ဤသည်ကား ကိုယ်တော်ကိုယုံကြည်သောသူတို့ခံယူရရှိမည့် ဝိညာဉ်တော်ကိုရည်ညွှန်း၍ မိန့်တော်မူခြင်းဖြစ်၏။ အကြောင်းမူကား ယေရှုသည် ဘုန်းတော်ထင်ရှားခြင်းမရှိသေးသဖြင့် ဝိညာဉ်တော်ကိုပေးတော်မမူသေး။
တမန်တော်ဝတ္ထု 19:2 - မြန်မာ့စံမီသမ္မာကျမ်း “သင်တို့ယုံကြည်ကြသောအခါ သန့်ရှင်းသောဝိညာဉ်တော်ကို ခံယူရရှိကြသလော”ဟု မေးလေရာ သူတို့က “သန့်ရှင်းသောဝိညာဉ်တော်ရှိကြောင်းကိုပင် အကျွန်ုပ်တို့မကြားဖူးပါ”ဟု ဖြေကြားကြ၏။ Common Language Bible ``သင်တို့သည်ယုံကြည်သူများဖြစ်လာကြ သောအခါ သန့်ရှင်းသောဝိညာဉ်တော်ကိုခံ ယူရကြပါ၏လော'' ဟုမေး၏။ ထိုသူတို့က ``သန့်ရှင်းသောဝိညာဉ်တော်ရှိ တော်မူကြောင်းကိုပင် ကျွန်ုပ်တို့မကြားဘူး ပါ'' ဟုဆိုကြ၏။ Garrad Bible သင် တို့ ယုံ ကြည် သည့် ကာ လ သန့် ရှင်း သော ဝိ ညာဉ် တော် ကို ခံ ရ ကြ ပြီ လော ဟု မေး သော်၊ သန့် ရှင်း သော ဝိ ညာဉ် တော် ရှိ ကြောင်း ကို မျှ မ ကြား ဘူး ပါ ဟု ဖြေ ဆို ကြ သည် နှင့်၊ Judson Bible သင်တို့သည် ယုံကြည်သည်နောက်၊ သန့်ရှင်းသောဝိညာဉ်တော်ကို ခံကြပြီလောဟု မေးသည်ရှိသော်၊ သန့်ရှင်းသော ဝိညာဉ်တော်သက်ရောက်သည်ကို အကျွန်ုပ်တို့မသိပါဟု ပြောဆိုကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေါလုက “သင်တို့သည် ယုံကြည်သူများ ဖြစ်လာကြသောအခါ သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိကြသလော” ဟု မေး၏။ ထိုသူတို့က “မရကြပါ။ သန့်ရှင်းသောဝိညာဉ်တော်ဟူ၍ ရှိသည်ကိုပင် ကျွန်ုပ်တို့မကြားဖူးသေးပါ” ဟု ပြန်ဖြေကြ၏။ |
ဤသည်ကား ကိုယ်တော်ကိုယုံကြည်သောသူတို့ခံယူရရှိမည့် ဝိညာဉ်တော်ကိုရည်ညွှန်း၍ မိန့်တော်မူခြင်းဖြစ်၏။ အကြောင်းမူကား ယေရှုသည် ဘုန်းတော်ထင်ရှားခြင်းမရှိသေးသဖြင့် ဝိညာဉ်တော်ကိုပေးတော်မမူသေး။
ဤတရားစကားတို့ကို ပေတရုဟောပြောနေစဉ် သန့်ရှင်းသောဝိညာဉ်တော်သည် နှုတ်ကပတ်တရားကို ကြားနာနေသူအားလုံးအပေါ်သို့ သက်ရောက်တော်မူ၏။
ဟောပြောထားသောအရာမှာ ‘ဘုရားသခင်မိန့်တော်မူသည်ကား ငါသည် နောက်ဆုံးသောနေ့ရက်တို့၌ လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်ကိုသွန်းလောင်းမည်။ ထိုအခါ သင်တို့၏သားသမီးများသည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ သင်တို့ထဲမှလူငယ်များသည် ဗျာဒိတ်ရူပါရုံများကိုမြင်ရကြလိမ့်မည်။ သင်တို့ထဲမှသက်ကြီးဝါကြီးများသည် အိပ်မက်များကိုမြင်မက်ကြလိမ့်မည်။
သင်တို့ကို ငါအလွန်တွေ့မြင်လိုသည်မှာ သင်တို့အား ဝိညာဉ်ဆုကျေးဇူးအချို့ကိုဝေမျှပေး၍ သင်တို့ကိုခိုင်ခံ့မြဲမြံစေရန်ဖြစ်၏။
သင်တို့၏ကိုယ်ခန္ဓာသည် ဘုရားသခင်ထံမှ သင်တို့ရရှိထားသော သင်တို့အထဲ၌တည်နေသည့် သန့်ရှင်းသောဝိညာဉ်တော်၏ဗိမာန်တော်ဖြစ်ကြောင်းကိုလည်းကောင်း၊ သင်တို့ကိုယ်သင်တို့မပိုင်ကြောင်းကိုလည်းကောင်း သင်တို့မသိကြသလော။
သို့ဖြစ်လျှင် ဝိညာဉ်တော်ကို သင်တို့အားပေးတော်မူ၍ သင်တို့ထဲ၌ တန်ခိုးနှင့်ပြည့်စုံသောအမှုကို ပြုတော်မူသောအရှင်သည် သင်တို့၏ပညတ်တရားနှင့်ဆိုင်သောအကျင့်ကြောင့် ထိုသို့ပြုတော်မူသလော၊ သို့မဟုတ် သင်တို့ကြားနာ၍ယုံကြည်သောကြောင့် ထိုသို့ပြုတော်မူသလော။
ထိုစဉ်က ရှမွေလသည် ထာဝရဘုရားနှင့်သိကျွမ်းခြင်းမရှိသေး။ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုလည်း မရရှိဖူးသေး။