ထို့ကြောင့် သင်တို့သည်သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ သူတို့ကိုဗတ္တိဇံပေးကြလော့။
တမန်တော်ဝတ္ထု 14:21 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ထိုမြို့၌ ကောင်းမြတ်သောသတင်းကိုဟောပြောလျက် လူများစွာတို့ကို တပည့်တော်ဖြစ်စေကြ၏။ ထို့နောက် လုတ္တရမြို့၊ ဣကောနိမြို့နှင့် အန္တိအုတ်မြို့များသို့ ပြန်သွားပြီးလျှင် Common Language Bible ပေါလုနှင့်ဗာနဗတို့သည်ဒေရဗေမြို့တွင် သတင်းကောင်းကိုဟောပြောကြေညာသဖြင့် လူအမြောက်အမြားတပည့်တော်များဖြစ် လာကြ၏။ ထိုနောက်လုတ္တရမြို့၊ ဣကောနိ မြို့နှင့်ပိသိဒိပြည်အန္တိအုတ်မြို့သို့ပြန် ကြ၏။- Garrad Bible ထို မြို့ သူ မြို့ သား တို့ အား သ တင်း တော် မြတ် ကို ကြား ပြော၍ တ ပည့် တော် အ များ ဖြစ် စေ ကြ ပြီး နောက် လု တ္တ ရ မြို့၊ ဣ ကော နိ မြို့၊ အ န္တိ အုတ် မြို့ များ သို့ ပြန် ရောက် ရာ၊ Judson Bible ထိုမြို့၌ ဧဝံဂေလိတရားကို ဟောပြော၍ လူများတို့ကို တပည့်တော်ဖြစ်စေပြီးမှ၊ လုတ္တရမြို့၊ ဣကောနိမြို့၊ အန္တိအုတ်မြို့တို့ကို အစဉ်အတိုင်း လှည့်လည်၍ပြန်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ဒေရဗေမြို့တွင် သတင်းကောင်းကို ဟောပြော၍ တပည့်တော်များစွာ မွေးထုတ်ပြီးနောက် လုတ္တရမြို့၊ ဣကောနိမြို့နှင့် ပိသိဒိပြည်ရှိအန္တိအုတ်မြို့သို့ လှည့်ပြန်ကြ၏။ |
ထို့ကြောင့် သင်တို့သည်သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ သူတို့ကိုဗတ္တိဇံပေးကြလော့။
သူတို့မူကား ပေရဂေမြို့ကိုဖြတ်သွား၍ ပိသိဒိပြည်၊ အန္တိအုတ်မြို့သို့ရောက်ကြပြီးလျှင် ဥပုသ်နေ့၌ ဝတ်ပြုစည်းဝေးကျောင်းထဲသို့ဝင်၍ ထိုင်ကြ၏။
ထိုအခါ ပေါလုနှင့်ဗာနဗတို့သည် ထိုသူတို့တစ်ဖက်၌ ခြေဖဝါးမှမြေမှုန့်ကို ခါချပြီးလျှင် ဣကောနိမြို့သို့ သွားကြ၏။
ပေါလုနှင့်ဗာနဗတို့သည် ဣကောနိမြို့၌လည်း ဂျူးလူမျိုး၏ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ ထိုနည်းတူ ဟောပြောကြရာ ဂျူးလူမျိုးနှင့်ဂရိလူမျိုးအမြောက်အမြားတို့သည် ယုံကြည်ကြ၏။
“မိတ်ဆွေတို့၊ အဘယ်ကြောင့် ဤအရာတို့ကို ပြုကြသနည်း။ ငါတို့သည်လည်း သင်တို့နည်းတူ သာမန်လူသားများဖြစ်ကြပြီး သင်တို့သည် ဤအချည်းနှီးသောအရာများကိုစွန့်ခွာ၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသောအရာအားလုံးတို့ကို ဖန်ဆင်းတော်မူသော အသက်ရှင်သည့်ဘုရားသခင်ထံသို့ ပြောင်းလဲကြရန် သင်တို့အား ကောင်းမြတ်သောသတင်းကိုဟောပြောနေသူများဖြစ်ကြ၏။
ထိုအခါ အန္တိအုတ်မြို့နှင့်ဣကောနိမြို့တို့မှ ဂျူးလူမျိုးတို့သည် ရောက်လာကြပြီး လူထုပရိသတ်များကိုစည်းရုံးကာ ပေါလုကိုခဲနှင့်ပေါက်၍ သူသေပြီဟုထင်မှတ်လျက် မြို့ပြင်သို့ဆွဲထုတ်ကြ၏။
ထိုမြို့မှတစ်ဆင့် ရွက်လွှင့်ကာ ယခု သူတို့ဆောင်ရွက်ပြီးစီးသွားသောအမှုတော်အတွက် ဘုရားသခင်၏ကျေးဇူးတော်၌အပ်နှံခြင်းခံခဲ့ရာအန္တိအုတ်မြို့သို့ ပြန်သွားကြ၏။
တမန်တော်တို့သည် ကြားသိ၍ လုကောနိပြည်ရှိမြို့များဖြစ်ကြသည့် လုတ္တရမြို့၊ ဒေရဗေမြို့နှင့် ဝန်းကျင်ရှိဒေသများသို့ ထွက်ပြေးကာ
လုတ္တရမြို့တွင် ခြေချည့်သောလူတစ်ဦးထိုင်လျက်နေ၏။ သူသည် အမိဝမ်းတွင်းကပင် ခြေမသန်စွမ်းသူဖြစ်လျက် တစ်ခါမျှ လမ်းမလျှောက်ခဲ့ဖူးပေ။
ရက်ပေါင်းအတန်ကြာသောအခါ ပေါလုသည် ဗာနဗအား “သခင်ဘုရား၏နှုတ်ကပတ်တရားကို ငါတို့ဟောပြောခဲ့သောမြို့တိုင်းရှိ ညီအစ်ကိုတို့ထံသို့ ပြန်သွား၍ သူတို့မည်သို့ရှိနေကြသည်ကို ကြည့်ရှုကြကုန်စို့”ဟု ဆို၏။
သူသည် လုတ္တရနှင့်ဣကောနိမြို့ရှိ ညီအစ်ကိုတို့တွင် ဂုဏ်သတင်းကောင်းသောသူဖြစ်၏။
ဘုရားသခင်ကိုချီးမွမ်းလျက် လူအပေါင်းတို့ရှေ့တွင် မျက်နှာရကြ၏။ သခင်ဘုရားသည်လည်း ကယ်တင်ခြင်းခံရသောသူတို့၏အရေအတွက်ကို နေ့စဉ်နှင့်အမျှတိုးပွားစေတော်မူ၏။
အန္တိအုတ်မြို့၊ ဣကောနိမြို့နှင့် လုတ္တရမြို့တို့တွင် ငါ့အပေါ်ကျရောက်ခဲ့သည့် ညှဉ်းဆဲခြင်းနှင့်ဒုက္ခဝေဒနာတို့၌လည်းကောင်း ထက်ကြပ်မကွာပါရှိခဲ့၏။ ထိုကဲ့သို့သော ညှဉ်းဆဲခြင်းများကို ငါခံရသော်လည်း သခင်ဘုရားသည် ထိုအရာအလုံးစုံတို့မှ ငါ့ကိုကယ်နုတ်တော်မူ၏။