လမ်းခရီးတွင် ငါတို့နှင့်ကလေးသူငယ်များအပါအဝင် ပစ္စည်းဥစ္စာများ လုံခြုံမှုရှိစေရန် ဘုရားသခင်ရှေ့တော်၌ ကိုယ်ကိုနှိမ့်ချ၍ အစာရှောင်ဆုတောင်းကြမည့်အကြောင်း အဟာဝမြစ်နားတွင် ငါကြေညာ၏။
ဆာလံ 5:9 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သူတို့၏နှုတ်တွင် တည်ကြည်မှုမရှိပါ။ သူတို့စိတ်ထဲ၌ ယုတ်မာစဉ်းလဲမှုရှိ၍ သူတို့၏လည်ချောင်းသည် ပွင့်နေသောသင်္ချိုင်းတွင်းဖြစ်ပါ၏။ သူတို့၏လျှာသည် မြှောက်ပင့်ပြောဆိုတတ်ပါ၏။ Common Language Bible ကျွန်တော်မျိုး၏ရန်သူများစကားကို အဘယ်အခါ၌ယုံကြည်၍မရပါ။ သူတို့တွင်ဖျက်ဆီးလိုစိတ်သာလျှင်ရှိပါ၏။ သူတို့၏ခံတွင်းသည်ပွင့်လျက်နေသော သင်္ချိုင်းတွင်းနှင့်တူပါ၏။ သူတို့၏လျှာသည်လည်းမြှောက်ပင့်လိမ်လည် လှည့်စားတတ်ပါ၏။ Garrad Bible ထို သူ တို့ နှုတ် ၌ သ စ္စာ မ ရှိ။ အ တွင်း နှ လုံး သည် ဆိုး ယုတ် ခြင်း အ တိ၊ လည် ချောင်း လည်း ပွင့် နေ သော သင်္ချိုင်း သ ဖွယ် ဖြစ် ပါ လျက်၊ လျှာ နှင့် မြှောက် ပင့် တတ် ကြ ပါ ၏။ Judson Bible သူတို့၏နှုတ်တွင် သစ္စာမရှိပါ။ သူတို့နှလုံးသည် အလွန်ဆိုးပါ၏။ သူတို့၏လည်ချောင်းသည် ဖွင့်ထားသောသင်္ချိုင်းတွင်း ဖြစ်ပါ၏။ သူတို့သည် လျှာနှင့် ချော့မော့တတ်ကြ၏။ |
လမ်းခရီးတွင် ငါတို့နှင့်ကလေးသူငယ်များအပါအဝင် ပစ္စည်းဥစ္စာများ လုံခြုံမှုရှိစေရန် ဘုရားသခင်ရှေ့တော်၌ ကိုယ်ကိုနှိမ့်ချ၍ အစာရှောင်ဆုတောင်းကြမည့်အကြောင်း အဟာဝမြစ်နားတွင် ငါကြေညာ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားသွန်သင်ပြသတော်မူပါ။ အကျွန်ုပ်၏ရန်သူတို့ကြောင့် အကျွန်ုပ်ကိုညီညာသောလမ်း၌ပို့ဆောင်တော်မူပါ။
ကိုယ်တော်သည် အတွင်းစိတ်၌မှန်ကန်မှုရှိခြင်းကို နှစ်သက်တော်မူသည်ဖြစ်၍ အကျွန်ုပ်၏အတွင်းနှလုံးသားထဲ၌ ဉာဏ်ပညာကို သွန်သင်ပေးတော်မူ၏။
အို လိမ်လည်ကောက်ကျစ်မှုကိုပြုသောသူ၊ သင်၏လျှာသည် ထက်သောသင်တုန်းဓားကဲ့သို့ ပျက်စီးခြင်းဘေးများကို ကြံစည်တတ်၏။
ထိုသူကို မြင့်သောသူ၏ရာထူးမှ ဆွဲချရန်သာ သူတို့လျှို့ဝှက်ကြံစည်ကြ၏။ သူတို့သည် လိမ်လည်ခြင်းကိုနှစ်သက်ကြ၏။ သူတို့နှုတ်ဖြင့် ကောင်းချီးပေးကြသော်လည်း သူတို့စိတ်ထဲ၌ ကျိန်ဆဲကြ၏။(စေလာ)
အဆင့်အတန်းနိမ့်သောသူတို့သည် အခိုးအငွေ့သာဖြစ်ကြပြီး အဆင့်အတန်းမြင့်သောသူတို့သည် လိမ်လည်ခြင်းသာဖြစ်ကြ၏။ ချိန်ခွင်၌ချိန်လျှင် သူတို့နှစ်မျိုးပေါင်းသည် အခိုးအငွေ့ထက်ပေါ့၏။
သူတို့သည် မတရားမှုများကိုကြံစည်လျက် “ငါတို့သည် ပြည့်စုံသောအကြံအစည်ကို ကြံစည်ကြပြီ”ဟု ဆိုကြ၏။ အကယ်စင်စစ် လူ၏အတွင်းနှလုံးသားသည် နက်လှ၏။
အကျွန်ုပ်ခံရသောကဲ့ရဲ့ပြစ်တင်ခြင်း၊ အရှက်ကွဲခြင်းနှင့် အသရေပျက်ခြင်းတို့ကို ကိုယ်တော်သိပါ၏။ အကျွန်ုပ်၏ရန်သူအပေါင်းတို့သည် ကိုယ်တော်၏ရှေ့မှောက်၌ရှိကြပါ၏။
မိမိ၏အိမ်နီးချင်းကိုမြှောက်ပင့်ပြောဆိုသောသူသည် မိမိခြေလှမ်းမည့်နေရာတွင် ပိုက်ကွန်ဖြန့်ထားသောသူဖြစ်၏။
ဖြောင့်မတ်သောသူသွားရာလမ်းခရီးသည် ညီညာ၏။ အို ဖြောင့်မတ်တော်မူသောအရှင်၊ ကိုယ်တော်သည် ဖြောင့်မတ်သောသူသွားရာလမ်းကို ဖြောင့်ဖြူးစေတော်မူ၏။
စိတ်နှလုံးသည် အရာအားလုံးထက် စဉ်းလဲ၏။ ကုသ၍မရသောရောဂါဖြစ်၏။ စိတ်နှလုံးသဘောကို မည်သူနားလည်နိုင်သနည်း။
အို ဂျေရုဆလင်မြို့၊ ကယ်တင်ခြင်းခံရရန် ဆိုးညစ်သောသင်၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေလော့။ ယုတ်ညံ့သောအကြံအစည်များကို သင့်စိတ်ထဲ၌ မည်မျှကြာအောင် ရှိနေစေမည်နည်း။
မြို့သားသူဌေးတို့သည် ရက်စက်ကြမ်းကြုတ်ကြ၏။ မြို့သူမြို့သားတို့သည် အလိမ်အညာစကားကိုသာ ပြောတတ်ကြ၏။ သူတို့၏လျှာသည် လိမ်လည်လှည့်စားသောစကားကိုသာ ဆိုတတ်ကြ၏။
သခင်ဘုရားကလည်း“သင်တို့ဖာရိရှဲများသည် ခွက်နှင့်လင်ပန်းတို့၏အပြင်ဘက်ကို စင်ကြယ်စေကြသော်လည်း သင်တို့အတွင်း၌ကား မတရားလုယူခြင်းနှင့်ဆိုးညစ်ခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိ၏။
သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် မထင်ရှားသော သင်္ချိုင်းဂူများနှင့်တူကြ၏။ လူတို့သည် ၎င်းအပေါ်မှာ မသိဘဲ သွားလာတတ်ကြ၏”ဟု မိန့်တော်မူ၏။
သူတို့၏လည်ချောင်းသည် ဖွင့်ထားသောသင်္ချိုင်းတွင်းဖြစ်ကြ၏။ သူတို့သည် မိမိတို့လျှာဖြင့် လိမ်လည်ပြောဆိုတတ်ကြ၏။ သူတို့၏နှုတ်ခမ်းအောက်၌ မြွေဆိုး၏အဆိပ်အတောက်ရှိ၏။
အကြောင်းမူကား သင်တို့သိကြသည့်အတိုင်း ငါတို့သည် မြှောက်ပင့်သောစကားကို တစ်ကြိမ်တစ်ခါမျှမသုံး၊ လောဘစိတ်ဖြင့်ဟန်ဆောင်ခြင်းလည်းမရှိခဲ့ပေ။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ဘုရားသခင်သည် ငါတို့၏သက်သေဖြစ်တော်မူ၏။