အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ကျေးဇူးတော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းပါမည်။ ဘုရားများရှေ့၌ ကိုယ်တော်ကို သီဆိုချီးမွမ်းပါမည်။
ဆာလံ 119:46 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို ရှင်ဘုရင်များရှေ့တွင်ပြောကြားပါမည်။ အကျွန်ုပ်သည် အရှက်ကွဲရလိမ့်မည်မဟုတ်ပါ။ Common Language Bible ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ဆုံးမသွန်သင်ခက်မားကိုဘုရင်တို့ရှေ့တွင် ဖော်ပြကြေညာပါမည်။ ကွန်တော်မျိုးသည်အရှက်တကွဲဖြစ်ရလိမ့်မည် မဟုတ်ပါ။ Garrad Bible သက် သေ ခံ တော် မူ ချက် များ ကို ဘု ရင် မင်း တို့ ရှေ့၊ ရှက် ကြောက် ခြင်း မ ရှိ ဘဲ ကြား ပြော ပါ မည်။ Judson Bible သက်သေခံတော်မူချက်တို့ကို မင်းများထံမှာ ပြန်ပြော၍၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ပါလိမ့်မည်။ |
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ကျေးဇူးတော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းပါမည်။ ဘုရားများရှေ့၌ ကိုယ်တော်ကို သီဆိုချီးမွမ်းပါမည်။
အကြောင်းမူကား ဖောက်ပြန်၍ အပြစ်နှင့်ပြည့်နေသော ဤခေတ်ကာလ၌ မည်သူမဆို ငါနှင့်ငါ့စကားအတွက်ရှက်လျှင် လူ့သားသည်လည်း သန့်ရှင်းသောကောင်းကင်တမန်များနှင့်အတူ မိမိခမည်းတော်၏ဘုန်းအသရေကိုဆောင်လျက် ကြွလာသောအခါ ထိုသူအတွက်ရှက်လိမ့်မည်”ဟု မိန့်တော်မူ၏။
ငါသည် ကောင်းမြတ်သောသတင်းအတွက် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ဤသတင်းသည် ဦးစွာဂျူးလူမျိုး ထို့နောက် ဂရိလူမျိုးအပါအဝင် ယုံကြည်သောသူအပေါင်းတို့အား ကယ်တင်ခြင်းရရှိစေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။
ငါသည် မည်သည့်အရာ၌မျှ ရှက်ကြောက်ခြင်းမရှိဘဲ ခါတိုင်းကဲ့သို့ ယခုအခါတွင်လည်း ရဲရင့်ခြင်းအပြည့်အဝရှိလျက် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ငါ၏ကိုယ်ခန္ဓာအားဖြင့် ခရစ်တော်သည် ချီးမွမ်းခြင်းခံရမည့်အကြောင်း မျှော်လင့်တောင့်တ၏။
သခင်ဘုရားသည် ဩနေသိဖော်၏မိသားစုအပေါ် ကရုဏာသက်တော်မူပါစေသော။ အဘယ်ကြောင့်ဆိုသော် သူသည် ငါ့ကို အကြိမ်ကြိမ်နှစ်သိမ့်လန်းဆန်းစေပြီး သံကြိုးဖြင့် ငါချည်နှောင်ထားခြင်းခံရသည်ကို ရှက်ကြောက်ခြင်းမရှိဘဲ
ထို့ကြောင့် ငါတို့၏သခင်ဘုရားအကြောင်း သက်သေခံသည်ကိုလည်းကောင်း၊ ငါသည် ကိုယ်တော်အတွက် အကျဉ်းသားဖြစ်သည်ကိုလည်းကောင်း ရှက်ကြောက်ခြင်းမရှိဘဲ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ကောင်းမြတ်သောသတင်းအတွက် ငါနှင့်အတူဆင်းရဲဒုက္ခကိုခံလော့။
ထို့ကြောင့် သားသမီးတို့၊ ငါတို့သည် ကိုယ်တော်ပေါ်ထွန်းတော်မူသောအခါ ယုံကြည်စိတ်ချမှုရှိ၍ ကိုယ်တော်ကြွလာတော်မူသည့်အချိန်တွင် ရှေ့တော်၌ ရှက်ကြောက်ခြင်းမရှိစေရန် ကိုယ်တော်၌တည်နေကြလော့။