အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါ၏။ အကျွန်ုပ်ထံသို့ အလျင်အမြန်ကြွလာတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကိုခေါ်သောအခါ အကျွန်ုပ်၏အသံကိုစူးစိုက်နားထောင်တော်မူပါ။
ဆာလံ 38:22 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်ကိုကယ်တင်တော်မူသောဘုရားရှင်၊ အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။ Common Language Bible ကျွန်တော်မျိုးကိုကယ်တင်မူသောဘုရားရှင်၊ ယခုပင်ကျွန်တော်မျိုးကိုကူမတော်မူပါ။ Garrad Bible အ ကျွန်ုပ် ကို ကယ် တင် တော် မူ သော အို အ ရှင် ဘု ရား၊ အ မြန် ကြွ၍ မ စ တော် မူ ပါ။ Judson Bible အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရားရှင်၊ အကျွန်ုပ်ကိုမစခြင်းငှာ အလျင်အမြန် ကြွလာတော်မူပါ။ |
အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခေါ်ပါ၏။ အကျွန်ုပ်ထံသို့ အလျင်အမြန်ကြွလာတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်ကိုခေါ်သောအခါ အကျွန်ုပ်၏အသံကိုစူးစိုက်နားထောင်တော်မူပါ။
များစွာသောနွားထီးတို့သည် အကျွန်ုပ်ကိုဝိုင်းထားကြပြီး ဗာရှန်နွားလားတို့သည် အကျွန်ုပ်ကိုဝိုင်းရံထားကြပါ၏။
ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရမည်နည်း။ ထာဝရဘုရားသည် ငါ့အသက်၏ မှီခိုရာဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရွံ့ရမည်နည်း။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုကယ်နုတ်ရန် အလိုရှိတော်မူပါ။ အို ထာဝရဘုရား၊ အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။
အကျွန်ုပ်မူကား အဖိနှိပ်ခံရသောသူ၊ နွမ်းပါးသောသူဖြစ်ပါ၏။ ဘုရားရှင်သည် အကျွန်ုပ်အတွက်စဉ်းစားပေးတော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ကိုကူညီမစသောအရှင်၊ အကျွန်ုပ်ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ အကျွန်ုပ်၏ဘုရားသခင်၊ နှောင့်နှေးတော်မမူပါနှင့်။
ကိုယ်တော်သာလျှင် ငါ၏ကျောက်ဆောင်၊ ငါ့ကိုကယ်တင်သောအရှင်၊ ငါ၏ခိုကိုးရာဖြစ်တော်မူ၏။ ငါသည် လွန်စွာတုန်လှုပ်လိမ့်မည်မဟုတ်။
ကိုယ်တော်သာလျှင် ငါ၏ကျောက်ဆောင်၊ ငါ့ကိုကယ်တင်သောအရှင်၊ ငါ၏ခိုကိုးရာဖြစ်တော်မူ၏။ ငါသည် တုန်လှုပ်လိမ့်မည်မဟုတ်။
အို ဘုရားသခင်၊ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အို ထာဝရဘုရား၊ အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။
အကျွန်ုပ်မူကား အဖိနှိပ်ခံရသောသူ၊ နွမ်းပါးသောသူဖြစ်ပါ၏။ အို ဘုရားသခင်၊ အကျွန်ုပ်ထံသို့ အလျင်အမြန်ကြွလာတော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကိုကူညီမစသောအရှင်၊ အကျွန်ုပ်ကိုကယ်တင်သောအရှင်ဖြစ်ပါ၏။ အို ထာဝရဘုရား၊ နှောင့်နှေးတော်မမူပါနှင့်။
အို ဘုရားသခင်၊ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကိုကူညီမစရန် အလျင်အမြန်ကြွလာတော်မူပါ။
ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်ကိုးစားမည်။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ခွန်အား၊ ငါ၏တေးသီချင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏”ဟု ဆိုလိမ့်မည်။