ငါ၏ဆင်ခြင်တွေးတောမှုသည် ကိုယ်တော်အတွက် နှစ်သက်ဖွယ်ဖြစ်ပါစေသော။ ငါသည် ထာဝရဘုရား၌ဝမ်းမြောက်မည်။
ဆာလံ 77:12 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏လုပ်ဆောင်တော်မူချက် ရှိသမျှတို့ကိုလည်း အကျွန်ုပ်ဆင်ခြင်အောက်မေ့ပါမည်။ ကိုယ်တော်ပြုတော်မူသောအမှုတို့ကိုလည်း တွေးတောဆင်ခြင်ပါမည်။ Common Language Bible ကိုယ်တော်ရှင်ပြုတော်မူခဲ့သမျှသောအမှုတို့ကို စဉ်းစားပါမည်။ ကိုယ်တော်ရှင်၏ကြီးမြတ်သည့်အမှုတော်တို့ကို ဆင်ခြင်ပါမည်။ Garrad Bible ပြု တော် မူ သ မျှ ကို ဆင် ခြင် ခြင်း၊ စီ ရင် တော် မူ သ မျှ ကို စဉ်း စား ခြင်း ပြု ပါ မည်။ Judson Bible ပြုတော်မူသမျှတို့ကိုဆင်ခြင်၍ စီရင်တော်မူသော အရာတို့ကို မြွက်ဆိုပါမည်။ |
ငါ၏ဆင်ခြင်တွေးတောမှုသည် ကိုယ်တော်အတွက် နှစ်သက်ဖွယ်ဖြစ်ပါစေသော။ ငါသည် ထာဝရဘုရား၌ဝမ်းမြောက်မည်။
ကိုယ်တော့်ထံသို့ သီချင်းဆိုကြလော့။ ကိုယ်တော်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်၏အံ့ဖွယ်သောအမှုရှိသမျှတို့ကို ဆင်ခြင်အောက်မေ့ကြလော့။
ကိုယ်တော်၏အစေအပါး အာဗြဟံ၏အမျိုးအနွယ်၊ ကိုယ်တော်ရွေးကောက်တော်မူသော ယာကုပ်၏သားသမီးတို့၊ ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း၊ ပြုတော်မူသောတန်ခိုးလက္ခဏာများနှင့် နှုတ်တော်ထွက်စီရင်ထုံးဖွဲ့ချက်တို့ကိုလည်းကောင်း အောက်မေ့ကြလော့။
အို ထာဝရဘုရား၊ ရှေးကာလမှ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကို အကျွန်ုပ်အောက်မေ့သောအခါ နှစ်သိမ့်မှုကိုရရှိပါ၏။
အကျွန်ုပ်သည် လွန်ခဲ့သောနေ့ရက်များကို သတိရလျက် ကိုယ်တော်၏လုပ်ဆောင်တော်မူချက်ရှိသမျှတို့ကို ဆင်ခြင်အောက်မေ့ပါ၏။ ကိုယ်တော်၏လက်တော်ဖြင့်ပြုလုပ်သောအရာများကို အကျွန်ုပ်တွေးတောဆင်ခြင်ပါ၏။
သူတို့သည် ကိုယ်တော့်နိုင်ငံ၏ ဘုန်းအသရေတော်အကြောင်းကို ပြောဆိုကြပါလိမ့်မည်။ ကိုယ်တော်၏အစွမ်းတန်ခိုးတော်အကြောင်းကိုလည်း မြွက်ဆိုကြပါလိမ့်မည်။
မျိုးဆက်တစ်ဆက်သည် နောက်မျိုးဆက်တစ်ဆက်အား ကိုယ်တော်ပြုတော်မူသောအမှုတို့ကို ထောမနာပြုပြောဆိုပါလိမ့်မည်။ ကိုယ်တော်၏အစွမ်းတန်ခိုးတော်များ အကြောင်းကိုလည်း ပြောကြားပါလိမ့်မည်။
အကျွန်ုပ်၏လျှာသည်လည်း ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို တစ်နေ့လုံးမြွက်ဆိုပါမည်။ အကြောင်းမူကား အကျွန်ုပ်ဒုက္ခရောက်စေရန် ရှာကြံသောသူတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါပြီ။
ထိုအခါ ကိုယ်တော်သည် မောရှေနှင့်လူမျိုးတော်တို့ခေတ်မှအချိန်ကာလကို အောက်မေ့တော်မူ၏။ သိုးစုကို သိုးထိန်းတို့နှင့်အတူ ပင်လယ်ထဲမှခေါ်ဆောင်လာသောသူကား အဘယ်မှာနည်း။ သူတို့အလယ်၌ သန့်ရှင်းသောဝိညာဉ်တော်ကို ချပေးသောသူကား အဘယ်မှာနည်း။
သင်တို့၏သားသမီးတို့အား ကြိုးစားသွန်သင်ရမည်။ သင်တို့သည် အိမ်၌နေသည်ဖြစ်စေ၊ လမ်းလျှောက်နေသည်ဖြစ်စေ၊ အိပ်နေသည်ဖြစ်စေ၊ ထလျက်နေသည်ဖြစ်စေ ပြောကြားရမည်။
သူတို့ကို မကြောက်နှင့်။ ဖာရောမင်းကြီးနှင့် အီဂျစ်လူမျိုးအပေါင်းတို့၌ သင်၏ဘုရားသခင်ထာဝရဘုရားပြုတော်မူခဲ့သည့်အမှုကိုအောက်မေ့လော့။
သင်ကိုယ်တိုင်တွေ့မြင်ခဲ့ရသည့် ပြင်းထန်သောစုံစမ်းမှုများကိုလည်းကောင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်အမှုများကိုလည်းကောင်း၊ အားကြီးသောလက်နှင့် လက်ရုံးတော်ကို ဆန့်လျက် သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားထုတ်ဆောင်တော်မူခဲ့သည်ကိုလည်းကောင်း အထူးအောက်မေ့ရမည်။ သင်ကြောက်ရွံ့ရသည့်လူမျိုးအပေါင်းတို့ကိုလည်း သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုနည်းတူပြုတော်မူမည်။