အို အီဂျစ်ပြည်၊ ကိုယ်တော်သည် နိမိတ်လက္ခဏာများနှင့်တန်ခိုးလက္ခဏာတို့ကို သင်၏အလယ်၊ ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းအပေါင်းတို့အပေါ် ကျရောက်စေတော်မူ၏။
ဆာလံ 136:15 - မြန်မာ့စံမီသမ္မာကျမ်း ဖာရောမင်းကြီးနှင့်သူ၏တပ်ကိုမူကား ပင်လယ်နီထဲ၌ လှဲချတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။ Common Language Bible ကိုယ်တော်သည်ဖာရောဘုရင်နှင့်သူ၏တပ်မတော်ကို ရေနစ်သေဆုံးစေတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။ Garrad Bible က ရု ဏာ တော် သည် ကာ လ အ စဉ် တည်၍၊ ဖာ ရော ဘု ရင် နှင့် ဗိုလ် ခြေ တို့ ကို ပင် လယ် နီ ထဲ၌ ဖြို လှဲ တော် မူ ထ သော၊ Judson Bible ကရုဏာတော် အစဉ်အမြဲ တည်သည်ဖြစ်၍၊ ဖာရောမင်းနှင့် ဗိုလ်ခြေများကို ဧဒုံပင်လယ်ထဲ၌ လှဲချတော်မူထသော၊ |
အို အီဂျစ်ပြည်၊ ကိုယ်တော်သည် နိမိတ်လက္ခဏာများနှင့်တန်ခိုးလက္ခဏာတို့ကို သင်၏အလယ်၊ ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းအပေါင်းတို့အပေါ် ကျရောက်စေတော်မူ၏။
အကျွန်ုပ်သည် ကိုယ်တော်၏အစေအပါး ဖြစ်သောကြောင့် ကိုယ်တော်၏မေတ္တာကရုဏာတော်အားဖြင့် အကျွန်ုပ်၏ရန်သူတို့ကို ဖယ်ရှားသုတ်သင်တော်မူပါ။ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ရန်ဖက်ပြုသောသူအားလုံးကိုလည်း ဖျက်ဆီးတော်မူပါ။
အကျွန်ုပ်တို့ကိုကယ်တင်တော်မူသောဘုရားသခင်၊ ကိုယ်တော်သည် အံ့ဩဖွယ်အမှုများဖြင့် ဖြောင့်မတ်ခြင်းထဲ၌ အကျွန်ုပ်တို့ကိုထူးတော်မူ၏။ ကိုယ်တော်သည် ကမ္ဘာမြေအစွန်းရှိသမျှနှင့် ဝေးလံသောပင်လယ်၌နေသောသူတို့၏ ကိုးစားရာဖြစ်တော်မူ၏။
ကိုယ်တော်သည် သူတို့ကို ဘေးကင်းလုံခြုံစွာပို့ဆောင်တော်မူသဖြင့် သူတို့သည် မကြောက်ကြရပေ။ သို့သော် ပင်လယ်ရေသည် သူတို့၏ရန်သူများကို ဖုံးလွှမ်းခဲ့၏။