အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ကော​လော​သဲ 1:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယခင်​က သင်​တို့​သည် ဆိုးညစ်​သော​အမှု​များ​ကို​ပြု​ခြင်း​အားဖြင့် ဘုရားသခင်​နှင့်​ကင်းကွာ​လျက် စိတ်နှလုံး​၌​ရန်သူ​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

အ​ခါ​တစ်​ပါး​က​သင်​တို့​သည်​ဘု​ရား​သ​ခင် နှင့်​ဝေး​ကွာ​လျက်​နေ​ခဲ့​ကြ​၏။ သင်​တို့​သည် မိ​မိ​တို့​၏​ဆိုး​ညစ်​သည့်​အ​ကျင့်​အ​ကြံ​များ ကြောင့်​ကိုယ်​တော်​နှင့်​ရန်​ဘက်​ဖြစ်​ခဲ့​ကြ​ပေ​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

အ ထက် က အ ဆိုး အ သွမ်း ပြု ခြင်း ဖြင့် စိတ် သ ဘော စိမ်း ကား လျက် ရန် သူ ဖြစ် သော သင် တို့ ကို လည်း၊

အခန်းကိုကြည့်ပါ။

Judson Bible

အ​ထက်​က ဘု​ရား​သ​ခင်​နှင့်​ကွာ​ရှင်း၍၊ ဆိုး​ညစ်​သော​အ​ကျင့်​ကို ကျင့်​သ​ဖြင့် စိတ်​နှ​လုံး၌ ရန်​သူ​ဖြစ်​သော သင်​တို့​ကို၊ ကိုယ်​ခ​န္ဓာ​တော်၌ အ​သေ​ခံ​တော်​မူ​သော အား​ဖြင့်၊ ယ​ခု မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

တစ်ချိန်က သင်တို့​သည် ဘုရားသခင်​နှင့် ကင်းကွာ​ပြီး စိတ်နှလုံးသား​ထဲ၌ ကိုယ်တော်​ကို ရန်ဘက်ပြု​၍ ဆိုးရွား​စွာ ပြုမူနေထိုင်ခဲ့ကြ၏။

အခန်းကိုကြည့်ပါ။



ကော​လော​သဲ 1:21
14 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ အပြစ်တင်စရာမရှိ​အောင်​နေ​၍ ကိုယ့်​ဒုစရိုက်​ကို ကိုယ်​ရှောင်ကြဉ်​ပါ​၏​။


ရုပ်တု​များ​ကြောင့် ငါ​နှင့်​ဝေးကွာ​သွား​သော အစ္စရေး​လူမျိုး​အပေါင်း​တို့​၏​နှလုံးသား​ကို ငါ​ပြန်လည်​ဆွဲယူ​မည်​ဟူ၍ မိန့်​တော်မူ​သည်​’​ဟု ဆင့်ဆို​လော့​။


ပုတ်ခတ်​ပြောဆို​သော​သူ၊ ဘုရားသခင်​ကို​မုန်း​သော​သူ၊ မိုက်ရိုင်း​သော​သူ၊ မာန​ထောင်လွှား​သော​သူ၊ ကြွားဝါ​သော​သူ၊ မကောင်း​သော​အမှု​များ​ကို တီထွင်​ကြံစည်​သော​သူ၊ မိဘ​စကား​ကို​နားမထောင်​သော​သူ၊


ထို​အချိန်​က သင်​တို့​သည် ခရစ်တော်​နှင့်​ကင်းကွာ​၍ အစ္စရေး​အမျိုးသား​စာရင်း​မ​ဝင်၊ ကတိ​တော်​နှင့်ဆိုင်သော​ပဋိညာဉ်​များ​နှင့်​မသက်ဆိုင်၊ ဤ​လောက​၌​မျှော်လင့်​ခြင်း​မ​ရှိ၊ ဘုရား​မဲ့​လျက်​နေ​ခဲ့​ကြ​၏။


စည်းမျဉ်း​များ​ပါ​သည့် ပညတ်​ချက်​တို့​နှင့်ဆိုင်သော​ပညတ်​တရား​ကို မိမိ​ကိုယ်ခန္ဓာ​တော်​အားဖြင့် ပယ်ဖျက်​တော်မူ​၏။ ဤသည်ကား လူ​နှစ်​မျိုး​ကို မိမိ​၌ တစ်မျိုးတည်း​သော​လူ​သစ်​အဖြစ် ဖန်ဆင်း​လျက် သင့်မြတ်​ငြိမ်းချမ်း​ခြင်း​ကို​ဖြစ်​စေ​ကာ


ထို့ကြောင့် သင်​တို့​သည် လူမျိုးခြား​များ​နှင့်​သူစိမ်း​ဧည့်သည်​များ​မ​ဟုတ်​တော့​ဘဲ သန့်ရှင်း​သူ​တို့​နှင့်​တစ်​မျိုးသား​တည်း​ဖြစ်​ကြ​ပြီး ဘုရားသခင်​၏​အိမ်သူအိမ်သား​များ​ဖြစ်​ကြ​၏။


ထို​သူ​တို့​သည် မိမိ​တို့​စိတ်နှလုံး​မာကျော​မှု​နှင့် သူ​တို့​ထဲ၌​ရှိ​သည့် မသိနားမလည်​မှု​တို့​ကြောင့် အသိဉာဏ်​အမှောင်​ဖုံး​၍ ဘုရားသခင်​၏​အသက်​နှင့်​ကင်းကွာ​လျက်​ရှိ​ကြ​၏။


ဖောက်ပြန်​သော​သူ​တို့၊ လောက​နှင့်​မိတ်ဖွဲ့​ခြင်း​သည် ဘုရားသခင်​ကို​ရန်ဘက်​ပြု​ခြင်း​ဖြစ်​ကြောင်း သင်​တို့​မ​သိ​ကြ​သလော။ ထို့ကြောင့် လောက​၏​မိတ်ဆွေ​ဖြစ်​လို​သော​သူ​သည် ဘုရားသခင်​၏​ရန်သူ​ဖြစ်​၏။