ယေရမိက စရာယအား “ဘေဘီလုံမြို့သို့ ရောက်သောအခါ သင်သည် ဤစာကို အကုန်အစင်သေသေချာချာဖတ်ပြပြီးလျှင်
ကောလောသဲ 4:16 - မြန်မာ့စံမီသမ္မာကျမ်း ဤစာကို သင်တို့ဖတ်ပြီးသောအခါ လောဒိကိမြို့၌ရှိသောအသင်းတော်ကိုလည်း ဖတ်စေကြလော့။ ထို့အတူ လောဒိကိအသင်းတော်မှရလာသောစာကိုလည်း သင်တို့ဖတ်ကြလော့။ Common Language Bible ဤစာကိုသင်တို့အသင်းတော်ဝင်တို့အားဖတ် ပြပြီးသောအခါ လောဒိကိအသင်းတော်ဝင် တို့အားလည်းဖတ်စေကြလော့။ လောဒိကိ အသင်းတော်မှတစ်ဆင့်ပေးပို့မည့်စာကိုလည်း သင်တို့ဖတ်ရှုကြလော့။- Garrad Bible ဤ စာ ကို သင် တို့ ဖတ် ပြီး နောက် လော ဒိ ကိ အ သင်း တော် ဖတ် စေ ကြ လော့။ ထို အ သင်း တော် တ ဆင့် ပို့ လိုက် မည့် စာ ကို လည်း သင် တို့ နှင့် ဖတ် ကြ လော့။ Judson Bible ဤစာကို သင်တို့သည် ဖတ်ပြီးမှ လောဒိကိမြို့ အသင်းတော်ကို ဖတ်စေကြလော့။ ထိုမြို့မှရသော စာကိုလည်း သင်တို့ဖတ်ကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤစာကို သင်တို့ ဖတ်ပြီးနောက် လောဒိကိမြို့ရှိ အသင်းတော်ကိုလည်း ဖတ်စေကြလော့။ လောဒိကိမြို့ရှိ အသင်းတော်ထံသို့ ကျွန်ုပ်ရေးလိုက်သည့် စာကိုလည်း သင်တို့ ဖတ်ကြလော့။ |
ယေရမိက စရာယအား “ဘေဘီလုံမြို့သို့ ရောက်သောအခါ သင်သည် ဤစာကို အကုန်အစင်သေသေချာချာဖတ်ပြပြီးလျှင်
ငါသည် သင်တို့နှင့် လောဒိကိမြို့တွင်ရှိသောသူတို့မှစ၍ ငါ့ကို လူချင်းမမြင်ဖူးသောသူတို့အတွက် မည်မျှလောက်ရုန်းကန်ကြိုးစားနေသည်ကို သင်တို့အား သိစေလိုပါ၏။
အမှန်စင်စစ် သူသည် သင်တို့မှစ၍ လောဒိကိမြို့နှင့်ဟေရပေါလိမြို့၌ရှိသောသူတို့အတွက် အလွန်ပင်ပန်းစွာကြိုးစားလျက်ရှိကြောင်း ငါသက်သေခံ၏။
လောဒိကိမြို့၌ရှိသောညီအစ်ကိုများကိုလည်းကောင်း၊ နုံဖနှင့် သူ၏အိမ်၌စုဝေးသောအသင်းတော်ကိုလည်းကောင်း နှုတ်ဆက်ပေးကြလော့။
ဤစာကို ညီအစ်ကိုအားလုံးတို့ရှေ့၌ဖတ်ကြားရန် သခင်ဘုရား၌ သင်တို့ကို အလေးအနက်ငါအမိန့်ပေး၏။
တစ်စုံတစ်ယောက်သည် ဤစာအားဖြင့် ငါတို့မှာကြားသောစကားကိုနားမထောင်လျှင် ထိုသူအား အရှက်ရစေရန် သူ့ကိုမှတ်ထားလျက် သူနှင့်အပေါင်းအဖော်မပြုကြနှင့်။