ရေလွှမ်းမိုးမှုသည် မြေကြီးပေါ်မှာ အရက်လေးဆယ်ပတ်လုံးဖြစ်ပွား၏။ ရေသည် တိုးလာ၍ သင်္ဘောကိုပင့်မသဖြင့် သင်္ဘောသည် မြေကြီးပေါ်မှကွာမြောက်လေ၏။
ကမ္ဘာဦး 7:12 - မြန်မာ့စံမီသမ္မာကျမ်း အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာ မိုးရွာလေ၏။ Common Language Bible ကမ္ဘာမြေကြီးတွင်အရက်လေးဆယ်ကြာမျှ နေ့ညမပြတ်မိုးရွာသွန်းလေ၏။- Garrad Bible အ ရက် လေး ဆယ် ပတ် လုံး နေ့ ညဉ့် မ ပြတ် မြေ ကြီး ပေါ် မှာ မိုး သည်း စွာ ရွာ လေ ၏။ Judson Bible အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာမိုးရွာလေ၏။ |
ရေလွှမ်းမိုးမှုသည် မြေကြီးပေါ်မှာ အရက်လေးဆယ်ပတ်လုံးဖြစ်ပွား၏။ ရေသည် တိုးလာ၍ သင်္ဘောကိုပင့်မသဖြင့် သင်္ဘောသည် မြေကြီးပေါ်မှကွာမြောက်လေ၏။
အကြောင်းမူကား နောက်ခုနစ်ရက်ပြည့်လျှင် ငါသည် အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်တွင်မိုးရွာစေ၍ ငါဖန်ဆင်းသောသတ္တဝါအပေါင်းတို့ကို မြေပြင်ပေါ်မှ ငါသုတ်သင်ပယ်ရှင်းမည်”ဟု မိန့်တော်မူ၏။
နက်ရှိုင်းရာအရပ်မှရေထွက်ပေါက်များနှင့် မိုးကောင်းကင်ရေတံခါးများကိုပိတ်၍ ကောင်းကင်မှမိုးကိုလည်း စဲစေတော်မူ၏။
ထို့ကြောင့် သူသည် ထ၍စားသောက်၏။ ထိုအစားအစာကြောင့် အားပြည့်လာပြီး ဟောရပ်ဟူသောဘုရားသခင်၏တောင်သို့ ရက်လေးဆယ်ပတ်လုံးခရီးဆက်၍
မောရှေသည် တိမ်တိုက်ထဲသို့ဝင်၍ တောင်ပေါ်သို့တက်သွားပြီးလျှင် ထိုတောင်ပေါ်၌ ရက်ပေါင်းလေးဆယ်နေလေ၏။
ငါသည် ယခင်ကဲ့သို့ အရက်လေးဆယ်ပတ်လုံး တောင်ပေါ်၌ နေခဲ့၏။ ထိုအချိန်၌လည်း ထာဝရဘုရားသည် ငါ့စကားကို နားညောင်းတော်မူ၍ သင်တို့ကို မဖျက်ဆီးလိုတော့ပေ။
ထာဝရဘုရားအမျက်ထွက်စေရန် မျက်မှောက်တော်၌ မကောင်းမှုကိုပြုခြင်းဖြင့် သင်တို့ကျူးလွန်သည့်အပြစ်ရှိသမျှတို့ကြောင့် ငါသည် အစာမစား၊ ရေလည်းမသောက်ဘဲ ယခင်ကဲ့သို့ အရက်လေးဆယ်ပတ်လုံး ထာဝရဘုရားရှေ့မှောက်၌ပျပ်ဝပ်လျက်နေ၏။
သင်တို့နှင့်ထာဝရဘုရားဖွဲ့တော်မူခဲ့သောပဋိညာဉ်ပါရှိသည့်ကျောက်ပြားတို့ကို ခံယူရန် တောင်ပေါ်သို့ငါတက်သွားသောအခါ ငါသည် အစာမစား၊ ရေမသောက်ဘဲ ထိုတောင်ပေါ်၌ အရက်လေးဆယ်ပတ်လုံး နေခဲ့၏။
ထိုအချိန်က ကမ္ဘာသည် ရေလွှမ်းမိုးခြင်းခံရလျက် ရေအားဖြင့် ပျက်စီးခြင်းသို့ရောက်ခဲ့သည်ဟူသောအချက်ကို သူတို့သည် တမင်မေ့လျော့ထားလိုကြ၏။