြ၏။ သူတို့၏အကျင့်အကြံအတိုင်း လိုက်လျှောက်သောကြောင့် သင့်ကို ပျက်စီးခြင်းလက်သို့ ငါပေးအပ်လိုက်၏။ မြို့သားတို့သည် ကဲ့ရဲ့စရာဖြစ်ရလိမ့်မည်။ သင်တို့သည် ငါ့လူမျိုးတော်၏ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရလိမ့်မည်။”
သူတို့က “ဆီဇာဧကရာဇ်၏ပုံနှင့်ကမ္ပည်းစာဖြစ်ပါသည်”ဟု လျှောက်ကြ၏။ ကိုယ်တော်ကလည်း“သို့ဖြစ်လျှင် ဆီဇာဧကရာဇ်နှင့်ဆိုင်သောအရာများကို ဆီဇာဧကရာဇ်အားဆက်သ၍ ဘုရားသခင်နှင့်ဆိုင်သောအရာများကို ဘုရားသခင်အားဆက်သကြလော့”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် ပေတရုနှင့်ယောဟန်တို့အား“ပသခါပွဲတော်ကို ငါတို့စားရန် သွား၍ပြင်ဆင်ကြလော့”ဟု မိန့်တော်မူလျက် သူတို့ကိုစေလွှတ်တော်မူ၏။
အပြင်ပန်းအားဖြင့် လူကိုမစီရင်ဘဲ တရားမျှတစွာစီရင်ကြလော့”ဟု မိန့်တော်မူ၏။
ထိုသူတို့သည် ပေတရုနှင့်ယောဟန်တို့၏ရဲရင့်ခြင်းကိုမြင်၍ သူတို့နှစ်ဦးသည် ပညာမတတ်သော သာမန်လူများဖြစ်ကြောင်းသတိထားမိသဖြင့် အံ့သြကြလေ၏။ သူတို့နှစ်ဦးသည် ယေရှုနှင့်အတူရှိခဲ့ကြကြောင်းကိုလည်း မှတ်မိကြ၏။
“ဤနာမကိုအမှီပြု၍ မသွန်သင်ကြရန် သင်တို့အား တင်းကျပ်စွာအမိန့်ပေးထားသည်မဟုတ်လော။ သို့ရာတွင် သင်တို့သည် ဂျေရုဆလင်မြို့၌ သင်တို့၏သွန်သင်ချက်ကိုပျံ့နှံ့စေ၍ ထိုသူ၏သွေးကို ငါတို့အပေါ်သက်ရောက်စေရန် ကြံရွယ်ကြသည်တကား”ဟု မေးမြန်းပြောဆိုလေ၏။
သို့သော် ပေတရုနှင့်တမန်တော်တို့က “လူတို့၏စကားကို နားထောင်သည်ထက် ဘုရားသခင်၏စကားကို နားထောင်သင့်ပါ၏။
သင်တို့အား ပညာသတိရှိသောသူကိုပြောသကဲ့သို့ ငါပြော၏။ ငါပြောသောအရာကို ဆင်ခြင်သုံးသပ်ကြလော့။
ငါတို့သည် ကွယ်ဝှက်ထားသည့် ရှက်ဖွယ်ရာများကိုစွန့်ပယ်၍ ပရိယာယ်၌ကျင်လည်ခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မလိမ့်တပတ်လုပ်ခြင်းတို့မရှိဘဲ သမ္မာတရားကို အတိအလင်းဖော်ပြခြင်းအားဖြင့် ဘုရားသခင်၏ရှေ့တော်၌ လူအပေါင်းတို့၏အသိစိတ်တွင် မိမိတို့ကိုယ်ကိုထင်ရှားစေကြ၏။
သားသမီးတို့၊ သခင်ဘုရား၌ သင်တို့၏မိဘစကားကို နားထောင်ကြလော့။ အကြောင်းမူကား ထိုသို့ပြုခြင်းသည် မှန်ကန်သောအမှုဖြစ်၏။
ထိုသို့ပြုခြင်းသည် ကောင်းမြတ်၍ ငါတို့၏ကယ်တင်ရှင်ဘုရားသခင်ရှေ့တော်၌ နှစ်သက်လက်ခံဖွယ်ဖြစ်၏။
မောရှေဖွားမြင်သောအခါ အဆင်းလှသောသူငယ်ဖြစ်ကြောင်း သူ၏မိဘတို့မြင်သဖြင့် ရှင်ဘုရင်၏အမိန့်တော်ကိုပင်မကြောက်ဘဲ ယုံကြည်ခြင်းအားဖြင့် သူ့ကိုသုံးလပတ်လုံးဝှက်ထားကြ၏။
သင်တို့သည် အချင်းချင်းကြား၌ လူတန်းစားခွဲခြား၍ မကောင်းသောတွေးတောကြံစည်မှုတို့ဖြင့် တရားစီရင်သူများဖြစ်ကြပြီမဟုတ်လော။